
Unicode

စက်ဘီးအစုတ်လေးနှင့် စားစရာများလိုက်ရောင်းချနေရသည်ကို မကြည့်ရက်၍ ဆိုင်ကယ်သစ်တစ်စီးကို လက်ဆောင်အဖြစ်ဝယ်ပေးခဲ့သော သူဌေးတစ်ဦး

အချို့သူများသည် ငွေကြေးချမ်းသာပြီး ငွေဂုဏ်မောက်ကာ ဆင်းရဲသားများနှင့် ဆက်ဆံခြင်းမရှိသော်လည်း အချို့ကျ စိတ်ရင်းစေတနာကောင်းကာ မရှိသူများကို ကူညီတတ်ကြသည်။

ယခုအခါတွင်လည်း ဖိလစ်ပိုင်နိုင်ငံမှ အမျိုးသားတစ်ဦးသည် အိမ်ထောင်ကျပြီး မကြာမီ ဇနီးဖြစ်သူမှာ နေမကောင်းခနခနဖြစ်ကာ သူတစ်ယောက်တည်း ရုန်းကန်ပြီး ရှာကျွေးခဲ့သည်။

အမျိုးသားသည် စက်ဘီးတစ်စီးနှင့်အတူ လမ်းမပေါ်ထွက်၍ မုန့်ထပ်များချိတ်ကာ နေ့စဉ်လှည့်လည်သွားလာပြီး ရောင်းချခဲ့ရာ ရရှိသောငွေများနှင့် ချစ်ဇနီးလေးအတွက် ဆေးနှင့်စားစရာအချို့ဝယ်ယူခဲ့သည်။

အမျိုးသားသည် တစ်ယောက်တည်းရုန်းရခြင်းဖြင့် ငွေကြေးလည်ပတ်မှုမှာ အဆင်မပြေဖြစ်ရပြီး အခြားသူများလို ဆိုင်ကယ်လေးတစ်စီးပင် ဝယ်မစီးနိုင်ပဲ စက်ဘီးစုတ်လေးနှင့်သာ သွားလာခဲ့ရသည်။

ထိုအဖြစ်ကို မြင်တွေ့သော ကြင်နာတရားရှိသူ သူဌေးတစ်ဦးမှာ သူ့ဆိုင်ရှေ့တွင် နေ့စဉ်ဖြတ်သွားနေသည့်အမျိုးသားအား သနားမိပြီး ဆွေမျိုးသားချင်းမဟုတ်ပေမဲ့ ဆိုင်ကယ်သစ်တစ်စီးကို လက်ဆောင်အဖြစ် ဝယ်ပေးခဲ့သည်။

Crd

Zawgyi







Crd