
Unicode

အိမ်မွေးခွေးလေးအဖော်ရစေရန် ပုံစံတူခွေးရုပ်ပုံလေးအား သူမရဲ့ခွေးလေး၏အမွှေးများနှင့်အတူ ချည်ထိုးခြင်းဖြင့် ဖန်တီးပေးခဲ့သော အမျိုးသမီး

လူတို့သည် အများစုမှာ အိမ်မွေးတိရစ္ဆာန်များ မွေးထားကြပြီး သူတို့လေးတွေအား သားသမီးများသဖွယ် ဂရုတစိုက်ချစ်ပေးကြသည်။

ယခုအခါတွင်လည်း နယ်သာလန်မြို့ရှိ အမ်စတာဒမ်မှ Gooskensအမည်ရှိသော အသက် ၃၂နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် အိမ်မွေးတိရစ္ဆာန်အဖြစ် ချစ်စရာကောင်းသော ခွေးလေးတစ်ကောင်အား မွေးစားထားခဲ့သည်။

အမျိုးသမီးသည် ခွေးလေးနာမည်အား Wolfieဟု အမည်ပေးထားပြီး ခွေးလေးမှာ အမွှေးဖွားဖွားလေးနှင့် ရွှေဝါရောင်လေးဖြစ်ပြီး ချစ်စရာကောင်းနေသည်။

ထိုသို့မွေးစားထားပြီး ၂ နှစ် အကြာမှာတော့ အမျိုးသမီးသည် ခွေးလေး Wolfie အား အဖော်ရစေရန်အကြံတစ်ခုစဉ်းစားမိရာ ခွေးလေး၏ အမွှေးများနှင့် အပ်ချည်ထိုးနည်းကို အသုံးပြုပြီး ခွေးပေါက်အရုပ်လေးတစ်ကောင်အား ကိုယ်ပိုင်ဟန်ဖြင့် ဖန်တီးပေးခဲ့သည်။

အမျိုးသမီးသည် ခွေးပေါက်ရုပ်လေးအား ၃နာရီကြာသည်ထိ ပြုလုပ်ခဲ့ရပြီး Diddyဟု အမည်ပေးထားလိုက်သည်။ထို့နောက် Wolfieလေး ဘယ်သွားသွား ခွေးပေါက်ရုပ်လေးအား အမြဲယူဆောင်သွားပေးခဲ့သည်။

Wolfieလေးကတော့ ခွေးပေါက်ရုပ်လေးနှင့်အတူ အတူသွား အတူစားပြီး အတူဆော့ကစားရခြင်းကို အရမ်း သဘောကျနေခဲ့သည်။

crd

Zawgyi








crd