ခဲသတၳဳကို ေ႐ႊအျဖစ္ေျပာင္းလဲခဲ့ၾကသူမ်ား (သို႔မဟုတ္) ေ႐ႊျဖစ္ေအာင္ ဖိုထိုးခဲၾကတဲ့ အဂၢိရတ္ဆရာမ်ား

Unicode

ခဲသတ္ထုကို ရွှေအဖြစ်ပြောင်းလဲခဲ့ကြသူများ (သို့မဟုတ်) ရွှေဖြစ်အောင် ဖိုထိုးခဲကြတဲ့ အဂ္ဂိရတ်ဆရာများ

အလယ်ခေတ်တုန်းက အဂ္ဂိရတ်ဆရာတွေဟာ ခဲသတ္တုကို ရွှေဖြစ်အောင် အပြင်းအထန် ကြိုးပမ်းခဲ့ကြတယ်။ မဖြစ်နိုင်တာကို ကြိုးစားနေသူတွေအဖြစ် သမိုင်းကပုံဖော်ခဲ့ပေမဲ့ တကယ်တော့ သူတို့ကြံရွယ်ခဲ့တာဟာ တကယ်ဖြစ်နိုင်တဲ့ကိစ္စပါ။

ဟုတ်ပါတယ် ယနေ့ခေတ်မှာ ရွှေကိုလုပ်ယူလို့ရနေပါပြီ။ ရှေးလူတွေ သိမသွားခဲ့တဲ့ ယနေ့ခေတ်သိပ္ပံပညာတွေကြောင့် ရွှေကို လုပ်ယူနိုင်ခဲ့ပါပြီ။ ပထမဆုံးသိသင့်တာက ဒီအဖိုးတန်သတ္တုဟာ ကျွန်တော်တို့ ကမ္ဘာမြေထဲမှာ ဘယ်လိုပေါ်လာခဲ့တာလဲ ?

ကောင်းကင်က ကြယ်တွေကို မျှော်ကြည့်လိုက်ပါ။ ရွှေဟာ ဒီကြယ်တာရာတွေကနေ လာတာပါ။ ကျောက်တုံးတွေကနေ သူ့ဘာသာထွက်လာတာ မဟုတ်ပါဘူး။ အာကာသထဲမှာ အသွင်ပြောင်းလာပြီး Supernovae လို့ခေါ်တဲ့ ကြယ်တာရာ ပေါက်ကွဲမှုတွေကနေ ကမ္ဘာပေါ်ကို ရောက်ရှိလာပါ။

ကြယ်တွေဟာ ရိုးရှင်းပေါ့ပါးဆုံးအရာဖြစ်တဲ့ ဟိုက်ဒရိုဂျင်နဲ့ အများဆုံးပြုလုပ်ထားတာပါ။အားကောင်းလှတဲ့ ဆွဲငင်အားတွေကြောင့် ကြယ်ရဲ့ဗဟိုမှာ အနုမြူပေါင်းစည်းမှုတွေ ဖြစ်ပေါ်လာပြီး ဟိုက်ဒရိုဂျင်မှ စွမ်းအားတွေထွက်လာကာ ကြယ်တာရာဟာ ထွန်းလင်းတောက်ပလာပါတယ်။

လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာ ဖိအားပေးခံရတဲ့ ဟိုက်ဒရိုဂျင်တွေဟာ ပိုမိုလေးလံတဲ့ ဟီလီယမ် ကာဗွန်နဲ့ အောက်စီဂျင်တွေ ဖြစ်လာပါတယ်။ နောက်ထပ် ဖိအားနဲ့ အပူတွေကြောင့် သံနဲ့ ကြေးနီတွေ ဖြစ်လာပြန်ပါတယ်။

သို့သော် ဗဟိုမှာအက်တမ်ပူးပေါင်းမှု ကုန်ဆုံးသွားတဲ့အခါမှာတော့ အတွင်းကစွမ်းအင်ပျောက်သွားပြီး အပြင်လွှာဟာ အတွင်းကို ကျွံဝင်လာပါတယ်။ အဲ့သည့်နောက်မှာ ရုတ်တရက် အပြင်ကိုပြန်ကန်ပြီး ကြယ်တာရာပေါက်ကွဲမှု ဖြစ်ပါတော့တယ်။

