မသုံးတတ္လွ်င္ ေဘး ျဖစ္ေစေသာ အထူး သတိျပဳရမည့္ ေဆးပင္မ်ား

Unicode

မသုံးတတ်လျှင် ဘေး ဖြစ်စေသော အထူး သတိပြုရမည့် ဆေးပင်များ

တချို့ အပင်များမှာ မြစ်ချင်းပြီး တပင်ထဲ အသုံးပြုနိုင်သော်လည်း ဆီမီးတောက်ဥ၊ မချစ်ဥ၊ နွယ်ချို၊ နံ့သာနီ၊ နနွင်းခါး၊ ဝါဇီကရဏ၊ ဆင်တုံးမနွယ်၊ ဘုမ္မရာဇာ စသည့် အပင်များမှာ အစွမ်း၊ အာနိသင် အလွန် ကြီးမားလှ၍ အထိန်းအကွပ် မပါဘဲ တမျိုးထဲ မသုံးသင့်သည့် ဆေးပင်များ ဖြစ်၏။

အဆိပ်ဘုရင်မ (Queen of Poisons) ဟု တင်စား ခေါ်သည့် (ကုလား) ဆီမီးတောက်ပင် (Indian Aconite – Aconitum ferox) နှင့် အဆိပ် ရှိသော (ဥရှည်၊ ဥဝိုင်း) ဆီမီးတောက်ပင် (Fire or Flame Lily – Gloriosa superba) နှစ်မျိုး စလုံးက သူ့ချည်း သက်သက် စားလျှင် သေစေတတ်၍ ဆေးသုံး အတွက် အလွန်တရာ ပြုပြင် အဆိပ် ဖြေရပြီးမှ ပမာဏ အလွန် နည်းပါးစွာသာ သုံးရ၏။

အဖိုပင်၏ ဥ (Rhizome) မှာ ရှည်၍၊ အမပင် ဥမှာ လုံးဝိုင်းသည့် ဆီမီးတောက်ပင် (Flame Lily) တမျိုးထဲကိုသာ ရှင်နာဂသိန် ပုံပြဆေး အဘိဓာန်ကျမ်း (ပထမတွဲ) ၌ ပြ၏။ ၎င်း၏ အပွင့်မှာ အနု၊ အရင့်ကို လိုက်၍ စိမ်း၊ ဝါ၊ နီ ရှိပြီး အခြား ဆေးသုံးပုံ များကိုသာ ဖော်ပြထားကာ အဆိပ် အကြောင်းကိုမူ ထိုကျမ်းစာ၌ သတိပေး ဖော်ပြ မထားပေ။ ၎င်း၏ ဖို၊ မဥများမှာ အဆိပ် ပိုပြင်း၍ တပင်လုံးမှာလည်း အဆိပ်ရှိ၏။

လှသဖြင့် အချို့ အိမ်၌ အလှ စိုက်ထားတတ်ကြကာ အလွယ်တကူ ဝယ်၍လည်း ရနေသဖြင့် အထူး သတိပေးရခြင်းပါ။ ၎င်းတို့၏ ပုံများကိုလည်း ခွဲခြားနိုင်အောင် ပြထားပါ၏။ သူတို့ နှစ်ပင် အကြောင်း ရေးရလျင် ဇာတ်လမ်း ရှည်လျား၍ ဝတ္ထု တပုဒ်ပင် ရနိုင်ပါမည်။

မချစ်ဥကို တချိန်က ရန်ကုန်မှာ ကြော်ငြာအား ကောင်း၍ အတိုင်းအဆမဲ့ အသက်ရှည်၊ အနာကင်းချင်သော ဇောဖြင့် သုံးကြရာ ကင်ဆာများ ဖြစ်၍ ပြင်းစွာသော ဝေဒနာကြီး ခံစားရကာ သေကြရကြောင်းကို မိမိ၏ “မချစ်ဥကို ချစ်မိမှားလို့” ဆောင်းပါး ၌လည်း သတိပေး ရေးသား ထားပါ၏။ မသုံးရင် ဘာမှ မဖြစ်၊ သုံးကာမှ ဘေးဖြစ်တာ မဖြစ်သင့်။

ထို့အတူ ပျားရည်ဖြင့် တေထားသည့် နနွင်ခါး ဆေးလုံးမှာ ပျားရည် ခန်းခြောက် ဓာတ်ပျောက်ပါက ပျားရည်က ထိန်းထားသော နနွင်းခါးမှာ သေဆေးပမာ ဖြစ်သွားတတ်၏။ ဆင်တုံးမနွယ်ကို မသုံးတတ်၍ ပါးစပ်မှသည် စအိုအထိ အစေး လောင်တာမျိုး ရှိခဲ့၍ အသက်ရှည် ချင်၍ ဆင်စီးကာမှ ဆင်နင်း ခံရတာလည်း တွေ့ရ၏။

