Unicode
အန်နာကွန်ဒါ မြွေကြီးများထက် ၅ ဆလောက် ပိုကြီးသည့် တိုက်တန်နိုဘိုအာ မြွေကြီးများ အကြောင်း
ယနေ့ခေတ် ကမ္ဘာပေါ်မှာ အကြီးဆုံးမြွေအဖြစ် အန်နာကွန်ဒါ မြွေကြီးများကို သတ်မှတ် ထားပေမယ့် ၎င်းထက် ၅ ဆ လောက်ကြီးတဲ့ မြွေကြီးတွေ ရှိခဲ့တာကို ရုပ်ကြွင်းများ အရ သိရှိထားပါတယ်။
Anaconda ( အန်နာကွန်ဒါ မြွေ )
Titanoboa လို့ ခေါ်တဲ့ မြွေကြီးများဟာ ယနေ့ခေတ် ကိုလန်ဘီယာမှာ နေထိုင်ခဲ့ကြပြီး အရှည် ပေ ၅၀ လောက်နှင့် အလေး ချိန် ပေါင် ၂,၅၀၀ လောက် အထိတောင် ရှိခဲ့ကြပါတယ်။
ယနေ့ခေတ် အန်နာကွန်ဒါ များ၏ ပျမ်းမျှ အရှည် ၁၅ ပေ နှင့် အလေးချိန် ပေါင် ၅၀၀ လောက်သာ ရှိပြီး ပေ ၂၀ လောက် အထိ ရောက်ဖို့ ခဲယဉ်းပါတယ်။၎င်းတို့ဟာ ကြီးမားလှပေမယ့် လှုပ်ရှားရာမှာ အလွန်မြန်ဆန်ပြီး သားကောင်ကို လှစ်ကနဲ ဖမ်းယူနိုင်စွမ်း ရှိပါတယ်။
သမိုင်းမှတ်တမ်း မတင်ခင် လွန်ခဲ့သည့် နှစ် သန်းပေါင်း ၆၀ လောက်က တောနက်အတွင်းမှာ တိုက်တန်နိုဘိုအာ မြွေကြီးများ ၏ သားကောင်များဟာ အသံမထွက်ဘဲ တိုက်ခိုက်ခံရလေ့ရှိပြီး ရင်ဆိုင်ဖို့ရာလည်း အခွင့်အရေး မရှိခဲ့ကြပါဘူး။
တိုက်တန်နိုဘိုအာ မြွေကြီးများဟာ ဒိုင်နိုဆောများ မျိုးသုဉ်းပြီး နောင် နှစ်ပေါင်း ၅ သန်းလောက်အထိ တောင်အမေရိက တိုက်ရှိ အပူပိုင်းတောတောင်များတွင် ကျင်လည် ကျက်စားခဲ့ပါတယ်။
အဆိုပါ ဧရာမ တွားသွား သတ္တဝါကြီး၏ ခွန်အားနှင့် ဖျက်လက်မှုကြောင့် အစာကွင်းဆက်တွင် ထိပ်ဆုံးက ရပ်တည်ခဲ့တာဖြစ်ပြီး တောဘုရင်တောင် ဖြစ်ခဲ့တာပါ။
ပိုလာ ဝက်ဝံ ခေါ် ဝင်ရိုးစွန်း ဝက်ဝံကြီးများထက် ၂ ဆလောက် ပိုမို လေးလံပြီး ၃ ပေခန့်ကျယ်သည့် အညိုရောင်ခန္ဓာကိုယ်ရှိကာ ပူနွေး စွတ်စိုသည့် တောတောင်များရှိ ရွံ့များထဲမှာ ပုံဖျက်ကာ သားကောင်ကို ချောင်းမြောင်းလေ့ ရှိပါတယ်။
၎င်းဟာ အန်နာကွန်ဒါ မြွေကြီးများ ကဲ့သို့ပင် ရေတိမ်ပိုင်းတွင် ချောင်းမြောင်းကာ မမျှော်လင့်ထားသည့် သားကောင်ကို အလစ်အငိုက် ဖမ်းဆီးကာ ဖျစ်ညှစ်တတ်ကြတယ်လို့ အချို့ သိပ္ပံပညာရှင်များက ယူဆကြပါတယ်။
