TV ထဲသို႔ ေရဝင္ျခင္း၊(သို႔) ေၾကာင္ ေသးဝင္လွ်င္

Unicode

TV ထဲသို့ ရေဝင်ခြင်း၊(သို့) ကြောင် သေးဝင်ခြင်း

အချို့သော အသုံးပြုသူများသည် TV မှန်ပြင်ပေါ်ရှိ ဖုန်မှုန့် များကို မှန်ကြည်ဆေးရည် ဖြင့် ပက်ဖြန်း‌ဆေးကြော သန့်ရှင်း တတ်ပါတယ်။ အခုလို မှန်ကြည်‌ဆေးရည် ဖြင့် မှန်ပေါ်ကို မဖြန်းသင့်ပါ။

အကယ်၍ ဖြန်းမိခဲ့ပါက မှန်ကြည်ဆေးရည်များ အောက်ဘက်သို့ စီးကျလာကာ ၊ TV ‌အတွင်း မှန်ပြင်အောက်ဖက်တွင်ချိတ်ဆက်၍ ဆက်သွယ် ထားသော micro flim ပြားများ နှငိ့ အရည်များ ထိတွေ့ပြီး short circuit ဖြစ်ကာ မှန်ပျက်စီးစေပါတယ်။

ဘုရား ပန်းအိုး ‌‌‌ရေမှောက်ကျလို့ သော်လည်းကောင်း၊ အကြောင်းတခုခု ကြောင့် မတော်တဆ ရေ ဝင်ခဲ့လျှင် ဘာလုပ်ရမလဲ။ TV ကို ပါဝါ ဖွင့်၍ ပြန်စမ်းကြည့်ခြင်းလုံးဝ မလုပ်ပါနဲ့ ပိုမို လျှင်မြန်စွာ မှန်ပြင်ပျက်စီးစေသော ကြောင့်ဖြစ်ပါတယ်။

မှန်ပြင်ပေါ်တင်ကျန်နေသော ရေများနဲ့ အတွင်းသို့ဝင် သွားသောရေများကို အမြန်ဆုံး အဝတ်ဖြင့်‌ ခြောက်သွေ့ အောင် သုတ်ပေးပါ။ Tv မှန်ပြင်ကို အပေါ်မှာ ထားပြီး TV ကို အပြားလိုက် အနေထားဖြင့် စားပွဲပေါ်တွင်တင်ပါ။

ရေဝင်သွားသော မှန် နှင့် အောက်ဘက်ဘောင်ကြားကို Hair Dryer ကိုဘယ်ညာ ရမ်း၍ နွေးလာအောင် ၁၀မိနစ် ခန့် နားနားပြီးမှုတ်ပေးပါ။ မှန်နှင့် ရေဝင်သွားသော ဘောင်ကြားကို လက်သည်းနှင့် အနည်းငယ်ဟ ပြီးအပူ‌ ပေးရင် ပိုကောင်းပါတယ်။

အပူ မလွန်ကဲပါစေရန် သတိပြုပါ။ ခြောက်သွေ့သွားရင် ၁နာရီခန့်စောင့်ပြီးမှ ပြန်စမ်းကြည့်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။ ပြန်စမ်းကြည့်၍ အစင်းကြောင်းများပေါ်လာလျှင်သော် လည်ကောင်း ၊ အ‌ ရောင်အဆင်း ပုံမှန် မဟုတ်ပါက ဆက်လက် စမ်းသပ်ခြင်းမပြုလုပ်ပဲ ပြင်ဆိုင်သို့သာ ပို့ပါ။

ရေပမာဏ များစွာ ဝင်ခဲ့ရင်၊ ကြောင်သေး ဝင်ခဲ့ရင် စက်ကို ပါဝါထိုး စမ်းသပ်ခြင်းမလုပ်ပဲ TV ပြင်ဆိုင်သို့သာပို့ပါ။ စက်ကို အဖုံးဖွင့် ပြီးservicingပြုလုပ်ရန်လိုသောကြောင့်ဖြစ်ပါတယ်။ နံရံတွင် ချိတ်ဆွဲခြင်း ဖြင့်လည်းကြောင်သေး ပန်းခြင်း မှကာကွယ်နိုင်ပါတယ်။

TV မှန်ပြင်ကို သန့်ရှင်းလိုပါက အဝတ်ခြောက်ဖြင့်သာ ပွတ်တိုက်ပါ။ ပွတ်တိုက်၍ မပြောင်ပါက အဝတ်ကို ရေ အနည်းငယ်စွတ် ရေပြန်ညစ် အစိုဓာတ်ပါရုံလေး သာ ထားပြီး အသုံးပြုပါ။ ရေမစီးကျပါစေနဲ့။