ထိုအပင်များကို ဆေးအဖြစ် ကိုယ့်ဖာသာ ဖော်စပ်၊ သုံးစွဲမည် ဆိုပါက အခိုးသတ်တတ်ဖို့ အ‌ရေးကြီးကာ နည်းလမ်းများလည်း အမျိုးမျိုး ရှိနိုင်၍ မိမိထက် တတ်ကျွမ်း နားလည်သူ ဆရာသမားများထံ မေးမြန်းကြပါကုန်။ ဤနေရာ၌မူ သတိပေး ဖော်ပြယုံမျှသာ တတ်နိုင်ပါ၏။

တန်ဆေး လွန်ဘေး ဆိုတာ လူတိုင်း သိကြသော် ငြားလည်း အင်္ဂလိပ်ဆေး၊ ဗမာဆေးများကို သတိ မမူမိဘဲ သုံးကြရာတွင် အဆိပ် ဖြစ်သွားတတ်၍ ဘေးဖြစ်ကြတာ တွေလည်း ရှိ၏။ ဓာတ် ပြင်းထန်၍ အဆိပ် ရှိသည့် အပင် ဆိုသော်လည်း ရည်ရွယ်ချက် ရှိရှိ သတိမူ၍ အဆိပ်ဓာတ် ပြေလျော့၊ ဖြေလျှော့ စေပြီး ဆေးဖြစ်အောင် အသုံးချနိုင်တာလည်း လူသား၏ အသိဉာဏ် အပေါ်သာ မူတည်ပါ၏။

အပင်မှန်သမျှ ဆေးဖက် ဝင်သော်လည်း ဘေးမဖြစ်ဘဲ ဆေးဖြစ်အောင် သုံးတတ်ဖို့ရာ သတိ၊ ဉာဏ် ပညာ အထူး လိုအပ်လှပါကြောင်း . . . ။အ ပ္ပ မာ ဒေ န၊သ မ္ပာ ဒေ ထ။

Crd

Zawgyi

မသုံးတတ္လွ်င္ ေဘး ျဖစ္ေစေသာ အထူး သတိျပဳရမည့္ ေဆးပင္မ်ား

တခ်ိဳ႕ အပင္မ်ားမွာ ျမစ္ခ်င္းၿပီး တပင္ထဲ အသုံးျပဳႏိုင္ေသာ္လည္း ဆီမီးေတာက္ဥ၊ မခ်စ္ဥ၊ ႏြယ္ခ်ိဳ၊ နံ႔သာနီ၊ နႏြင္းခါး၊ ဝါဇီကရဏ၊ ဆင္တုံးမႏြယ္၊ ဘုမၼရာဇာ စသည့္ အပင္မ်ားမွာ အစြမ္း၊ အာနိသင္ အလြန္ ႀကီးမားလွ၍ အထိန္းအကြပ္ မပါဘဲ တမ်ိဳးထဲ မသုံးသင့္သည့္ ေဆးပင္မ်ား ျဖစ္၏။

အဆိပ္ဘုရင္မ (Queen of Poisons) ဟု တင္စား ေခၚသည့္ (ကုလား) ဆီမီးေတာက္ပင္ (Indian Aconite – Aconitum ferox) ႏွင့္ အဆိပ္ ရွိေသာ (ဥရွည္၊ ဥဝိုင္း) ဆီမီးေတာက္ပင္ (Fire or Flame Lily – Gloriosa superba) ႏွစ္မ်ိဳး စလုံးက သူ႔ခ်ည္း သက္သက္ စားလွ်င္ ေသေစတတ္၍ ေဆးသုံး အတြက္ အလြန္တရာ ျပဳျပင္ အဆိပ္ ေျဖရၿပီးမွ ပမာဏ အလြန္ နည္းပါးစြာသာ သုံးရ၏။

အဖိုပင္၏ ဥ (Rhizome) မွာ ရွည္၍၊ အမပင္ ဥမွာ လုံးဝိုင္းသည့္ ဆီမီးေတာက္ပင္ (Flame Lily) တမ်ိဳးထဲကိုသာ ရွင္နာဂသိန္ ပုံျပေဆး အဘိဓာန္က်မ္း (ပထမတြဲ) ၌ ျပ၏။ ၎၏ အပြင့္မွာ အႏု၊ အရင့္ကို လိုက္၍ စိမ္း၊ ဝါ၊ နီ ရွိၿပီး အျခား ေဆးသုံးပုံ မ်ားကိုသာ ေဖာ္ျပထားကာ အဆိပ္ အေၾကာင္းကိုမူ ထိုက်မ္းစာ၌ သတိေပး ေဖာ္ျပ မထားေပ။ ၎၏ ဖို၊ မဥမ်ားမွာ အဆိပ္ ပိုျပင္း၍ တပင္လုံးမွာလည္း အဆိပ္ရွိ၏။