ဒီမြွေကြီးတွေ အကြောင်းကို ၂၀၀၂ ခုနှစ် ကိုလံဘီယာနိုင်ငံ Cerrejón တွင် ရှိသည့် ဧရာမ ကျောက်မီးသွေးတွင်းသို့ အလည်အပတ် ရောက်ရှိနေတဲ့ ကျောင်းသားတဦးမှာကျောက်ဖြစ်ရုပ်ကြွင်း သစ်ရွက်တခု တွေ့ရှိရမှ သိလာရတာ ဖြစ်ပါတယ်။
ထိုတွေ့ရှိမှုကို ဆက်လက် လေ့လာသည့်အခါ တချိန်က ကျယ်ပြောလှသည့် တောနက်ကြီးဟာ ဒီမြွေကြီးတွေ၏ ကျက်စားရာ နေရာအဖြစ် သိရှိခဲ့ကြပါတယ်။
နောက်ထပ် လေ့လာတွေ့ရှိမှုအရ အဆိုပါ ကျောက်ဖြစ် ရုပ်ကြွင်းဟာ လွန်ခဲ့သည့် နှစ် ၆၆ သန်း နှင့် ၅၆ သန်းကြား Paleocene ခေတ်မှ ဖြစ်တာကို သိရှိခဲ့ရပြီး ထို သတ္တုတွင်းနေရာဟာ တချိန်က ကမ္ဘာ့ပထမဆုံးသော မိုးသစ်တောများ နေရာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ထိုနေရာတွင် နောက်ထပ် တူးဖော်ကြည့်သည့် အခါမှာတော့ ဧရာမ လိပ်ကြီးများ နှင့် မိချောင်းများ၊ ကမ္ဘာပေါ်တွင် ပထမဆုံး ဖြစ်လာသည့် ငှက်ပျောသီး၊ ထောပတ်သီးနှင့် ပဲပင်အချို့ကို ထပ်မံတွေ့ရှိခဲ့ပါတယ်။
အဲဒီ့နောက်မှာတော့ ၎င်းတို့ဟာ မှတ်တမ်းတင်ထားနိုင်သည့် တောတွင်းကြီး၏ ဧရာမ ကျောရိုးကြီးကို တူးဖော်နိုင်ခဲ့ပါတယ်။ဒီကျောရိုးကြီးဟာ နှစ်သန်းပေါင်းများစွာ ရွှံ့မြေထဲတွင် ရှိနေခဲ့ပြီး ကျောက်မီးသွေးတွင်း၏ အစိတ်အပိုင်းတခု ဖြစ်နေခဲ့တာပါ။
ထိုမြွေကြီး၏ လှုပ်ရှားမှုများကို လေ့လာနိုင်ဖို့ ကျောရိုးတခုထဲနှင့် မလုံလောက်သည့်အတွက် သုတေသီများဟာ မြွေ၏ ဦးခေါင်းကို လိုက်လံ ရှာဖွေခဲ့ကြပြန်ပါတယ်။သိုပေမဲ့ မြွေဦးခေါင်းများဟာ အားပျော့ပြီး ကြွက်သားများက အဓိက ထိန်းသိမ်းထားသဖြင့် ရုပ်ကြွင်းအဖြစ် ရရှိရန် အလွန် ခက်ခဲပါတယ်။
အံ့ဩစရာ ကောင်းတာကတော့ နှစ်အနည်းငယ် ကြာတဲ့အခါမှာတော့ သုတေသီများဟာ အခြား ကြီးမားသည့် မြွေကြီး ၂၈ ကောင်၏ ရုပ်ကြွင်းများကို ရှာဖွေ တွေ့ရှိခဲ့ပြီး ဦးခေါင်းရုပ်ကြွင်း ၃ ခုကိုပါ တွေ့ရှိခဲ့ကာ ပေါင်းစပ်နိုင်ခဲ့ပါတယ်။
ယခုလို ရှာဖွေတွေ့ရှိခဲ့မှုဟာ Smithsonian Channel အထူးအစီအစဉ်၏ တစိတ်တပိုင်း ဖြစ်ပြီး ယနေ့ခေတ် တိရစ္ဆာန်များနှင့် နှိုင်းယှဉ်ပါက သမိုင်းမတင်မီက သတ္တဝါကြီးများဟာ မည်မျှ ကြီးမားသည်ကို မှန်းဆနိုင်ပါတယ်။
