Unicode
တက္ကသိုလ်ကျောင်းသားဖြစ်ပေမယ့် အတန်းဖော်များကြား ရှက်မနေပဲ ကိုယ့်ကျောင်းစရိတ်အတွက်ကိုယ် ငုံးဥပြုတ်နဲ့ မုန့်ကြော်ထုပ်များ ရောင်းချခဲ့သော ကောင်လေးတစ်ဦး
ဖိလစ်ပိုင်နိုင်ငံ Baguio Cityတွင် နေထိုင်သော အသက်၂၅နှစ်အရွယ် ကောင်လေးတစ်ဦးသည် စီးပွားရေးနှင့်စီမံခန့်ခွဲရေး တက္ကသိုလ်မှာ နောက်ဆုံးနှစ်တက်ရောက်နေပြီး ကျောင်းစရိတ်အတွက်ကို မိဘနှစ်ပါးဆီကနေမယူပဲ ကိုယ်တိုင်ဝင်ငွေရှာခဲ့သည်။
ကောင်လေးဧ။်ဖခင်ဖြစ်သူမှာ ဆိုင်ကယ်ကယ်ရီသမားဖြစ်ပြီးမိခင်ဖြစ်သူကတော့စားသောက်ဆိုင်တစ်ဆိုင်မှာပန်းကန်ဆေးသည့်အလုပ်အားလုပ်ကိုင်ကာ လစဉ်အိမ်ငှားခကလည်း ပေးရသေးသည့်အတွက် စားဝတ်နေရေးအတွက် ခက်ခဲနေရသည်။
ထို့ကြောင့် ကောင်လေးသည် ကျောင်းဝန်းထဲတွင် အတန်းမစမီချိန်လေး၌ ငုံးဥပြုတ်နဲ့ မုန့်ကြော်များကိုလိုက်လံရောင်းချခဲ့ပြီး စာကိုကြိုးစားသင်ယူကာအတန်းနားချိန်ရောက်ပြန်တော့လည်း သူငယ်ချင်းတွေဆီမှာ မုန့်များရောင်းချနေခြင်းဖြင့် မြင်တွေ့သူများမှ လေးစားချီးကျူးခဲ့ကြသည်။
crd
Zawgyi
crd