
Unicode

ခြေထောက်နှစ်ဖက်လုံးဆုံးရှုံးသွားရသော်လည်း မိဘနှစ်ပါးအား ဝန်ထုပ်ဝန်ပိုးမဖြစ်စေလို၍ ဖိနပ်ချုပ်လုပ်ကာ အသက်မွေးဝမ်းကျောင်းပြုနေသော အမျိုးသား

တရုတ်နိုင်ငံ ဟီနန်ပြည်နယ်တွင် နေထိုင်သော အသက်၃၁နှစ်အရွယ် အမျိုးသားတစ်ဦးသည် မွေးရာပါ ကြွက်သားဖောက်ပြန်ခြင်းကြောင့် လမ်းမလျှောက်နိုင်တော့ပဲ ခြေထောက်နှစ်ဖက်အစား ဘီးနှစ်ဘီးကိုသာ လှိမ့်တွန်းကာ အသုံးပြုခဲ့ရသည်။

အမျိုးသားသည် သူတစ်ပါးအပေါ်အကောင်းမြင်တတ်သည့်စိတ်လေးရှိပြီး မသန်စွမ်းဖြစ်နေလို့ဆိုပြီးမိဘနှစ်ပါးအတွက်ဝန်ထုပ်ဝန်ပိုးတစ်ခုလို ဖြစ်နေမှာကိုစိုးရိမ်ကာကိုယ်ပိုင်အစွမ်းအစနဲ့ပဲ ရပ်တည်နိုင်အောင် ကြိုးစားခဲ့ပြီး အိမ်မှုကိစ္စများစွာကိုလည်း လုပ်ကိုင်ကူခဲ့သည်။

ထို့အတူ အမျိုးသားသည် မိသားစုမှ လယ်သမားတွေဖြစ်တာကြောင့်အရှုံးပေါ်သည့်နှစ်များတွင်စားဝတ်နေရေးကျပ်တည်းလွန်းသည့်အတွက် ကျောင်းအစောထွက်ပြီး လမ်းမပေါ်ထွက်ကာ ဖိနပ်ဟောင်းတွေကိုပြန်လည်ချုပ်ပေးသည့် လုပ်ငန်းဖြင့် ဝင်ငွေရှာရင်း မိသားစုအသုံးစရိတ်အတွက် ထောက်ပံ့ပေးခဲ့သည်။

crd

Zawgyi





crd