Unicode
ဆောင်းရာသီကဲ့သို့အေးမြတဲ့ရာသီရောက်လာတဲ့အခါတိုင်း၊ ခန္ဒာကိုယ်တွင်း အပူ ဓာတ်များသူတွေမှာ အပူကန်ထွက်လာပြီး လည်ချောင်းနာလေ့ရှိကြပါတယ်။အဲဒီလို အပူဓာတ်များသူတွေအဖို့ခါတိုင်းထက်ရေပိုသောက်ပေးရမှာဖြစ်ပြီး၊ ပုံမှန်ရေချိုးနေကျ အတိုင်း တစ်နေ့ ၂-ကြိမ်(သို့မဟုတ်) အနည်းဆုံး ၁-ကြိမ် နေ့စဉ်ရေချိုးပေးဖို့လို ပါ တယ်။
ကိုယ်လက်လှုပ်ရှား များများလုပ်ကာ၊ ကောက်ညှင်းပေါင်းလို ဝမ်းချုပ် စာတွေမ စားဘဲ၊ သင်္ဘောသီး၊ ဌက်ပျောသီးတို့လိုဝမ်းနူးစာတွေကိုစားပေးသင့်ပါတယ်။အပူကန်၍လည်ချောင်းနာတဲ့ဝေဒနာဟာ လည်ချောင်းထဲကို မီးစနဲ့ထိုးခံရသလိုပူစပ်
ပူလောင်ခံစားရပြီး၊ အာသီးရောင်သကဲ့ သို့တံတွေးမြိုချတဲ့အခါတိုင်းနာ တဲ့အပြင်၊ လည်ချောင်းထဲက ယား၍ချောင်းဆိုးတတ်ပြန်တာကြောင့် အင်မတန် ခက်ရခက်တဲ့ ဝေဒနာတစ်မျိုးပါဘဲ။ဒိအတွက် စိတ်ညစ်မနေပါနဲ့။
ဟောဒီမှာ ဆေးကောင်းတစ်လက်ရှိပါတယ်။ဒီဆေးဖော်စပ်နည်းက လုပ်ရ တာလွယ်ကူ လို့အထင်မသေးလိုက်ပါနဲ့.ဘေးထွက်ဆိုးကျိုးမရှိဘဲ ပျောက်ကင်းသက်သာသွားစေမယ့် ဆေးကောင်းတစ်ခွက်ဖြစ် လို့ပါ။သဘာဝပျားရည်စစ်စစ်၊ သံပုရာသီး၊
ဂျင်း စတဲ့ ပစ္စည်း ၃-မယ်ရှိရင် ဆေးဖော်စပ် ဖို့ ရပါပြီ။ (၁၀၀% သဘာဝပျားရည်စစ်စစ် ကို City Mart ဆိုင်များနဲ့ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။
သံပုရာသီး ၁-လုံး ကို အစေ့ဖယ် အရည်မညှစ် ဘဲ ခပ်ပါးပါး အချပ်လေးတွေ လှီးပေးရပါမယ်။ ဂျင်း လက် ၂-ဆစ်ခန့်ကို အ ခွံနွှာပြီးနောက်
ခပ်ပါးပါး အချောင်းမျှင်မျှင်လေးတွေရ အောင်လှီးဖြတ်ပါ) စောစော က လှီးဖြတ်ထားတဲ့ သံပုရာသီးအလွှာချပ်လေးတွေနဲ့ ဂျင်းအချောင်းလေးတွေ ကို ခြောက်သွေ့ သန့်ရှင်းတဲ့ ဖန်ပုလင်း လွတ် ၁-လုံး ထဲမှာထဲ့ပြီး၊ ၎င်း တို့မြုပ်ရုံ ပျားရည်စစ်စစ်ကို အပေါ်ကလောင်းချပေးပါ။
ပြီးရင် ဖန်ပုလင်းလေလုံအောင် အဖုံးကို ကျပ်ကျပ်ပိတ်၍ ထိုအရောအနှော ၃-မျိုး ဂျယ်လီပုံစံပြောင်းသွားတဲ့ အထိ ရေခဲသေတ္တာ ထဲမှာ သိမ်းထားရပါမယ်။ဂျယ်လီဖြစ်လာ တဲ့အခါ ၎င်းကိုဇွန်းနဲ့ခပ်ကာ မတ်ခွက် တစ်ခွက်ထဲပြောင်းထဲ့ပြီး ရေနွေးဆူဆူလောင်းချ၍ ခပ်နွေးနွေးအနေ အထားမှာ စားလို့ရ ပါပြီ။ ပျားရည်နဲ့ဓာတ်ပြုထားတာကြောင့် သံပုရာခွံကိုဝါးစား လို့ရပါတယ်။
အဲဒီအချိုးအစားအတိုင်းတစ်နေ့တစ်ကြိမ်ကျသောက်ပေးခြင်းဖြင့် ၃-ရက်မျှကြာတဲ့အခါအပူကန်လည်ချောင်းနာများပျောက်ကင်းသွားပါလိမ့်မယ်
။(ပုလင်းဖုံး လုံလုံပိတ်ပြီး ရေခဲသေတ္တာထဲ မှာ ၂-လ ၃- လ ကြာတဲ့အထိ သိမ်းထား လည်း ဆေးဓာတ်မပြယ်နိုင်ပါဘူး)
