ေက်ာင္းဆင္းခ်ိန္တိုင္း မိခင္ျဖစ္သူမွ စက္ဘီးနဲ႔လာႀကိဳေသာ္လည္း ေနာက္ကေမာင္ေလး၂ေယာက္ပါတင္ေခၚလာ၍ စက္ဘီးမစီးရပဲ ေျပးျပန္ခဲ့ရေသာ ကေလးမေလး

Unicode

ကျောင်းဆင်းချိန်တိုင်း မိခင်ဖြစ်သူမှ စက်ဘီးနဲ့လာကြိုသော်လည်း နောက်ကမောင်လေး၂ယောက်ပါတင်ခေါ်လာ၍ စက်ဘီးမစီးရပဲ ပြေးပြန်ခဲ့ရသောကလေးမလေး

ထိုင်ဝမ်နိုင်ငံ Gia Nghiaခရိုင်တွင် နေထိုင်သော အသက်၅နှစ်အရွယ် ကလေးမလေးသည် ဖခင်ဖြစ်သူမှာ ရေပိုက်ပြင်သမားအဖြစ် လုပ်ကိုင်ကာ ဝင်ငွေရှာရင်း မိသားစုကိုထောက်ပံ့ပေးနေသော်လည်း မောင်နှမသုံးယောက်ရှိရာ ကျောင်းသွားရာ၌ အခက်အခဲလေးရှိခဲ့သည်။

ဖခင်ဖြစ်သူက မနက်အလုပ်သွားစဉ် ဆိုင်ကယ်ဟောင်းလေးနဲ့ လမ်းကြုံသည့်အတွက် သမီးလေးအား ကျောင်းလိုက်ပို့ပေးခဲ့ရာ ညနေကျောင်းဆင်းချိန်တွင် မိခင်ဖြစ်သူမှ စက်ဘီးလေးစီးကာ အိမ်ကနေလာကြိုပေးလေ့ရှိသည်။

သို့သော်လည်း ကလေးမလေးသည် မိခင်ဖြစ်သူမှ စက်ဘီးနှင့် လာကြိုတိုင်း အိမ်မှာ မောင်လေး၂ ယောက်အား ကြည့်ပေးမည့်သူ မရှိ၍ ခေါ်ဆောင်ခဲ့ရကာ ကလေးမလေးသည် အနစ်နာခံပြီး လေ့ကျင့်ခန်းလုပ်တယ်လို့သဘောထားပြီး မိခင်ဖြစ်သူရဲ့စက်ဘီးဘေးကနေ အိမ်သို့လိုက်ပြေးပြန်ခဲ့ရသည်။

ထိုအဖြစ်ကို မြင်တွေ့သူများမှ ကလေးမလေးအား သနားမိပြီး ကျောင်းသွားသည့်အခါ အခက်အခဲမရှိလေအောင် စက်ဘီးလေးသစ်တစ်စီးအား ပေးအပ်လှူဒါန်းခဲ့သည်။

crd

Zawgyi

ေက်ာင္းဆင္းခ်ိန္တိုင္း မိခင္ျဖစ္သူမွ စက္ဘီးနဲ႔လာႀကိဳေသာ္လည္း ေနာက္ကေမာင္ေလး၂ေယာက္ပါတင္ေခၚလာ၍ စက္ဘီးမစီးရပဲ ေျပးျပန္ခဲ့ရေသာ ကေလးမေလး

ထိုင္ဝမ္ႏိုင္ငံ Gia Nghiaခ႐ိုင္တြင္ ေနထိုင္ေသာ အသက္၅ႏွစ္အ႐ြယ္ ကေလးမေလးသည္ ဖခင္ျဖစ္သူမွာ ေရပိုက္ျပင္သမားအျဖစ္ လုပ္ကိုင္ကာ ဝင္ေငြရွာရင္း မိသားစုကိုေထာက္ပံ့ေပးေနေသာ္လည္း ေမာင္ႏွမသုံးေယာက္ရွိရာ ေက်ာင္းသြားရာ၌ အခက္အခဲေလးရွိခဲ့သည္။

ဖခင္ျဖစ္သူက မနက္အလုပ္သြားစဥ္ ဆိုင္ကယ္ေဟာင္းေလးနဲ႔ လမ္းႀကဳံသည့္အတြက္ သမီးေလးအား ေက်ာင္းလိုက္ပို႔ေပးခဲ့ရာ ညေနေက်ာင္းဆင္းခ်ိန္တြင္ မိခင္ျဖစ္သူမွ စက္ဘီးေလးစီးကာ အိမ္ကေနလာႀကိဳေပးေလ့ရွိသည္။

သို႔ေသာ္လည္း ကေလးမေလးသည္ မိခင္ျဖစ္သူမွ စက္ဘီးႏွင့္ လာႀကိဳတိုင္း အိမ္မွာ ေမာင္ေလး၂ ေယာက္အား ၾကည့္ေပးမည့္သူ မရွိ၍ ေခၚေဆာင္ခဲ့ရကာ ကေလးမေလးသည္ အနစ္နာခံၿပီး ေလ့က်င့္ခန္းလုပ္တယ္လို႔သေဘာထားၿပီး မိခင္ျဖစ္သူရဲ႕စက္ဘီးေဘးကေန အိမ္သို႔လိုက္ေျပးျပန္ခဲ့ရသည္။

ထိုအျဖစ္ကို ျမင္ေတြ႕သူမ်ားမွ ကေလးမေလးအား သနားမိၿပီး ေက်ာင္းသြားသည့္အခါ အခက္အခဲမရွိေလေအာင္ စက္ဘီးေလးသစ္တစ္စီးအား ေပးအပ္လႉဒါန္းခဲ့သည္။

crd