ပေါက်ကွဲမှုအရှိန်ဟာ သိပ်ကိုကြီးမားတာကြောင့် protons နဲ့ electrons တွေပူးသွားပြီး neutrons တွေ ဖြစ်လာပါတယ်။neutrons ဟာ တွန်းကန်တဲ့ လျှပ်စစ်ဖိုမဓာတ် မရှိတာကြောင့် သံသတ္တုတွေက အလွယ်တကူ ဖမ်းယူပါတော့တယ်။ neutrons တွေအများကြီး ဖမ်းမိထားတဲ့ သံသတ္တုဟာ တဖြည်းဖြည်းလေးလံလာပြီး သ

ာမန်အခြေအနေမျိုးမှာ မဖြစ်နိုင်တဲ့ ငွေ မှ ရွှေ ခဲ နဲ့ ယူရေနီယမ်တို့အထိ ပြောင်းလဲလာပါတော့တယ်။ဟိုက်ဒရိုဂျင်မှ ဟီလီယံသို့ပြောင်းရာမှာ နှစ်သန်းပေါင်းများစွာ ကြာပေမဲ့ ကြယ်တာရာပေါက်ကွဲမှုနဲ့ သတ္တုတွေဖန်တီးမှုကတော့ စက္ကန့်ပိုင်းသာ ကြာပါတယ်။

ဒါဆို ရွှေတွေက ဘာဆက်ဖြစ်သွားသလဲ ?များစွာသော အရာဝတ္တုတွေဟာ ကြယ်တာရာပေါက်ကွဲမှုကြောင့် အာကာသတွင်းကို လွင့်စင်သွားကြပါတယ်။ လွင့်စင်လာတဲ့ အမှုန်တွေအငွေ့တွေဟာ နီးစပ်ရာတွင် ပြန်လည်ပေါင်းစည်းပြီး

ကြယ်နဲ့ဂြိုလ်အသစ်တွေ ဖြစ်လာပြန်ပါတယ်။ ကမ္ဘာ့ရွှေတွေဟာလည်း ကမ္ဘာမြေကြီးရဲ့အပူ လှုပ်ရှားမှုတွေနဲ့အတူ ရွှေကြောကြီးတွေအဖြစ် တည်ရှိလာခဲ့ပါတယ်။

နှစ်သန်းထောင်ပေါင်းများစွာအကြာမှာတော့ လူတွေက ရွှေကို တူးဖော်ရယူပါတယ်။ ရှားပါးတဲ့သတ္တုမို့ ခက်ခက်ခဲခဲ တူးဖော်ရယူနေကြပါတယ်။ ဘယ်လောက်တောင် ရှားသလဲဆိုရင် တကမ္ဘာလုံးက လူတွေပိုင်သမျှ ရွှေတွေပေါင်းရင်တောင် အိုလံပစ်ရေကူးကန် သုံးကန်စာပဲရှိပါသေးတယ်။

ထုထည်ကို ပြောတာပါ။ အလေးချိန်ကတော့ ရေထက်အဆနှစ်ဆယ်လောက် လေးပါတယ်။ဆိုတော့ကာ ရွှေကိုကိုယ့်ဘာသာကို ထုတ်လုပ်လို့ မရဘူးလား ရပါတယ်။ အမှုန်ရွေ့လျားစက်ကြီးတွေနဲ့ ကြယ်တွေမှာဖြစ်သလိုမျိုး အနုမြူဓာတ်ပြုမှုတွေ ပုံစံတူပြုလုပ်ပြီး ရနိုင်ပါတယ်။

ဒါပေမဲ့ ရွှေအက်တမ်တစ်ခုချင်းစီ တည်ဆောက်ရမှာမို့ ရွှေတစ်ဂရမ်လေးရဖို့တောင် စကြာဝဠာတစ်သက်စာလောက် ကြာသွားပါလိမ့်မယ်။ထုတ်လုပ်မှု စရိတ်ကလည်း လက်ရှိရွှေဈေးထက် အဆမတန်မြင့်လွန်းတာကြောင့် လက်တွေ့မှာမဖြစ်နိုင်တဲ့ အနေအထားတစ်ခုပါ။