လွသျဖင့္ အခ်ိဳ႕ အိမ္၌ အလွ စိုက္ထားတတ္ၾကကာ အလြယ္တကူ ဝယ္၍လည္း ရေနသျဖင့္ အထူး သတိေပးရျခင္းပါ။ ၎တို႔၏ ပုံမ်ားကိုလည္း ခြဲျခားႏိုင္ေအာင္ ျပထားပါ၏။ သူတို႔ ႏွစ္ပင္ အေၾကာင္း ေရးရလ်င္ ဇာတ္လမ္း ရွည္လ်ား၍ ဝတၳဳ တပုဒ္ပင္ ရႏိုင္ပါမည္။

မခ်စ္ဥကို တခ်ိန္က ရန္ကုန္မွာ ေၾကာ္ျငာအား ေကာင္း၍ အတိုင္းအဆမဲ့ အသက္ရွည္၊ အနာကင္းခ်င္ေသာ ေဇာျဖင့္ သုံးၾကရာ ကင္ဆာမ်ား ျဖစ္၍ ျပင္းစြာေသာ ေဝဒနာႀကီး ခံစားရကာ ေသၾကရေၾကာင္းကို မိမိ၏ “မခ်စ္ဥကို ခ်စ္မိမွားလို႔” ေဆာင္းပါး ၌လည္း သတိေပး ေရးသား ထားပါ၏။ မသုံးရင္ ဘာမွ မျဖစ္၊ သုံးကာမွ ေဘးျဖစ္တာ မျဖစ္သင့္။

ထို႔အတူ ပ်ားရည္ျဖင့္ ေတထားသည့္ နႏြင္ခါး ေဆးလုံးမွာ ပ်ားရည္ ခန္းေျခာက္ ဓာတ္ေပ်ာက္ပါက ပ်ားရည္က ထိန္းထားေသာ နႏြင္းခါးမွာ ေသေဆးပမာ ျဖစ္သြားတတ္၏။ ဆင္တုံးမႏြယ္ကို မသုံးတတ္၍ ပါးစပ္မွသည္ စအိုအထိ အေစး ေလာင္တာမ်ိဳး ရွိခဲ့၍ အသက္ရွည္ ခ်င္၍ ဆင္စီးကာမွ ဆင္နင္း ခံရတာလည္း ေတြ႕ရ၏။

ထိုအပင္မ်ားကို ေဆးအျဖစ္ ကိုယ့္ဖာသာ ေဖာ္စပ္၊ သုံးစြဲမည္ ဆိုပါက အခိုးသတ္တတ္ဖို႔ အ‌ေရးႀကီးကာ နည္းလမ္းမ်ားလည္း အမ်ိဳးမ်ိဳး ရွိႏိုင္၍ မိမိထက္ တတ္ကြၽမ္း နားလည္သူ ဆရာသမားမ်ားထံ ေမးျမန္းၾကပါကုန္။ ဤေနရာ၌မူ သတိေပး ေဖာ္ျပယုံမွ်သာ တတ္ႏိုင္ပါ၏။

တန္ေဆး လြန္ေဘး ဆိုတာ လူတိုင္း သိၾကေသာ္ ျငားလည္း အဂၤလိပ္ေဆး၊ ဗမာေဆးမ်ားကို သတိ မမူမိဘဲ သုံးၾကရာတြင္ အဆိပ္ ျဖစ္သြားတတ္၍ ေဘးျဖစ္ၾကတာ ေတြလည္း ရွိ၏။ ဓာတ္ ျပင္းထန္၍ အဆိပ္ ရွိသည့္ အပင္ ဆိုေသာ္လည္း ရည္႐ြယ္ခ်က္ ရွိရွိ သတိမူ၍ အဆိပ္ဓာတ္ ေျပေလ်ာ့၊ ေျဖေလွ်ာ့ ေစၿပီး ေဆးျဖစ္ေအာင္ အသုံးခ်ႏိုင္တာလည္း လူသား၏ အသိဉာဏ္ အေပၚသာ မူတည္ပါ၏။

အပင္မွန္သမွ် ေဆးဖက္ ဝင္ေသာ္လည္း ေဘးမျဖစ္ဘဲ ေဆးျဖစ္ေအာင္ သုံးတတ္ဖို႔ရာ သတိ၊ ဉာဏ္ ပညာ အထူး လိုအပ္လွပါေၾကာင္း . . . ။အ ပၸ မာ ေဒ န၊သ မၸာ ေဒ ထ။

Crd