T.V ေတြ ျဖစ္ေလ့ျဖစ္ထ ရိွေသာျပသနာမ်ား

Unicode

( ၁) ပြုတ်ကျခြင်း၊ ဆောင့်မိခြင်း၊ ကလေးကြောင့် ထိခိုက်မိခြင်း
TV ကို အဝင် အထွက်တံခါးပေါက် ၊ ပြတင်းပေါက်များ အနီးမှာ မထားပါနှင့်။ တိုက်မိလို့သော်လည်ကောင်း၊ ပြတင်းပေါက်မှ လေတိုက်၍ သော်လည်းကောင်း ပြုတ်ကျပျက်စီးနိုင်ပါတယ်။

ပြတင်းပေါက်မှ မိုးပက်လို့လဲ ပျက်စီးတတ်ပါတယ်။ တိုက်မိခြင်း ၊ လေတိုက် ပြုတ်ကျခြင်းမှ ကာကွယ်ရန်အတွက် tv အောက်ခြေ ( stand ) ကို မကြွ စေရန်(Double Tape ) နှစ်ဖက်ကပ်တိပ်ဖြင့် ကပ်ထားပေးပါ။

ကလေးကြောင့် ပျက်စီးခြင်းမှ ကာကွယ်ရန် အတွက် ကလေး မမှီနိုင်သောနေရာတွင်ထားပါ။ နံရံကပ် ( Wall mount) ဖြင့်လဲ ချိတ်ဆွဲထားနိုင်ပါတယ်။

(၂) TV မှန်ပြင်အနီး ခြင်ရိုက်ဘက်တံဖြင့် ရိုက်မိခြင်း
TV မှန်ပြင် ၃ပေ ပတ်လည်တွင် ခြင်ရိုက်ဘက်တံ အသုံးမပြုသင့်ပါ။အချို့သော TV သုံးစွဲ သူများသည် TV မှန်ပေါ်တွင်ခြင် လာနားနေသည် ကိုတွေ့မိပါက ခြင်ရိုက်ဘက်တံဖြင့်မှန်ပြင်နား ကပ်ရိုက်တတ်သည် ကိုတွေ့ရတတ်ပါတယ်။

ထိုသို့ပြုလုပ်ပါက ခြင်ရိုက် ဘက်တံမှ ထွက်ပေါ်လာသော( High voltage) ကြောင့် LCD panel အတွင်းရှိမိုက်ခရို ကာဗွန် လမ်းကြောင်းလေးများ ပြတ်တောက်ပျက်စီးစေတတ်ပါတယ်။

အရောင်မ မှန်ခြင်း ၊အစင်းများပေါ်လာခြင်း၊ရုပ်တုန်ခြင်းများဖြစ်တတ်ပါတယ်။ ထို့သို့ ဖြစ်လာပါက LCD panel မှန်ပြားလိုက် အသစ်လဲရုံသာ ရှိပါတော့တယ်။

(၃ ) မီးအားဆောင့်တက်ခြင်း၊ မိုးကြိုးစက်ကွင်း ဝင်ခြင်း
ရာသီဥတု ကြောင့်သော်လည်ကောင်း၊ အခြေနေတခုခုကြောင့်သော်လည်းကောင်း မီးအားအတက်အကျဖြစ်တတ်ပါတယ်။မြန်မာနိုင်ငံကို ဝင် ရောက်လာတဲ့ Brand new tv အများစုဟာ AC 110V ~ 240V ဆိုပြီးပါကြပါတယ်။

ဆိုလိုတာက မီးအား အနည်းဆုံး ၁၁၀ ဗို့ ကနေအများဆုံး ၂၄၀ ဗို့ အတွင်း ကောင်းမွန်စွာအလုပ်လုပ် နိုင်ပါတယ်။ ဒါဆိုရင် မီးအားကျလဲ သုံးလို့ရနေတာပဲ ဘာလို့ (Safe Guard) ဆေ့ဂတ် ခံ သုံးနေသေးလဲမေးစရာရှိပါတယ်။

TV က ၁၁၀ဗို့ကနေ၂၄၀ဗို့အတွင်း အလုပ်လုပ်နိုင်ပါတယ်။ ဒါပေမဲ့ တသမတ်တည်း တည်ငြိမ်သော ဗို့အားကို လိုအပ်ပါတယ်။ ၁၁၀ ဗို့ ဆိုလဲ တသမတ်တည်း ဖြစ်နေတာ၊ ၂၂၀ ဗို့ တသမတ်တည်းဖြစ်နေတာကို အလွန်ကြိုက်ပါတယ်။