ဒါပေမယ့်မပူပါနဲ့၊ ကမ္ဘာမြေကြီးထဲကရွှေတွေ တူးစရာမကျန်တော့ရင်တောင်၊ တခြားနေရာတွေမှာ ရှာနိုင်ပါသေးတယ်။သမုဒ္ဒရာရေထဲမှာ ခန့်မှန်းရွှေတန်ချိန် သန်းနှစ်ဆယ်ခန့် ပျော်ဝင်နေပါတယ်။ သို့သော် ပါဝင်မှုနှုန်းအရမ်းနည်းလို့ ရှာရခက်ခဲပြီး ကုန်ကျစရိတ်အတော်များမှာပါ။

တစ်နေ့ကျရင်တော့ ကျွန်တော်တို့တွေဟာ ရွှေနဲ့တခြားသတ္တုတွေကို တခြားဂြိုလ်တွေမှာပါ သွားရှာကြလိမ့်မယ်။ဘယ်သူတပ်အပ်ပြောနိုင်မလဲ။ အနာဂတ်မှာ ကြယ်တာရာတစ်ခု ကျွန်တော်တို့နားမှာ လာပေါက်ကွဲပြီး ရတနာရွှေမိုးငွေမိုးရွာသွန်းနိုင်တာပဲ။ ပေါက်ကွဲတဲ့အထဲ ကမ္ဘာကြီးပါ ပါမသွားဖို့တော့ ဆုတောင်းရမှာပေါ့။

Crd

Zawgyi

ခဲသတၳဳကို ေ႐ႊအျဖစ္ေျပာင္းလဲခဲ့ၾကသူမ်ား (သို႔မဟုတ္) ေ႐ႊျဖစ္ေအာင္ ဖိုထိုးခဲၾကတဲ့ အဂၢိရတ္ဆရာမ်ား

အလယ္ေခတ္တုန္းက အဂၢိရတ္ဆရာေတြဟာ ခဲသတၱဳကို ေ႐ႊျဖစ္ေအာင္ အျပင္းအထန္ ႀကိဳးပမ္းခဲ့ၾကတယ္။ မျဖစ္ႏိုင္တာကို ႀကိဳးစားေနသူေတြအျဖစ္ သမိုင္းကပုံေဖာ္ခဲ့ေပမဲ့ တကယ္ေတာ့ သူတို႔ႀကံ႐ြယ္ခဲ့တာဟာ တကယ္ျဖစ္ႏိုင္တဲ့ကိစၥပါ။

ဟုတ္ပါတယ္ ယေန႔ေခတ္မွာ ေ႐ႊကိုလုပ္ယူလို႔ရေနပါၿပီ။ ေရွးလူေတြ သိမသြားခဲ့တဲ့ ယေန႔ေခတ္သိပၸံပညာေတြေၾကာင့္ ေ႐ႊကို လုပ္ယူႏိုင္ခဲ့ပါၿပီ။ ပထမဆုံးသိသင့္တာက ဒီအဖိုးတန္သတၱဳဟာ ကြၽန္ေတာ္တို႔ ကမာၻေျမထဲမွာ ဘယ္လိုေပၚလာခဲ့တာလဲ ?

ေကာင္းကင္က ၾကယ္ေတြကို ေမွ်ာ္ၾကည့္လိုက္ပါ။ ေ႐ႊဟာ ဒီၾကယ္တာရာေတြကေန လာတာပါ။ ေက်ာက္တုံးေတြကေန သူ႔ဘာသာထြက္လာတာ မဟုတ္ပါဘူး။ အာကာသထဲမွာ အသြင္ေျပာင္းလာၿပီး Supernovae လို႔ေခၚတဲ့ ၾကယ္တာရာ ေပါက္ကြဲမႈေတြကေန ကမာၻေပၚကို ေရာက္ရွိလာပါ။

