Unicode
တရုတ်နိုင်ငံ Hubei ပြည်နယ်မှ အသက် 81 နှစ်အရွယ် အဘိုးအို Luo Yingjiu ဟာ “ကမ္ဘာ့အထီးကျန်ဆုံးတိရစ္ဆာန်ရုံ” မှာရှိတဲ့ ဖျားနာပြီး မသန်မစွမ်းတဲ့တိရစ္ဆာန်များကို ပြုစုစောင့်ရှောက်ရင်း သူ့ဘဝရဲ့နောက်ဆုံးဆယ်စုနှစ် ၃ ခုကို ကုန်ဆုံးခဲ့ပါတယ် ။
အဘိုး Luo Yingjiu ဟာ အစပိုင်းမှာ တိရိစ္ဆာန်များကို စတင်ဝယ်ယူကာ သူနဲ့အတူ အိမ်သို့ ခေါ်ဆောင်ခဲ့ပါတယ် ။ သူက အိမ်မွေးတိရစ္ဆာန်စုဆောင်းသူအဖြစ် မဟုတ်ဘဲ တိရစ္ဆာန်ချစ်သူတစ်ဦးအနေဖြင့်လှောင်အိမ်ထဲမှာ လှောင်ထားကာ လမ်းများပေါ်မှာ ရောင်းစားခံနေရတဲ့ မသန်မစွမ်းနဲ့ ဖျားနာနေတဲ့ သတ္တဝါမျိုးစုံကို မြင်တွေ့နေရတော့ သနားစိတ်နဲ့ မွေးစားခဲ့တာပါ ။
ဒါကြောင့် သူတို့ကို ဝယ်ပြီး အိမ်ပြန်ခေါ်သွားကာ ကျန်းမာရေး ပြန်ကောင်းလာဖို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ် ။ အပြည့်အဝပြန်လည်ကောင်းမွန်လာခဲ့တဲ့ တိရစ္ဆာန်များကို နောက်ဆုံးမှာ တောထဲသို့ပြန်လွှတ်ပေးခဲ့ပေမဲ့အချို့မှာ ဂရုပြုမှုလိုအပ်သောကြောင့် ဆိုးရွားတဲ့ပုံစံဖြင့် Luo နားကနေ ထွက်မသွားချင်တဲ့ တိရစ္ဆာန်များလည်းရှိပါတယ် ။
သူ့အိမ်မှာ တိရစ္ဆာန်များစွာ ထားရှိခြင်းက တစ်ကိုယ်ရေသန့်ရှင်းမှု ကင်းမဲ့ပြီး ရပ်ကွက်တစ်ခုလုံးအတွက် ပြဿနာဖြစ်စေတယ်လို့ ယူဆသောကြောင့် သင့်လျော်တဲ့ တိရစ္ဆာန်အမိုးအကာတစ်ခု
ထူထောင်ရန် ရက်ကွက်လူတွေက ငွေကြေးအကူအညီ ပေးခဲ့ဒါကြောင့် ကမ္ဘာ့အထီးကျန်ဆုံးတိရစ္ဆာန်ရုံကို တည်ထောင်ခဲ့ပါတယ် ။
ယနေ့မှာ Luo Yingjiu က တိရစ္ဆာန်များအတွက် အစာနဲ့ ဆေးဝါးများဝယ်ရန် သူ့ရဲ့ လစဉ် ပင်စင်လစာ – ယွမ် ၃၀၀၀ (အမေရိကန်ဒေါ်လာ ၄၇၅ ဝန်းကျင်) ကို အသုံးပြုကာ“ကမ္ဘာ့အထီးကျန်ဆုံးတိရစ္ဆာန်ရုံ” ကို ဆက်လက်လည်ပတ်နေပါတယ် ။ Luo Yingjiu က ထူးခြားတဲ့ တိရစ္ဆာန်ချစ်သူများထဲမှ တစ်ဦးသာဖြစ်တယ်လို့ ဆိုနိုင်ပါတယ် ။
