
Unicode

ကိုယ်ပိုင်ကျောင်းမှငြင်းပယ်ခံရတဲ့ အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးက အိုင်းစတိုင်းထက် IQ မြင့်မားနေကြောင်းတွေ့ရှိခဲ့ရ

UK မှာနေထိုင်တဲ့ အသက် 11 နှစ်အရွယ်Mia Golosino အမည်ရှိ ဖိလစ်ပိုင်မိန်းကလေးတစ်ဦးဟာAylesbury High grammarကျောင်းရဲ့ဝင်ခွင့်စာမေးပွဲကို ကိုယ်တိုင်လေ့ကျင့်ဖြေဆိုခဲ့ပေမဲ့

သူမအား ကျောင်းမှ သူမက လိုအပ်တာထက် အသေးစိတ်ပိုဖြေခဲ့ခြင်းကြောင့် ကျောင်းအပ်ရန်ငြင်းပယ်တဲ့စာတစ်စောင်ရရှိခဲ့ပါတယ်။

ထို့နောက် Mia ရဲ့မိဘများဖြစ်ကြတဲ့ Jose အမည်ရှိအမျိုးသား နှင့် Mary အမည်ရှိအမျိုးသမီးတို့ဇနီးမောင်နှံနှစ်ဦးဟာ Aylesbury High ကျောင်းက သမီးလေးဖြစ်သူရဲ့ပထမဆုံး

ရွေးချယ်မှုဖြစ်တာကြောင့် ထိုကျောင်းရဲ့ဆုံးဖြတ်ချက်ကိုအယူခံဝင်ရာမှာကူညီပေးရန်အတွက် Mia အား Mensa IQ စစ်ဆေးမှုကိုဖြေဆိုခွင့်ပေးရန်ဆုံးဖြတ်ခဲ့ကြပါတယ်။

Mensa app များကို တစ်ပတ်မှာ တစ်ရက် ၁၅ မိနစ်ခန့်ကစားကြည့်ပြီးနောက် Mia ဟာ စာမေးပွဲဖြေဆိုရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်ပါတယ်။

မိသားစုများဟာ Mia ကရလဒ်ကောင်းများရရှိလိမ့်မယ်လို့မျှော်လင့်ထားပေမဲ့လည်း Mensa app မှ Mia ရဲ့ IQ မှာ 162 ရှိကြောင်းဆိုတဲ့စာတစ်စောင်ကိုလက်ခံရရှိတဲ့အခါမှာ

၎င်းတို့ အလွန်ပင် တုန်လှုပ်သွားခဲ့ရသလို နာမည်ကျော်များဖြစ်ကြတဲ့ သီအိုရီ ရူပဗေဒပညာရှင် Stephen Hawking နှင့် Albert Einstein တို့နှစ်ဦးစလုံးက

IQ 160 ရှိတယ်လို့သိထားခဲ့ပေမဲ့ Mia ရဲ့ IQ က 162 ရှိတယ်လို့သိလိုက်ရတော့ ၎င်းတို့အရမ်းကိုအံ့အားသင့်သွားခဲ့ရကြောင်းပြောကြားခဲ့ပါတယ်။

“ UK Buckingham မြို့မှာရှိတဲ့ Royal Latin School မှ Miaကိုဖိတ်ခေါ်တဲ့စာတစ်စောင်ကိုမြင်လိုက်ရတာကလည်းမယုံနိုင်စရာပါပဲ၊

သူမက British Mensa အဖွဲ့ဝင်ဖြစ်လာဖို့ ထိပ်တန်း 2 ရာခိုင်နှုန်းအတွင်း ရလဒ်တွေထဲမှတစ်ခုဘဲလိုအပ်တယ်၊

ဒါ့ကြောင့် ကျွန်တော်တို့ကAylesbury Highရဲ့စီရင်ခံချက်ကိုအရေးမလုပ်တော့ဘဲ Mia ကို Buckingham မှာရှိတဲ့ Royal Latin School ကိုတက်ဖို့လက်ခံကြောင်းစာတစ်စောင်ကို အစောပိုင်းမှာကတည်းကပြန်ပေးပို့ခဲ့ပြီးပြီဖြစ်တယ် ” လို့ ဖခင် Jose ကပြောကြားခဲ့ပါတယ်။

“ အဲ့ဒီကျောင်းက သူမအတွက် အကောင်းဆုံးကျောင်းလို့ကျွန်တော်ထင်တယ်၊ ဒါ့ကြောင့် သူမအစား အဲ့နေရာမှာ ကျောင်းတက်ဖို့ဆုံးဖြတ်ပေးခဲ့တယ် ၊

သမီးလေးရဲ့နောင်လာမဲ့အနာဂတ်ကိုလည်း စိတ်တစားစောာင့်ကြည့်နေတယ် “ လို့လည်း သူမရဲ့ဖခင်က ဆက်ပြောပြထားခဲ့ပါတယ်။

” Mia က မိန်းကလေး ပါဝါကြီးပြီး ယောက်ျားလေးတွေရဲ့ထက်မြက်မှုကိုမလိုချင်တာကြောင့် မိန်းကလေးကျောင်းကို တကယ်သွားချင်ခဲ့တာပါ၊

အဲဒါကဘဲ သူ့ယုံကြည်မှုကို အမှန်တကယ် အထောက်အကူဖြစ်စေတယ်လို့ ကျွန်မထင်ပါတယ်၊

အခုတော့ Mensa စာမေးပွဲမှ ရလဒ်ပို့စ်တင်တဲ့နေ့ကိုစောင့်ဆိုင်းနေပါတယ် ”လို့ မိခင် Mary က ဆက်လက်ပြောကြားခဲ့ပါတယ်။

crd

Zawgyi


















crd