အရက္ျဖတ္ေဆး၊ ေဆးေကာင္းတစ္လက္

Unicode

အရက်ဖြတ်ဆေး

အရက်ဆိုသည်မှာစွဲမိပြီဆိုလျှင် ဖြတ်ဖို့ခက်လှေ ပသည်။တချ ို့ကားအရက်ဖြတ်သည် ။ကြိုးစားပြီး နေကြည့်သည် ။သို့သော် စိတ်ကမပြတ်သဖြင့်ခဏတာ။သိပ်ပြီးမစွဲလန်း၊အသက်ကလည်းငယ်သေးတယ်ဆိုရင်တော့၊စိတ်က ဖြတ်မည်ဆိုသော ဆုံးဖြတ်ချက်တစ်ခုသာ အရေးကြီးပါသည်။

အရက်ဖြတ်နည်း မျိုးစုံရှိပါသည်။ စမ်းကြည့်ပါ ။၎င်းနည်းကတော့ သက်ရင်းကြီးမြစ်ကိုထန်းလျက်နှင့်စိမ်ကာ နေ့စဉ်သောက်ပေးပါက အရက်သောက်ချင် စိတ်ပျောက်ကွယ်သွားသည်ဟုဆိုသည်။ထိုနည်းဖြင့် အရက်ပြတ်လိုသူများ အရက်ပြတ်သွားခြင်း လက်တေ့ွ မကြာခဏကြုံခဲ့ဖူးပါ၍

လိုသူတို့သုံးစွဲနိုင်ပါရန် တင်ပြလိုက်ပါသည်။(၁)သက်ရင်းကြီးမြစ် (၁၀)သား(ခုတ်ထစ်ပြီးထည့်) (၂)ထန်းလျက်(၅)ကျပ်သား (၃)ဆားအနည်းငယ်ထိုသုံးမျိုးကို စိမ်ပြီးနေ့စဉ်သောက်ပေးစေခြင်းဖြစ်သည်။ အရက်သောက်လိုစိတ်ရှိတိုင်း သောက်ပေးရသည်။

နောက်ပိုင်း အရက်သောက်လိုစိတ်မရှိတော့ပါ။အချို့ သက်ရင်းကြီးအရွက်အညွန့်လေးများကို မီးအုံးပြီးလည်းတို့စားကြသည်။သက်ရင်းကြီး၏ ထူးခြားချက်မှာ လွန်ကဲစွာသုံးစွဲခြင်းကြောင့် မည်သည့်အခါမှအကျိုးယုတ်ခြင်းမရှိခြင်းဖြစ်သည်ဟု အရှင်နာဂသိန်ကျမ်းတွင်ဆိုပါသည်။

လက်တင်ဘာသာဖြင့် (Croton Oblongifolius) ဖြစ်သည်။သက်ရင်းကြီးသည် အဆိပ်ကိုနိင်နင်းပြီး ဖောရောင်ခြင်းအတွက် ကုသရာတွင် ရှေ့တန်းကျကျစွမ်းဆောင်နိုင်သောဆေးပင်ဖြစ်သည်။

ဆေးကျမ်းများတွင် သက်ရင်းကြီးနှင့်ပတ်သက်ပြီး ပျောက်ကင်း နိုင်သောရောဂါများစွာရှိနေကြောင်းဖေါ်ပြ ထားပါသည်။ကျန်းမာချမ်းသာကြပါစေ။

Crd

Zawgyi

အရက္ျဖတ္ေဆး

အရက္ဆိုသည္မွာစြဲမိၿပီဆိုလွ်င္ ျဖတ္ဖို႔ခက္ေလွ ပသည္။တခ် ို႔ကားအရက္ျဖတ္သည္ ။ႀကိဳးစားၿပီး ေနၾကည့္သည္ ။သို႔ေသာ္ စိတ္ကမျပတ္သျဖင့္ခဏတာ။သိပ္ၿပီးမစြဲလန္း၊အသက္ကလည္းငယ္ေသးတယ္ဆိုရင္ေတာ့၊စိတ္က ျဖတ္မည္ဆိုေသာ ဆုံးျဖတ္ခ်က္တစ္ခုသာ အေရးႀကီးပါသည္။

အရက္ျဖတ္နည္း မ်ိဳးစုံရွိပါသည္။ စမ္းၾကည့္ပါ ။၎နည္းကေတာ့ သက္ရင္းႀကီးျမစ္ကိုထန္းလ်က္ႏွင့္စိမ္ကာ ေန႔စဥ္ေသာက္ေပးပါက အရက္ေသာက္ခ်င္ စိတ္ေပ်ာက္ကြယ္သြားသည္ဟုဆိုသည္။ထိုနည္းျဖင့္ အရက္ျပတ္လိုသူမ်ား အရက္ျပတ္သြားျခင္း လက္ေတ့ြ မၾကာခဏႀကဳံခဲ့ဖူးပါ၍

လိုသူတို႔သုံးစြဲႏိုင္ပါရန္ တင္ျပလိုက္ပါသည္။(၁)သက္ရင္းႀကီးျမစ္ (၁၀)သား(ခုတ္ထစ္ၿပီးထည့္) (၂)ထန္းလ်က္(၅)က်ပ္သား (၃)ဆားအနည္းငယ္ထိုသုံးမ်ိဳးကို စိမ္ၿပီးေန႔စဥ္ေသာက္ေပးေစျခင္းျဖစ္သည္။ အရက္ေသာက္လိုစိတ္ရွိတိုင္း ေသာက္ေပးရသည္။

ေနာက္ပိုင္း အရက္ေသာက္လိုစိတ္မရွိေတာ့ပါ။အခ်ိဳ႕ သက္ရင္းႀကီးအ႐ြက္အၫြန႔္ေလးမ်ားကို မီးအုံးၿပီးလည္းတို႔စားၾကသည္။သက္ရင္းႀကီး၏ ထူးျခားခ်က္မွာ လြန္ကဲစြာသုံးစြဲျခင္းေၾကာင့္ မည္သည့္အခါမွအက်ိဳးယုတ္ျခင္းမရွိျခင္းျဖစ္သည္ဟု အရွင္နာဂသိန္က်မ္းတြင္ဆိုပါသည္။

လက္တင္ဘာသာျဖင့္ (Croton Oblongifolius) ျဖစ္သည္။သက္ရင္းႀကီးသည္ အဆိပ္ကိုနိင္နင္းၿပီး ေဖာေရာင္ျခင္းအတြက္ ကုသရာတြင္ ေရွ႕တန္းက်က်စြမ္းေဆာင္ႏိုင္ေသာေဆးပင္ျဖစ္သည္။

ေဆးက်မ္းမ်ားတြင္ သက္ရင္းႀကီးႏွင့္ပတ္သက္ၿပီး ေပ်ာက္ကင္း ႏိုင္ေသာေရာဂါမ်ားစြာရွိေနေၾကာင္းေဖၚျပ ထားပါသည္။က်န္းမာခ်မ္းသာၾကပါေစ။

Crd