Crd
Zawgyi
တ႐ုတ္ႏိုင္ငံ Hubei ျပည္နယ္မွ အသက္ 81 ႏွစ္အ႐ြယ္ အဘိုးအို Luo Yingjiu ဟာ “ကမာၻ႔အထီးက်န္ဆုံးတိရစာၦန္႐ုံ” မွာရွိတဲ့ ဖ်ားနာၿပီး မသန္မစြမ္းတဲ့တိရစာၦန္မ်ားကို ျပဳစုေစာင့္ေရွာက္ရင္း သူ႔ဘဝရဲ႕ေနာက္ဆုံးဆယ္စုႏွစ္ ၃ ခုကို ကုန္ဆုံးခဲ့ပါတယ္ ။
အဘိုး Luo Yingjiu ဟာ အစပိုင္းမွာ တိရိစာၦန္မ်ားကို စတင္ဝယ္ယူကာ သူနဲ႔အတူ အိမ္သို႔ ေခၚေဆာင္ခဲ့ပါတယ္ ။ သူက အိမ္ေမြးတိရစာၦန္စုေဆာင္းသူအျဖစ္ မဟုတ္ဘဲ တိရစာၦန္ခ်စ္သူတစ္ဦးအေနျဖင့္ေလွာင္အိမ္ထဲမွာ ေလွာင္ထားကာ လမ္းမ်ားေပၚမွာ ေရာင္းစားခံေနရတဲ့ မသန္မစြမ္းနဲ႔ ဖ်ားနာေနတဲ့ သတၱဝါမ်ိဳးစုံကို ျမင္ေတြ႕ေနရေတာ့ သနားစိတ္နဲ႔ ေမြးစားခဲ့တာပါ ။
ဒါေၾကာင့္ သူတို႔ကို ဝယ္ၿပီး အိမ္ျပန္ေခၚသြားကာ က်န္းမာေရး ျပန္ေကာင္းလာဖို႔ အစြမ္းကုန္ ႀကိဳးစားခဲ့ပါတယ္ ။ အျပည့္အဝျပန္လည္ေကာင္းမြန္လာခဲ့တဲ့ တိရစာၦန္မ်ားကို ေနာက္ဆုံးမွာ ေတာထဲသို႔ျပန္လႊတ္ေပးခဲ့ေပမဲ့အခ်ိဳ႕မွာ ဂ႐ုျပဳမႈလိုအပ္ေသာေၾကာင့္ ဆိုး႐ြားတဲ့ပုံစံျဖင့္ Luo နားကေန ထြက္မသြားခ်င္တဲ့ တိရစာၦန္မ်ားလည္းရွိပါတယ္ ။
သူ႔အိမ္မွာ တိရစာၦန္မ်ားစြာ ထားရွိျခင္းက တစ္ကိုယ္ေရသန႔္ရွင္းမႈ ကင္းမဲ့ၿပီး ရပ္ကြက္တစ္ခုလုံးအတြက္ ျပႆနာျဖစ္ေစတယ္လို႔ ယူဆေသာေၾကာင့္ သင့္ေလ်ာ္တဲ့ တိရစာၦန္အမိုးအကာတစ္ခု
ထူေထာင္ရန္ ရက္ကြက္လူေတြက ေငြေၾကးအကူအညီ ေပးခဲ့ဒါေၾကာင့္ ကမာၻ႔အထီးက်န္ဆုံးတိရစာၦန္႐ုံကို တည္ေထာင္ခဲ့ပါတယ္ ။
ယေန႔မွာ Luo Yingjiu က တိရစာၦန္မ်ားအတြက္ အစာနဲ႔ ေဆးဝါးမ်ားဝယ္ရန္ သူ႔ရဲ႕ လစဥ္ ပင္စင္လစာ – ယြမ္ ၃၀၀၀ (အေမရိကန္ေဒၚလာ ၄၇၅ ဝန္းက်င္) ကို အသုံးျပဳကာ“ကမာၻ႔အထီးက်န္ဆုံးတိရစာၦန္႐ုံ” ကို ဆက္လက္လည္ပတ္ေနပါတယ္ ။ Luo Yingjiu က ထူးျခားတဲ့ တိရစာၦန္ခ်စ္သူမ်ားထဲမွ တစ္ဦးသာျဖစ္တယ္လို႔ ဆိုႏိုင္ပါတယ္ ။
Crd