v

ၾကယ္ေတြဟာ ႐ိုးရွင္းေပါ့ပါးဆုံးအရာျဖစ္တဲ့ ဟိုက္ဒ႐ိုဂ်င္နဲ႔ အမ်ားဆုံးျပဳလုပ္ထားတာပါ။အားေကာင္းလွတဲ့ ဆြဲငင္အားေတြေၾကာင့္ ၾကယ္ရဲ႕ဗဟိုမွာ အႏုျမဴေပါင္းစည္းမႈေတြ ျဖစ္ေပၚလာၿပီး ဟိုက္ဒ႐ိုဂ်င္မွ စြမ္းအားေတြထြက္လာကာ ၾကယ္တာရာဟာ ထြန္းလင္းေတာက္ပလာပါတယ္။

လြန္ခဲ့တဲ့ႏွစ္သန္းေပါင္းမ်ားစြာ ဖိအားေပးခံရတဲ့ ဟိုက္ဒ႐ိုဂ်င္ေတြဟာ ပိုမိုေလးလံတဲ့ ဟီလီယမ္ ကာဗြန္နဲ႔ ေအာက္စီဂ်င္ေတြ ျဖစ္လာပါတယ္။ ေနာက္ထပ္ ဖိအားနဲ႔ အပူေတြေၾကာင့္ သံနဲ႔ ေၾကးနီေတြ ျဖစ္လာျပန္ပါတယ္။

သို႔ေသာ္ ဗဟိုမွာအက္တမ္ပူးေပါင္းမႈ ကုန္ဆုံးသြားတဲ့အခါမွာေတာ့ အတြင္းကစြမ္းအင္ေပ်ာက္သြားၿပီး အျပင္လႊာဟာ အတြင္းကို ကြၽံဝင္လာပါတယ္။ အဲ့သည့္ေနာက္မွာ ႐ုတ္တရက္ အျပင္ကိုျပန္ကန္ၿပီး ၾကယ္တာရာေပါက္ကြဲမႈ ျဖစ္ပါေတာ့တယ္။

ေပါက္ကြဲမႈအရွိန္ဟာ သိပ္ကိုႀကီးမားတာေၾကာင့္ protons နဲ႔ electrons ေတြပူးသြားၿပီး neutrons ေတြ ျဖစ္လာပါတယ္။neutrons ဟာ တြန္းကန္တဲ့ လွ်ပ္စစ္ဖိုမဓာတ္ မရွိတာေၾကာင့္ သံသတၱဳေတြက အလြယ္တကူ ဖမ္းယူပါေတာ့တယ္။ neutrons ေတြအမ်ားႀကီး ဖမ္းမိထားတဲ့ သံသတၱဳဟာ တျဖည္းျဖည္းေလးလံလာၿပီး သ

ာမန္အေျခအေနမ်ိဳးမွာ မျဖစ္ႏိုင္တဲ့ ေငြ မွ ေ႐ႊ ခဲ နဲ႔ ယူေရနီယမ္တို႔အထိ ေျပာင္းလဲလာပါေတာ့တယ္။ဟိုက္ဒ႐ိုဂ်င္မွ ဟီလီယံသို႔ေျပာင္းရာမွာ ႏွစ္သန္းေပါင္းမ်ားစြာ ၾကာေပမဲ့ ၾကယ္တာရာေပါက္ကြဲမႈနဲ႔ သတၱဳေတြဖန္တီးမႈကေတာ့ စကၠန႔္ပိုင္းသာ ၾကာပါတယ္။

ဒါဆို ေ႐ႊေတြက ဘာဆက္ျဖစ္သြားသလဲ ?မ်ားစြာေသာ အရာဝတၱဳေတြဟာ ၾကယ္တာရာေပါက္ကြဲမႈေၾကာင့္ အာကာသတြင္းကို လြင့္စင္သြားၾကပါတယ္။ လြင့္စင္လာတဲ့ အမႈန္ေတြအေငြ႕ေတြဟာ နီးစပ္ရာတြင္ ျပန္လည္ေပါင္းစည္းၿပီး