Crd

Zawgyi

TV ထဲသို႔ ေရဝင္ျခင္း၊(သို႔) ေၾကာင္ ေသးဝင္ျခင္း

အခ်ိဳ႕ေသာ အသုံးျပဳသူမ်ားသည္ TV မွန္ျပင္ေပၚရွိ ဖုန္မႈန႔္ မ်ားကို မွန္ၾကည္ေဆးရည္ ျဖင့္ ပက္ျဖန္း‌ေဆးေၾကာ သန႔္ရွင္း တတ္ပါတယ္။ အခုလို မွန္ၾကည္‌ေဆးရည္ ျဖင့္ မွန္ေပၚကို မျဖန္းသင့္ပါ။

အကယ္၍ ျဖန္းမိခဲ့ပါက မွန္ၾကည္ေဆးရည္မ်ား ေအာက္ဘက္သို႔ စီးက်လာကာ ၊ TV ‌အတြင္း မွန္ျပင္ေအာက္ဖက္တြင္ခ်ိတ္ဆက္၍ ဆက္သြယ္ ထားေသာ micro flim ျပားမ်ား ႏွငိ့ အရည္မ်ား ထိေတြ႕ၿပီး short circuit ျဖစ္ကာ မွန္ပ်က္စီးေစပါတယ္။

ဘုရား ပန္းအိုး ‌‌‌ေရေမွာက္က်လို႔ ေသာ္လည္းေကာင္း၊ အေၾကာင္းတခုခု ေၾကာင့္ မေတာ္တဆ ေရ ဝင္ခဲ့လွ်င္ ဘာလုပ္ရမလဲ။ TV ကို ပါဝါ ဖြင့္၍ ျပန္စမ္းၾကည့္ျခင္းလုံးဝ မလုပ္ပါနဲ႔ ပိုမို လွ်င္ျမန္စြာ မွန္ျပင္ပ်က္စီးေစေသာ ေၾကာင့္ျဖစ္ပါတယ္။

မွန္ျပင္ေပၚတင္က်န္ေနေသာ ေရမ်ားနဲ႔ အတြင္းသို႔ဝင္ သြားေသာေရမ်ားကို အျမန္ဆုံး အဝတ္ျဖင့္‌ ေျခာက္ေသြ႕ ေအာင္ သုတ္ေပးပါ။ Tv မွန္ျပင္ကို အေပၚမွာ ထားၿပီး TV ကို အျပားလိုက္ အေနထားျဖင့္ စားပြဲေပၚတြင္တင္ပါ။

ေရဝင္သြားေသာ မွန္ ႏွင့္ ေအာက္ဘက္ေဘာင္ၾကားကို Hair Dryer ကိုဘယ္ညာ ရမ္း၍ ေႏြးလာေအာင္ ၁၀မိနစ္ ခန႔္ နားနားၿပီးမႈတ္ေပးပါ။ မွန္ႏွင့္ ေရဝင္သြားေသာ ေဘာင္ၾကားကို လက္သည္းႏွင့္ အနည္းငယ္ဟ ၿပီးအပူ‌ ေပးရင္ ပိုေကာင္းပါတယ္။

အပူ မလြန္ကဲပါေစရန္ သတိျပဳပါ။ ေျခာက္ေသြ႕သြားရင္ ၁နာရီခန႔္ေစာင့္ၿပီးမွ ျပန္စမ္းၾကည့္ပါ။ အဆင္ေျပသြားပါလိမ့္မယ္။ ျပန္စမ္းၾကည့္၍ အစင္းေၾကာင္းမ်ားေပၚလာလွ်င္ေသာ္ လည္ေကာင္း ၊ အ‌ ေရာင္အဆင္း ပုံမွန္ မဟုတ္ပါက ဆက္လက္ စမ္းသပ္ျခင္းမျပဳလုပ္ပဲ ျပင္ဆိုင္သို႔သာ ပို႔ပါ။

ေရပမာဏ မ်ားစြာ ဝင္ခဲ့ရင္၊ ေၾကာင္ေသး ဝင္ခဲ့ရင္ စက္ကို ပါဝါထိုး စမ္းသပ္ျခင္းမလုပ္ပဲ TV ျပင္ဆိုင္သို႔သာပို႔ပါ။ စက္ကို အဖုံးဖြင့္ ၿပီးservicingျပဳလုပ္ရန္လိုေသာေၾကာင့္ျဖစ္ပါတယ္။ နံရံတြင္ ခ်ိတ္ဆြဲျခင္း ျဖင့္လည္းေၾကာင္ေသး ပန္းျခင္း မွကာကြယ္ႏိုင္ပါတယ္။

TV မွန္ျပင္ကို သန႔္ရွင္းလိုပါက အဝတ္ေျခာက္ျဖင့္သာ ပြတ္တိုက္ပါ။ ပြတ္တိုက္၍ မေျပာင္ပါက အဝတ္ကို ေရ အနည္းငယ္စြတ္ ေရျပန္ညစ္ အစိုဓာတ္ပါ႐ုံေလး သာ ထားၿပီး အသုံးျပဳပါ။ ေရမစီးက်ပါေစနဲ႔။

Crd