မိနစ် အနည်းငယ်ကြာမှ volt အား ဖြည်းဖြည်းခြင်း အတတ်အကျဖြစ်တာကို ကောင်းမွန်စွာအလုပ်လုပ်နိုင် ပါတယ်။ ဒါပေမဲ့ (Surge Voltage) လို့ခေါ်တဲ့ စက္ကန့်ပိုင်းအတွင်း ဗို့အားအလျှင်အမြန် အတတ် အကျဖြစ်တာကိုတော့ TV များက ခံနိုင်ရည်မရှိပါဘူး။

ဒီအတွက်ကိုကာကွယ် ဖို့အတွက် (Safe Guard) များကိုသုံးစွဲရခြင်းဖြစ်ပါတယ်။ရုတ်တရက် မီးအားအတက်အကျဖြစ်ခြင်းကိုလဲကာကွယ်ပေးပါတယ်။အရည်အသွေးကောင်းတဲ့ (Safe Guard) များကိုသာအသုံးပြုသင့်ပါတယ်။

မိုးတွင်းမှာ မိုးကြိုးစက်ကွင်းဝင်တတ်ပါတယ်။ မိမိ TV အင်တနာ တိုင်အနီး ကိုသော်လည်းကောင်း၊ဓာတ်တိုင်ကိုသော လည်ကောင်း မိုးကြိုးပစ်ရင်TV ပျက်စီးစေတတ်ပါတယ်။မိုးတွေ ရွာပြီး မိုးကြိုးတွေအလွန် ပစ်နေခဲ့ရင် TV မှာတပ်ထားတဲ့ အင်တာနာကြိုး နဲ AC မီးပလပ်ခေါင်းဖြုတ်ထားခြင်းဖြင့်လည်းကာကွယ်နိုင်ပါတယ်။တဆင့်ပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။

မိတ်ဆွေတို့ သိလိုသည် များကိုလို PH 095182441 (GOOD ELECTRONIC)သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Crd

Zawgyi

( ၁) ျပဳတ္က်ျခင္း၊ ေဆာင့္မိျခင္း၊ ကေလးေၾကာင့္ ထိခိုက္မိျခင္း
TV ကို အဝင္ အထြက္တံခါးေပါက္ ၊ ျပတင္းေပါက္မ်ား အနီးမွာ မထားပါႏွင့္။ တိုက္မိလို႔ေသာ္လည္ေကာင္း၊ ျပတင္းေပါက္မွ ေလတိုက္၍ ေသာ္လည္းေကာင္း ျပဳတ္က်ပ်က္စီးႏိုင္ပါတယ္။

ျပတင္းေပါက္မွ မိုးပက္လို႔လဲ ပ်က္စီးတတ္ပါတယ္။ တိုက္မိျခင္း ၊ ေလတိုက္ ျပဳတ္က်ျခင္းမွ ကာကြယ္ရန္အတြက္ tv ေအာက္ေျခ ( stand ) ကို မႂကြ ေစရန္(Double Tape ) ႏွစ္ဖက္ကပ္တိပ္ျဖင့္ ကပ္ထားေပးပါ။

ကေလးေၾကာင့္ ပ်က္စီးျခင္းမွ ကာကြယ္ရန္ အတြက္ ကေလး မမွီႏိုင္ေသာေနရာတြင္ထားပါ။ နံရံကပ္ ( Wall mount) ျဖင့္လဲ ခ်ိတ္ဆြဲထားႏိုင္ပါတယ္။

(၂) TV မွန္ျပင္အနီး ျခင္႐ိုက္ဘက္တံျဖင့္ ႐ိုက္မိျခင္း
TV မွန္ျပင္ ၃ေပ ပတ္လည္တြင္ ျခင္႐ိုက္ဘက္တံ အသုံးမျပဳသင့္ပါ။အခ်ိဳ႕ေသာ TV သုံးစြဲ သူမ်ားသည္ TV မွန္ေပၚတြင္ျခင္ လာနားေနသည္ ကိုေတြ႕မိပါက ျခင္႐ိုက္ဘက္တံျဖင့္မွန္ျပင္နား ကပ္႐ိုက္တတ္သည္ ကိုေတြ႕ရတတ္ပါတယ္။

ထိုသို႔ျပဳလုပ္ပါက ျခင္႐ိုက္ ဘက္တံမွ ထြက္ေပၚလာေသာ( High voltage) ေၾကာင့္ LCD panel အတြင္းရွိမိုက္ခ႐ို ကာဗြန္ လမ္းေၾကာင္းေလးမ်ား ျပတ္ေတာက္ပ်က္စီးေစတတ္ပါတယ္။

