
Unicode

ဈေးထဲမှာကုန်ပစ္စည်းများလိုက်ထမ်းရင်းကိုယ့်ဝမ်းကိုယ်ကျောင်းနေဆဲဖြစ်သောအသက်၇၀ကျော်အရွယ်အဖွားအိုတစ်ဦး

ဖိလစ်ပိုင်နိုင်ငံမှအသက်၇၀ကျော်အရွယ် အဖွားအိုတစ်ဦးသည်သားသမီးတွေရှိသော်လည်းအိမ်ထောင်ကျပြီးနောက်အခက်အခဲကိုယ်စီရှိကြရာမိခင်ဖြစ်သူနဲ့အတူမနေပဲ အခြားနယ်တစ်ခုမှာ ပြောင်းရွှေ့နေထိုင်ကုန်ကြသည်။

ထို့ကြောင့်အဖွားအိုသည်အိမ်ငယ်လေးတွင်တစ်ယောက်တည်းအထီးကျန်စွာနေခဲ့ရင်းစားဝတ်နေရေးအတွက်အရင်တည်းကအသက်မွေးကျောင်းပြုရန်လုပ်ကိုင်လာခဲ့သော ကုန်တင်ကုန်ချအလုပ်အားအနားမယူရသေးပဲလုပ်ဆောင်နေဆဲဖြစ်သည်။

အဖွားအိုသည် ဈေးထဲတွင် အထည်ထုပ်နှင့် အခြားသော ပစ္စည်းထုပ်ကြီးတွေကို ချည့်နဲ့နေပြီဖြစ်သောအားအင်လေးနဲ့ကြိုးစားရုန်းကန်နေခြင်းဖြင့်မြင်တွေ့သူများမှသနားလွန်း၍ အနားယူရန်မုန့်ဖိုးလေးတွေပေးခဲ့ကြသော်လည်း အဖွားအိုမှ လက်ခံခြင်းမရှိခဲ့ပေ။

အဖွားအိုသည် သူမလုပ်ကိုင်နိုင်သေးသရွှေ့ကိုယ့်အားကိုယ်ကိုးပြီးတတ်စွမ်းနိုင်သလောက် လုပ်ကိုင်သွားမည်ဖြစ်ပြီးတစ်ပါးသူဆီကနေလွယ်လွယ်ကူကူနဲ့မလိုချင်ကြောင်းဆိုခဲ့၍ အဖွားအို၏ စိတ်ထားလေးမှာ လေးစားချီးကျူးဖွယ် ကောင်းလှသည်။

crd

Zawgyi






crd