ၾကယ္နဲ႔ၿဂိဳလ္အသစ္ေတြ ျဖစ္လာျပန္ပါတယ္။ ကမာၻ႔ေ႐ႊေတြဟာလည္း ကမာၻေျမႀကီးရဲ႕အပူ လႈပ္ရွားမႈေတြနဲ႔အတူ ေ႐ႊေၾကာႀကီးေတြအျဖစ္ တည္ရွိလာခဲ့ပါတယ္။

ႏွစ္သန္းေထာင္ေပါင္းမ်ားစြာအၾကာမွာေတာ့ လူေတြက ေ႐ႊကို တူးေဖာ္ရယူပါတယ္။ ရွားပါးတဲ့သတၱဳမို႔ ခက္ခက္ခဲခဲ တူးေဖာ္ရယူေနၾကပါတယ္။ ဘယ္ေလာက္ေတာင္ ရွားသလဲဆိုရင္ တကမာၻလုံးက လူေတြပိုင္သမွ် ေ႐ႊေတြေပါင္းရင္ေတာင္ အိုလံပစ္ေရကူးကန္ သုံးကန္စာပဲရွိပါေသးတယ္။

ထုထည္ကို ေျပာတာပါ။ အေလးခ်ိန္ကေတာ့ ေရထက္အဆႏွစ္ဆယ္ေလာက္ ေလးပါတယ္။ဆိုေတာ့ကာ ေ႐ႊကိုကိုယ့္ဘာသာကို ထုတ္လုပ္လို႔ မရဘူးလား ရပါတယ္။ အမႈန္ေ႐ြ႕လ်ားစက္ႀကီးေတြနဲ႔ ၾကယ္ေတြမွာျဖစ္သလိုမ်ိဳး အႏုျမဴဓာတ္ျပဳမႈေတြ ပုံစံတူျပဳလုပ္ၿပီး ရႏိုင္ပါတယ္။

ဒါေပမဲ့ ေ႐ႊအက္တမ္တစ္ခုခ်င္းစီ တည္ေဆာက္ရမွာမို႔ ေ႐ႊတစ္ဂရမ္ေလးရဖို႔ေတာင္ စၾကာဝဠာတစ္သက္စာေလာက္ ၾကာသြားပါလိမ့္မယ္။ထုတ္လုပ္မႈ စရိတ္ကလည္း လက္ရွိေ႐ႊေဈးထက္ အဆမတန္ျမင့္လြန္းတာေၾကာင့္ လက္ေတြ႕မွာမျဖစ္ႏိုင္တဲ့ အေနအထားတစ္ခုပါ။

ဒါေပမယ့္မပူပါနဲ႔၊ ကမာၻေျမႀကီးထဲကေ႐ႊေတြ တူးစရာမက်န္ေတာ့ရင္ေတာင္၊ တျခားေနရာေတြမွာ ရွာႏိုင္ပါေသးတယ္။သမုဒၵရာေရထဲမွာ ခန႔္မွန္းေ႐ႊတန္ခ်ိန္ သန္းႏွစ္ဆယ္ခန႔္ ေပ်ာ္ဝင္ေနပါတယ္။ သို႔ေသာ္ ပါဝင္မႈႏႈန္းအရမ္းနည္းလို႔ ရွာရခက္ခဲၿပီး ကုန္က်စရိတ္အေတာ္မ်ားမွာပါ။

တစ္ေန႔က်ရင္ေတာ့ ကြၽန္ေတာ္တို႔ေတြဟာ ေ႐ႊနဲ႔တျခားသတၱဳေတြကို တျခားၿဂိဳလ္ေတြမွာပါ သြားရွာၾကလိမ့္မယ္။ဘယ္သူတပ္အပ္ေျပာႏိုင္မလဲ။ အနာဂတ္မွာ ၾကယ္တာရာတစ္ခု ကြၽန္ေတာ္တို႔နားမွာ လာေပါက္ကြဲၿပီး ရတနာေ႐ႊမိုးေငြမိုး႐ြာသြန္းႏိုင္တာပဲ။ ေပါက္ကြဲတဲ့အထဲ ကမာၻႀကီးပါ ပါမသြားဖို႔ေတာ့ ဆုေတာင္းရမွာေပါ့။

Crd