၁၀ႏွစ္ၾကာေလျဖတ္ေနေသာ မိခင္ျဖစ္သူအား ေက်ာပိုးကာ ၿမိဳ႕အႏွံ႔အလည္အပတ္လိုက္ပို႔ခဲ့ေသာ သားလိမ္မာ

Unicode

၁၀နှစ်ကြာလေဖြတ်နေသော မိခင်ဖြစ်သူအား ကျောပိုးကာ မြို့အနှံ့အလည်အပတ်လိုက်ပို့ခဲ့သော သားလိမ်မာ

မိဘများသည် သားသမီးများအပေါ် ထားသော ချစ်ခြင်းမေတ္တာတရားမှာ အလွန်ကြီးမားပြီး ငယ်စဉ်အခါက

ဘာမှမလုပ်တတ်မကိုင်တတ်သေးသော အရွယ်ကစလို့ အရွယ်ရောက်သည်ထိ ပြုစုပျိုးထောင်ပေးခဲ့ပြီး မေတ္တာမပြတ် ချစ်လျက်ပါ။

ထို့ကြောင့် မိဘများ အသက်အရွယ် အိုမင်းလာသောအခါ သားသမီးများက တစ်ဖန်အလုပ်အကျွေးပြုသင့်ပါသည်။သို့ဖြစ်၍

တရုတ်နိုင်ငံ ဟူနန်ပြည်နယ်တွင် Chen Xiangအမည်ရှိသော အသက် ၄၅နှစ်အရွယ် အမျိုးသားကြီးတွင် လေဖြတ်၍

အကူအညီမပါဘဲ အိမ်ထဲအိမ်ပြင်ထွက်မရသော အသက် ၈၀အရွယ်မိခင်ကြီးတစ်ဦးရှိပါသည်။

မိခင်ဖြစ်သူမှာ ၁၀နှစ်ကြာ လေဖြတ်ရောဂါမှာ မပျောက်ကင်းပဲရှိ၍ Chen Xiangသည် မိခင်ဖြစ်သူအား အပြင်လောကကြီးသို့

ခေါ်ထွက်လည်စေချင်ခဲ့၍ အလုပ်မှခွင့်ယူခဲ့ပြီး နေရာအနှံ့လိုက်ပို့ခဲ့သည်။

ပထမဆုံးအနေဖြင့် မိခင်ဖြစ်သူအား သူအလုပ်လုပ်သော နေရာသို့ ကလေးများကို အဝတ်စနှင့်ချည်ကာ ကျောပိုးပြီး ခေါ်ဆောင်သွားခဲ့သည်။

အမျိုးသားသည် မိခင်ဖြစ်သူမှာ တစ်နေရာရာသို့သွားလျှင် ငယ်စဉ်က သူတို့လေးတွေကို ကျောပိုးပြီး ခေါ်သွားခဲ့သလို ယခုအခါမှာ သူ့အလှည့်ဖြစ်သည်ဟု ဆိုခဲ့သည်။

ထို့နောက် သာယာလှပသော ရှုခင်းနေရာများ ပန်းခြံများသို့ အလည်အပတ်လိုက်ပို့ခဲ့ရာ လူအများက အမျိုးသားအား သားလိမ်မာလေးဆိုပြီး ချီးမွမ်းစကားများဆိုခဲ့ကြသည်။

crd

Zawgyi

၁၀ႏွစ္ၾကာေလျဖတ္ေနေသာ မိခင္ျဖစ္သူအား ေက်ာပိုးကာ ၿမိဳ႕အႏွံ႔အလည္အပတ္လိုက္ပို႔ခဲ့ေသာ သားလိမ္မာ

မိဘမ်ားသည္ သားသမီးမ်ားအေပၚ ထားေသာ ခ်စ္ျခင္းေမတၱာတရားမွာ အလြန္ႀကီးမားၿပီး ငယ္စဥ္အခါက

ဘာမွမလုပ္တတ္မကိုင္တတ္ေသးေသာ အ႐ြယ္ကစလို႔ အ႐ြယ္ေရာက္သည္ထိ ျပဳစုပ်ိဳးေထာင္ေပးခဲ့ၿပီး ေမတၱာမျပတ္ ခ်စ္လ်က္ပါ။

ထို႔ေၾကာင့္ မိဘမ်ား အသက္အ႐ြယ္ အိုမင္းလာေသာအခါ သားသမီးမ်ားက တစ္ဖန္အလုပ္အေကြၽးျပဳသင့္ပါသည္။သို႔ျဖစ္၍

တ႐ုတ္ႏိုင္ငံ ဟူနန္ျပည္နယ္တြင္ Chen Xiangအမည္ရွိေသာ အသက္ ၄၅ႏွစ္အ႐ြယ္ အမ်ိဳးသားႀကီးတြင္ ေလျဖတ္၍

အကူအညီမပါဘဲ အိမ္ထဲအိမ္ျပင္ထြက္မရေသာ အသက္ ၈၀အ႐ြယ္မိခင္ႀကီးတစ္ဦးရွိပါသည္။

မိခင္ျဖစ္သူမွာ ၁၀ႏွစ္ၾကာ ေလျဖတ္ေရာဂါမွာ မေပ်ာက္ကင္းပဲရွိ၍ Chen Xiangသည္ မိခင္ျဖစ္သူအား အျပင္ေလာကႀကီးသို႔

ေခၚထြက္လည္ေစခ်င္ခဲ့၍ အလုပ္မွခြင့္ယူခဲ့ၿပီး ေနရာအႏွံ႔လိုက္ပို႔ခဲ့သည္။

ပထမဆုံးအေနျဖင့္ မိခင္ျဖစ္သူအား သူအလုပ္လုပ္ေသာ ေနရာသို႔ ကေလးမ်ားကို အဝတ္စႏွင့္ခ်ည္ကာ ေက်ာပိုးၿပီး ေခၚေဆာင္သြားခဲ့သည္။

အမ်ိဳးသားသည္ မိခင္ျဖစ္သူမွာ တစ္ေနရာရာသို႔သြားလွ်င္ ငယ္စဥ္က သူတို႔ေလးေတြကို ေက်ာပိုးၿပီး ေခၚသြားခဲ့သလို ယခုအခါမွာ သူ႔အလွည့္ျဖစ္သည္ဟု ဆိုခဲ့သည္။

ထို႔ေနာက္ သာယာလွပေသာ ရႈခင္းေနရာမ်ား ပန္းၿခံမ်ားသို႔ အလည္အပတ္လိုက္ပို႔ခဲ့ရာ လူအမ်ားက အမ်ိဳးသားအား သားလိမ္မာေလးဆိုၿပီး ခ်ီးမြမ္းစကားမ်ားဆိုခဲ့ၾကသည္။

crd