ငါးများကို သေချာစွာဆေးကြောပြီး ကိုယ်တိုင်ချက်ပြုတ်ကာ သူငယ်ချင်းများကို လက်စွမ်းပြ ကျွေးမွေးခဲ့သည့် အသက်၃နှစ်အရွယ် ကလေးလေး

Unicode

သားသမီးတို့ကို ငယ်ရွယ်စဉ်ကတည်းကပင် မိဘတို့ဟာ မည်သူနေထိုင်ရမည် ဘဝကိုမည့်သို့ဖြတ်သန်းရမည်ဆိုတာကို သင်ကြားပေးရမှာဖြစ်ပါတယ်။

လူအများစုတို့ဟာ ငယ်စဉ်ကတည်းကပင် သားသမီးတို့ကို ဘဝတွင်ဖြတ်သန်းရမည့် လိုအပ်ချက်များကို သင်ကြားပေရမည်ဟု ယုံကြည်လက်ခံထားကြပါတယ်။

သို့သော်လည်း အသက်၃နှစ်အရွယ်ဖြင့် ဟင်းလျာများကို ချက်ပြုတ်တတ်နေပြီဆိုလျှင် လူတိုင်းဟာ ယုံကြည်နိုင်လိမ့်မည်မဟုတ်ပေ။

အိန္ဒိယနိုင်ငံမှ အသက်၃နှစ်အရွယ် ကလေးငယ်လေးဟာ အမှန်တကယ်ပင် အိမ်ရှင်မကြီးတစ်ဦးလို ကောင်းမွန်စွာ ချက်ပြုတ်တတ်နေပြီ ဖြစ်ပါတယ်။

ကလေးမလေးဟာ မည်သူ့အကူအညီမှ မယူဘဲ သူမရဲ့သူငယ်ချင်းများကို ကိုယ်တိုင်ကိုယ်ကျ လက်စွမ်းပြကာ ငါးဟင်းချက်ပြီး ထမင်းကျွေးခဲ့တာဖြစ်ပါတယ်။

၃နှစ်သမီးလေးဟာ ငါးများကို သေချာစွာ ဆေးကြောပြီး ကိုယ်တိုင်မီးမွှေးကာ မည်သူ့အကူအညီမှ မယူဘဲ ထမင်းဟင်းများကို ချက်ပြုတ်ကျွေးမွေးခဲ့တာဖြစ်ပါတယ်။

တကယ့်ကို အချက်အပြုတ် ပါရမီရှင်လေးတစ်ဉီးပါပဲနော်.. ပရိသတ်ကြီး။ သုံးနှစ်အရွယ်လေးနဲ့ ငါးဟင်းတောင် ချက်တတ်နေပြီဆိုတာဟာ

မိဘတွေ သင်ကြားပြသပေးမှု ကောင်းလွန်းသောကြောင့်ဆိုတဲ့ အချက်အပြင် ဒီကလေးမလေးဟာ သူမကိုယ်တိုင်က ပါရမီပါလို့ဆိုတာ လက်ခံယုံကြည်မယ်လို့ ထင်ပါတယ်နော်။

Crd

Zawgyi









Crd