Crd
Zawgyi
ေဆာင္းရာသီကဲ့သို႔ေအးျမတဲ့ရာသီေရာက္လာတဲ့အခါတိုင္း၊ ခႏၵာကိုယ္တြင္း အပူ ဓာတ္မ်ားသူေတြမွာ အပူကန္ထြက္လာၿပီး လည္ေခ်ာင္းနာေလ့ရွိၾကပါတယ္။အဲဒီလို အပူဓာတ္မ်ားသူေတြအဖို႔ခါတိုင္းထက္ေရပိုေသာက္ေပးရမွာျဖစ္ၿပီး၊ ပုံမွန္ေရခ်ိဳးေနက် အတိုင္း တစ္ေန႔ ၂-ႀကိမ္(သို႔မဟုတ္) အနည္းဆုံး ၁-ႀကိမ္ ေန႔စဥ္ေရခ်ိဳးေပးဖို႔လို ပါ တယ္။
ကိုယ္လက္လႈပ္ရွား မ်ားမ်ားလုပ္ကာ၊ ေကာက္ညႇင္းေပါင္းလို ဝမ္းခ်ဳပ္ စာေတြမ စားဘဲ၊ သေဘၤာသီး၊ ဌက္ေပ်ာသီးတို႔လိုဝမ္းႏူးစာေတြကိုစားေပးသင့္ပါတယ္။အပူကန္၍လည္ေခ်ာင္းနာတဲ့ေဝဒနာဟာ လည္ေခ်ာင္းထဲကို မီးစနဲ႔ထိုးခံရသလိုပူစပ္
ပူေလာင္ခံစားရၿပီး၊ အာသီးေရာင္သကဲ့ သို႔တံေတြးၿမိဳခ်တဲ့အခါတိုင္းနာ တဲ့အျပင္၊ လည္ေခ်ာင္းထဲက ယား၍ေခ်ာင္းဆိုးတတ္ျပန္တာေၾကာင့္ အင္မတန္ ခက္ရခက္တဲ့ ေဝဒနာတစ္မ်ိဳးပါဘဲ။ဒိအတြက္ စိတ္ညစ္မေနပါနဲ႔။
ေဟာဒီမွာ ေဆးေကာင္းတစ္လက္ရွိပါတယ္။ဒီေဆးေဖာ္စပ္နည္းက လုပ္ရ တာလြယ္ကူ လို႔အထင္မေသးလိုက္ပါနဲ႔.ေဘးထြက္ဆိုးက်ိဳးမရွိဘဲ ေပ်ာက္ကင္းသက္သာသြားေစမယ့္ ေဆးေကာင္းတစ္ခြက္ျဖစ္ လို႔ပါ။သဘာဝပ်ားရည္စစ္စစ္၊ သံပုရာသီး၊
ဂ်င္း စတဲ့ ပစၥည္း ၃-မယ္ရွိရင္ ေဆးေဖာ္စပ္ ဖို႔ ရပါၿပီ။ (၁၀၀% သဘာဝပ်ားရည္စစ္စစ္ ကို City Mart ဆိုင္မ်ားနဲ႔ေဆးဆိုင္ေတြမွာ အလြယ္တကူ ဝယ္ယူရရွိႏိုင္ပါတယ္။
သံပုရာသီး ၁-လုံး ကို အေစ့ဖယ္ အရည္မညႇစ္ ဘဲ ခပ္ပါးပါး အခ်ပ္ေလးေတြ လွီးေပးရပါမယ္။ ဂ်င္း လက္ ၂-ဆစ္ခန္႔ကို အ ခြံႏႊာၿပီးေနာက္
ခပ္ပါးပါး အေခ်ာင္းမွ်င္မွ်င္ေလးေတြရ ေအာင္လွီးျဖတ္ပါ) ေစာေစာ က လွီးျဖတ္ထားတဲ့ သံပုရာသီးအလႊာခ်ပ္ေလးေတြနဲ႔ ဂ်င္းအေခ်ာင္းေလးေတြ ကို ေျခာက္ေသြ႕ သန္႔ရွင္းတဲ့ ဖန္ပုလင္း လြတ္ ၁-လုံး ထဲမွာထဲ့ၿပီး၊ ၎ တို႔ျမဳပ္႐ုံ ပ်ားရည္စစ္စစ္ကို အေပၚကေလာင္းခ်ေပးပါ။
ၿပီးရင္ ဖန္ပုလင္းေလလုံေအာင္ အဖုံးကို က်ပ္က်ပ္ပိတ္၍ ထိုအေရာအေႏွာ ၃-မ်ိဳး ဂ်ယ္လီပုံစံေျပာင္းသြားတဲ့ အထိ ေရခဲေသတၱာ ထဲမွာ သိမ္းထားရပါမယ္။ဂ်ယ္လီျဖစ္လာ တဲ့အခါ ၎ကိုဇြန္းနဲ႔ခပ္ကာ မတ္ခြက္ တစ္ခြက္ထဲေျပာင္းထဲ့ၿပီး ေရေႏြးဆူဆူေလာင္းခ်၍ ခပ္ေႏြးေႏြးအေန အထားမွာ စားလို႔ရ ပါၿပီ။ ပ်ားရည္နဲ႔ဓာတ္ျပဳထားတာေၾကာင့္ သံပုရာခြံကိုဝါးစား လို႔ရပါတယ္။
အဲဒီအခ်ိဳးအစားအတိုင္းတစ္ေန႔တစ္ႀကိမ္က်ေသာက္ေပးျခင္းျဖင့္ ၃-ရက္မွ်ၾကာတဲ့အခါအပူကန္လည္ေခ်ာင္းနာမ်ားေပ်ာက္ကင္းသြားပါလိမ့္မယ္
။(ပုလင္းဖုံး လုံလုံပိတ္ၿပီး ေရခဲေသတၱာထဲ မွာ ၂-လ ၃- လ ၾကာတဲ့အထိ သိမ္းထား လည္း ေဆးဓာတ္မျပယ္ႏိုင္ပါဘူး)
Crd