Unicode
အသက်၂၅နှစ်အရွယ်မှာပဲ နိုင်ငံခြားမှာ ထရပ်ကားမောင်းသူအဖြစ် ဝင်ရောက်လုပ်ကိုင်နိုင်ခဲ့သော မိန်းကလေး
များသောအားဖြင့် မိသားစုတစ်စုမှ လုပ်ကိုင်သော စီးပွားရေး သို့မဟုတ် အသက်မွေးဝမ်းကျောင်း ပြုရာအလုပ်အကိုင်တို့သည် မိဘတို့ဧ။်ခြေရာအတိုင်း သားသမီးတွေလည်း လိုက်ကြတာများသည်။
သို့ဖြစ်၍ ထိုင်းနိုင်ငံမှ အသက်၂၅နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ထရပ်ကားမောင်းသော မိဘနှစ်ပါးဆီကနေ လေ့လာသင်ယူရင်း ငယ်ငယ်ရွယ်ရွယ်နှင့် အထင်ကြီးလေးစားဖွယ်ရာ ကားဒါရိုက်ဘာတစ်ယောက်ပင် ဖြစ်နေပြီဖြစ်သည်။
မိန်းကလေးသည် ကိုယ်ပိုင်ဝင်ငွေရှာချင်၍ ဒေသရှိစားသောက်ဆိုင်တစ်ခုတွင် အလုပ်ဝင်လုပ်ကာ တက္ကသိုလ်ကျောင်းပြီးတာနဲ့ ဘွဲ့ယူပြီး မိသားစုဧ။် အသက်မွေးဝမ်းကျောင်းဖြစ်သော ထရပ်ကားမောင်းနှင်ခြင်းကို စပြီးလေ့လာခဲ့သည်။
မိန်းကလေးသည် အသက်၂၅နှစ်ပြည့်သောအခါ အမေရိကရှိ ယာဉ်မောင်းလိုင်စင်စာမေးပွဲကို အောင်မြင်ခဲ့ပြီး အကြီးဆုံးပို့ဆောင်ရေး ကုမ္ပဏီ၅ခုမြောက်တွင် ဝင်ရောက်လုပ်ကိုင်ကာ ဝင်ငွေများစွာ ရှာနိုင်ပြီဖြစ်သည့်အတွက် မိန်းကလေးဧ။်ထူးချွန်မှုကြောင့် အများမှချီးမွမ်းခဲ့ကြသည်။
Crd
Zawgyi