Crd
Zawgyi
အန္နာကြန္ဒါ ေႁမြႀကီးမ်ားထက္ ၅ ဆေလာက္ ပိုႀကီးသည့္ တိုက္တန္ႏိုဘိုအာ ေႁမြႀကီးမ်ား အေၾကာင္း
ယေန႔ေခတ္ ကမာၻေပၚမွာ အႀကီးဆုံးေႁမြအျဖစ္ အန္နာကြန္ဒါ ေႁမြႀကီးမ်ားကို သတ္မွတ္ ထားေပမယ့္ ၎ထက္ ၅ ဆ ေလာက္ႀကီးတဲ့ ေႁမြႀကီးေတြ ရွိခဲ့တာကို ႐ုပ္ႂကြင္းမ်ား အရ သိရွိထားပါတယ္။
Anaconda ( အန္နာကြန္ဒါ ေႁမြ )
Titanoboa လို႔ ေခၚတဲ့ ေႁမြႀကီးမ်ားဟာ ယေန႔ေခတ္ ကိုလန္ဘီယာမွာ ေနထိုင္ခဲ့ၾကၿပီး အရွည္ ေပ ၅၀ ေလာက္ႏွင့္ အေလး ခ်ိန္ ေပါင္ ၂,၅၀၀ ေလာက္ အထိေတာင္ ရွိခဲ့ၾကပါတယ္။
ယေန႔ေခတ္ အန္နာကြန္ဒါ မ်ား၏ ပ်မ္းမွ် အရွည္ ၁၅ ေပ ႏွင့္ အေလးခ်ိန္ ေပါင္ ၅၀၀ ေလာက္သာ ရွိၿပီး ေပ ၂၀ ေလာက္ အထိ ေရာက္ဖို႔ ခဲယဥ္းပါတယ္။၎တို႔ဟာ ႀကီးမားလွေပမယ့္ လႈပ္ရွားရာမွာ အလြန္ျမန္ဆန္ၿပီး သားေကာင္ကို လွစ္ကနဲ ဖမ္းယူႏိုင္စြမ္း ရွိပါတယ္။
သမိုင္းမွတ္တမ္း မတင္ခင္ လြန္ခဲ့သည့္ ႏွစ္ သန္းေပါင္း ၆၀ ေလာက္က ေတာနက္အတြင္းမွာ တိုက္တန္ႏိုဘိုအာ ေႁမြႀကီးမ်ား ၏ သားေကာင္မ်ားဟာ အသံမထြက္ဘဲ တိုက္ခိုက္ခံရေလ့ရွိၿပီး ရင္ဆိုင္ဖို႔ရာလည္း အခြင့္အေရး မရွိခဲ့ၾကပါဘူး။
တိုက္တန္ႏိုဘိုအာ ေႁမြႀကီးမ်ားဟာ ဒိုင္ႏိုေဆာမ်ား မ်ိဳးသုဥ္းၿပီး ေနာင္ ႏွစ္ေပါင္း ၅ သန္းေလာက္အထိ ေတာင္အေမရိက တိုက္ရွိ အပူပိုင္းေတာေတာင္မ်ားတြင္ က်င္လည္ က်က္စားခဲ့ပါတယ္။
အဆိုပါ ဧရာမ တြားသြား သတၱဝါႀကီး၏ ခြန္အားႏွင့္ ဖ်က္လက္မႈေၾကာင့္ အစာကြင္းဆက္တြင္ ထိပ္ဆုံးက ရပ္တည္ခဲ့တာျဖစ္ၿပီး ေတာဘုရင္ေတာင္ ျဖစ္ခဲ့တာပါ။
ပိုလာ ဝက္ဝံ ေခၚ ဝင္႐ိုးစြန္း ဝက္ဝံႀကီးမ်ားထက္ ၂ ဆေလာက္ ပိုမို ေလးလံၿပီး ၃ ေပခန႔္က်ယ္သည့္ အညိဳေရာင္ခႏၶာကိုယ္ရွိကာ ပူေႏြး စြတ္စိုသည့္ ေတာေတာင္မ်ားရွိ ႐ြံ႕မ်ားထဲမွာ ပုံဖ်က္ကာ သားေကာင္ကို ေခ်ာင္းေျမာင္းေလ့ ရွိပါတယ္။
၎ဟာ အန္နာကြန္ဒါ ေႁမြႀကီးမ်ား ကဲ့သို႔ပင္ ေရတိမ္ပိုင္းတြင္ ေခ်ာင္းေျမာင္းကာ မေမွ်ာ္လင့္ထားသည့္ သားေကာင္ကို အလစ္အငိုက္ ဖမ္းဆီးကာ ဖ်စ္ညႇစ္တတ္ၾကတယ္လို႔ အခ်ိဳ႕ သိပၸံပညာရွင္မ်ားက ယူဆၾကပါတယ္။