အေရာင္မ မွန္ျခင္း ၊အစင္းမ်ားေပၚလာျခင္း၊႐ုပ္တုန္ျခင္းမ်ားျဖစ္တတ္ပါတယ္။ ထို႔သို႔ ျဖစ္လာပါက LCD panel မွန္ျပားလိုက္ အသစ္လဲ႐ုံသာ ရွိပါေတာ့တယ္။

(၃ ) မီးအားေဆာင့္တက္ျခင္း၊ မိုးႀကိဳးစက္ကြင္း ဝင္ျခင္း
ရာသီဥတု ေၾကာင့္ေသာ္လည္ေကာင္း၊ အေျခေနတခုခုေၾကာင့္ေသာ္လည္းေကာင္း မီးအားအတက္အက်ျဖစ္တတ္ပါတယ္။ျမန္မာႏိုင္ငံကို ဝင္ ေရာက္လာတဲ့ Brand new tv အမ်ားစုဟာ AC 110V ~ 240V ဆိုၿပီးပါၾကပါတယ္။

ဆိုလိုတာက မီးအား အနည္းဆုံး ၁၁၀ ဗို႔ ကေနအမ်ားဆုံး ၂၄၀ ဗို႔ အတြင္း ေကာင္းမြန္စြာအလုပ္လုပ္ ႏိုင္ပါတယ္။ ဒါဆိုရင္ မီးအားက်လဲ သုံးလို႔ရေနတာပဲ ဘာလို႔ (Safe Guard) ေဆ့ဂတ္ ခံ သုံးေနေသးလဲေမးစရာရွိပါတယ္။

TV က ၁၁၀ဗို႔ကေန၂၄၀ဗို႔အတြင္း အလုပ္လုပ္ႏိုင္ပါတယ္။ ဒါေပမဲ့ တသမတ္တည္း တည္ၿငိမ္ေသာ ဗို႔အားကို လိုအပ္ပါတယ္။ ၁၁၀ ဗို႔ ဆိုလဲ တသမတ္တည္း ျဖစ္ေနတာ၊ ၂၂၀ ဗို႔ တသမတ္တည္းျဖစ္ေနတာကို အလြန္ႀကိဳက္ပါတယ္။

မိနစ္ အနည္းငယ္ၾကာမွ volt အား ျဖည္းျဖည္းျခင္း အတတ္အက်ျဖစ္တာကို ေကာင္းမြန္စြာအလုပ္လုပ္ႏိုင္ ပါတယ္။ ဒါေပမဲ့ (Surge Voltage) လို႔ေခၚတဲ့ စကၠန႔္ပိုင္းအတြင္း ဗို႔အားအလွ်င္အျမန္ အတတ္ အက်ျဖစ္တာကိုေတာ့ TV မ်ားက ခံႏိုင္ရည္မရွိပါဘူး။

ဒီအတြက္ကိုကာကြယ္ ဖို႔အတြက္ (Safe Guard) မ်ားကိုသုံးစြဲရျခင္းျဖစ္ပါတယ္။႐ုတ္တရက္ မီးအားအတက္အက်ျဖစ္ျခင္းကိုလဲကာကြယ္ေပးပါတယ္။အရည္အေသြးေကာင္းတဲ့ (Safe Guard) မ်ားကိုသာအသုံးျပဳသင့္ပါတယ္။

မိုးတြင္းမွာ မိုးႀကိဳးစက္ကြင္းဝင္တတ္ပါတယ္။ မိမိ TV အင္တနာ တိုင္အနီး ကိုေသာ္လည္းေကာင္း၊ဓာတ္တိုင္ကိုေသာ လည္ေကာင္း မိုးႀကိဳးပစ္ရင္TV ပ်က္စီးေစတတ္ပါတယ္။မိုးေတြ ႐ြာၿပီး မိုးႀကိဳးေတြအလြန္ ပစ္ေနခဲ့ရင္ TV မွာတပ္ထားတဲ့ အင္တာနာႀကိဳး နဲ AC မီးပလပ္ေခါင္းျဖဳတ္ထားျခင္းျဖင့္လည္းကာကြယ္ႏိုင္ပါတယ္။တဆင့္ျပန္လည္မွ်ေဝျခင္းသာျဖစ္ပါတယ္။

မိတ္ေဆြတို႔ သိလိုသည္ မ်ားကိုလို PH 095182441 (GOOD ELECTRONIC)သို႔ ဆက္သြယ္ေမးျမန္းႏိုင္ပါတယ္။

Crd