ေခြးေလးေတြအတြက္ ဇိမ္ခံပစၥည္းေတြအျပည့္အစုံပါတဲ့အဆင့္ျမင့္ႏွစ္ထပ္အိမ္တစ္လုံးေဆာက္လုပ္ေပးခဲ့တဲ့ အမ်ိဳးသား

Unicode

တရုတ်နိုင်ငံရှိ အမျိုးသားတစ်ဦးဟာ သူ့ရဲ့အချစ်တော်ခွေးလေးတွေအတွက် ဇိမ်ခံပစ္စည်းတွေအပြည့်ပါတဲ့အဆင်မြင့်နှစ်ထပ်အိမ်ကိုဆောက်လပ်ပေးခဲ့ပါတယ်။

တရုတ် Social media မှာ တင်ထားတဲ့ ဗီဒီယိုထဲကအရ အဆိုပါအမျိုးသား ဆောက်လုပ်ပေးထားတဲ့ အထူးနှစ်ထပ်ခွေးအိမ်ထဲမှ ာအပြည့်အဝအလုပ်လုပ်ပေးနိုင်တဲ့လေအေးပေးစက်တစ်လုံးတပ်ဆင်ထားတဲ့အပြင် နေရောင်ခြည်စွမ်းအင်ကိုသုံးပြီး ခြင်တွေကိုသတ်ပေးနိုင်တဲ့စက် နဲ့ အပြည့်အဝလည်ပတ်နေတဲ့ရေနုတ်မြောင်းစနစ်ကိုပါ တပ်ဆင်ထားပါသေးတယ်။

အဆိုပါအမျိုးသားဟာ ခွေးအိမ်ထဲက ဘယ်လိုလျှပ်စစ်ပစ္စည်းတွေထဲကိုမဆိုလုံခြုံရေးကိရိယာတွေထည့်သွင်းပေးထားပြီးခွေးလေးတွေအတွက် အလိုအလျောက်အစားကျွေးပေးတဲ့စက်ပါ ထည့်သွင်းပေးထားပါသေးတယ်။AsianCrush မှမျှဝေတဲ့ဗီဒီယိုမှာတွေ့ရတဲ့အတိုင်း ခွေးလေးတွေက ညနေပိုင်းရေချိုးခန်းသွားချင်ခဲ့ရင်တော့ အိမ်တွင်းမှာလည်း မီးအလင်းရောင်တွေ ပါရှိနေပါတယ်။

ဒီအဆင့်မြင့်ခွေးအိမ်ရဲ့အခြားသာယာအဆင်ပြေမှုတွေကတော့ ရေကူးကန်၊လုံခြုံရေးကိုစီမံပေးတဲ့စက်ရုပ်တစ်လုံး၊ရုပ်ရှင်ကြည့်တဲ့နေရာ၊ spa အခန်းငယ်တစ်ခန်း၊ ငရုတ်သီး နဲ့ Wasabi မှုန့်တွေကိုသန့်ရှင်းပေးတဲ့စက်ရုပ် တို့ဘဲ ဖြစ်ပါတယ်။

ခွေးလေးတွေက ကစားတာ ဒါမှမဟုတ် ကိုက်ဖြတ်တာတွေလုပ်ခဲ့ရင် သန့်ရှင်းရေးစက်ရုပ်က တားဆီးပေးလိမ့်မယ်လို့ အဆိုပါအမျိုးသားက ဆိုထားပါသေးတယ်။ခွေးလေးတွေကတော့ ချစ်တတ်လွန်းတဲ့သခင်ကို ပိုင်ဆိုင်ထားရတော့ အတော်လေးစိတ်ချမ်းသာနေပုံပါဘဲ။

crd

Zawgyi

တ႐ုတ္ႏိုင္ငံရွိ အမ်ိဳးသားတစ္ဦးဟာ သူ႔ရဲ႕အခ်စ္ေတာ္ေခြးေလးေတြအတြက္ ဇိမ္ခံပစၥည္းေတြအျပည့္ပါတဲ့အဆင္ျမင့္ႏွစ္ထပ္အိမ္ကိုေဆာက္လပ္ေပးခဲ့ပါတယ္။

တ႐ုတ္ Social media မွာ တင္ထားတဲ့ ဗီဒီယိုထဲကအရ အဆိုပါအမ်ိဳးသား ေဆာက္လုပ္ေပးထားတဲ့ အထူးႏွစ္ထပ္ေခြးအိမ္ထဲမွ ာအျပည့္အဝအလုပ္လုပ္ေပးႏိုင္တဲ့ေလေအးေပးစက္တစ္လုံးတပ္ဆင္ထားတဲ့အျပင္ ေနေရာင္ျခည္စြမ္းအင္ကိုသုံးၿပီး ျခင္ေတြကိုသတ္ေပးႏိုင္တဲ့စက္ နဲ႔ အျပည့္အဝလည္ပတ္ေနတဲ့ေရႏုတ္ေျမာင္းစနစ္ကိုပါ တပ္ဆင္ထားပါေသးတယ္။

အဆိုပါအမ်ိဳးသားဟာ ေခြးအိမ္ထဲက ဘယ္လိုလွ်ပ္စစ္ပစၥည္းေတြထဲကိုမဆိုလုံၿခဳံေရးကိရိယာေတြထည့္သြင္းေပးထားၿပီးေခြးေလးေတြအတြက္ အလိုအေလ်ာက္အစားေကြၽးေပးတဲ့စက္ပါ ထည့္သြင္းေပးထားပါေသးတယ္။AsianCrush မွမွ်ေဝတဲ့ဗီဒီယိုမွာေတြ႕ရတဲ့အတိုင္း ေခြးေလးေတြက ညေနပိုင္းေရခ်ိဳးခန္းသြားခ်င္ခဲ့ရင္ေတာ့ အိမ္တြင္းမွာလည္း မီးအလင္းေရာင္ေတြ ပါရွိေနပါတယ္။

ဒီအဆင့္ျမင့္ေခြးအိမ္ရဲ႕အျခားသာယာအဆင္ေျပမႈေတြကေတာ့ ေရကူးကန္၊လုံၿခဳံေရးကိုစီမံေပးတဲ့စက္႐ုပ္တစ္လုံး၊႐ုပ္ရွင္ၾကည့္တဲ့ေနရာ၊ spa အခန္းငယ္တစ္ခန္း၊ င႐ုတ္သီး နဲ႔ Wasabi မႈန႔္ေတြကိုသန႔္ရွင္းေပးတဲ့စက္႐ုပ္ တို႔ဘဲ ျဖစ္ပါတယ္။

ေခြးေလးေတြက ကစားတာ ဒါမွမဟုတ္ ကိုက္ျဖတ္တာေတြလုပ္ခဲ့ရင္ သန႔္ရွင္းေရးစက္႐ုပ္က တားဆီးေပးလိမ့္မယ္လို႔ အဆိုပါအမ်ိဳးသားက ဆိုထားပါေသးတယ္။ေခြးေလးေတြကေတာ့ ခ်စ္တတ္လြန္းတဲ့သခင္ကို ပိုင္ဆိုင္ထားရေတာ့ အေတာ္ေလးစိတ္ခ်မ္းသာေနပုံပါဘဲ။

crd