ဒီေႁမြႀကီးေတြ အေၾကာင္းကို ၂၀၀၂ ခုႏွစ္ ကိုလံဘီယာႏိုင္ငံ Cerrejón တြင္ ရွိသည့္ ဧရာမ ေက်ာက္မီးေသြးတြင္းသို႔ အလည္အပတ္ ေရာက္ရွိေနတဲ့ ေက်ာင္းသားတဦးမွာေက်ာက္ျဖစ္႐ုပ္ႂကြင္း သစ္႐ြက္တခု ေတြ႕ရွိရမွ သိလာရတာ ျဖစ္ပါတယ္။
ထိုေတြ႕ရွိမႈကို ဆက္လက္ ေလ့လာသည့္အခါ တခ်ိန္က က်ယ္ေျပာလွသည့္ ေတာနက္ႀကီးဟာ ဒီေႁမြႀကီးေတြ၏ က်က္စားရာ ေနရာအျဖစ္ သိရွိခဲ့ၾကပါတယ္။
ေနာက္ထပ္ ေလ့လာေတြ႕ရွိမႈအရ အဆိုပါ ေက်ာက္ျဖစ္ ႐ုပ္ႂကြင္းဟာ လြန္ခဲ့သည့္ ႏွစ္ ၆၆ သန္း ႏွင့္ ၅၆ သန္းၾကား Paleocene ေခတ္မွ ျဖစ္တာကို သိရွိခဲ့ရၿပီး ထို သတၱဳတြင္းေနရာဟာ တခ်ိန္က ကမာၻ႔ပထမဆုံးေသာ မိုးသစ္ေတာမ်ား ေနရာ ျဖစ္ႏိုင္တယ္လို႔ ဆိုပါတယ္။
ထိုေနရာတြင္ ေနာက္ထပ္ တူးေဖာ္ၾကည့္သည့္ အခါမွာေတာ့ ဧရာမ လိပ္ႀကီးမ်ား ႏွင့္ မိေခ်ာင္းမ်ား၊ ကမာၻေပၚတြင္ ပထမဆုံး ျဖစ္လာသည့္ ငွက္ေပ်ာသီး၊ ေထာပတ္သီးႏွင့္ ပဲပင္အခ်ိဳ႕ကို ထပ္မံေတြ႕ရွိခဲ့ပါတယ္။
အဲဒီ့ေနာက္မွာေတာ့ ၎တို႔ဟာ မွတ္တမ္းတင္ထားႏိုင္သည့္ ေတာတြင္းႀကီး၏ ဧရာမ ေက်ာ႐ိုးႀကီးကို တူးေဖာ္ႏိုင္ခဲ့ပါတယ္။ဒီေက်ာ႐ိုးႀကီးဟာ ႏွစ္သန္းေပါင္းမ်ားစြာ ႐ႊံ႕ေျမထဲတြင္ ရွိေနခဲ့ၿပီး ေက်ာက္မီးေသြးတြင္း၏ အစိတ္အပိုင္းတခု ျဖစ္ေနခဲ့တာပါ။
ထိုေႁမြႀကီး၏ လႈပ္ရွားမႈမ်ားကို ေလ့လာႏိုင္ဖို႔ ေက်ာ႐ိုးတခုထဲႏွင့္ မလုံေလာက္သည့္အတြက္ သုေတသီမ်ားဟာ ေႁမြ၏ ဦးေခါင္းကို လိုက္လံ ရွာေဖြခဲ့ၾကျပန္ပါတယ္။သိုေပမဲ့ ေႁမြဦးေခါင္းမ်ားဟာ အားေပ်ာ့ၿပီး ႂကြက္သားမ်ားက အဓိက ထိန္းသိမ္းထားသျဖင့္ ႐ုပ္ႂကြင္းအျဖစ္ ရရွိရန္ အလြန္ ခက္ခဲပါတယ္။
အံ့ဩစရာ ေကာင္းတာကေတာ့ ႏွစ္အနည္းငယ္ ၾကာတဲ့အခါမွာေတာ့ သုေတသီမ်ားဟာ အျခား ႀကီးမားသည့္ ေႁမြႀကီး ၂၈ ေကာင္၏ ႐ုပ္ႂကြင္းမ်ားကို ရွာေဖြ ေတြ႕ရွိခဲ့ၿပီး ဦးေခါင္း႐ုပ္ႂကြင္း ၃ ခုကိုပါ ေတြ႕ရွိခဲ့ကာ ေပါင္းစပ္ႏိုင္ခဲ့ပါတယ္။
ယခုလို ရွာေဖြေတြ႕ရွိခဲ့မႈဟာ Smithsonian Channel အထူးအစီအစဥ္၏ တစိတ္တပိုင္း ျဖစ္ၿပီး ယေန႔ေခတ္ တိရစာၦန္မ်ားႏွင့္ ႏႈိင္းယွဥ္ပါက သမိုင္းမတင္မီက သတၱဝါႀကီးမ်ားဟာ မည္မွ် ႀကီးမားသည္ကို မွန္းဆႏိုင္ပါတယ္။
Crd