ငွေကိုစောင့်ရှောက်သော သက်မဲ့အစောင့်အရှောက်များ
Unicode
#ငွေကိုဘယ်လိုထားမလဲ၊ငွေကို ပိုက်ဆံအိတ် အံဆွဲ မီးခံသေတ္တာ စသည်မှာ ထားပါတယ်။ ဒါပေမဲ့ထားတဲ့နည်းစံနစ် လိုပါတယ်။မိမိငွေ အဝင်များဖို့
အထွက်နည်းဖို့လာဘ်ကောင်းဖို့လုံခြုံစိတ်ချဖို့ ကံတက်စေဖို့ အဝင်ကောင်း သလိုအထွက်လည်းကောင်းသောနည်းနဲ့သာ ထွက်ဖို့ ဖုန်းရွှေFung Shui ပညာက အခုလိုအကြံပြုပါတယ်။
၁ ။ ကရဝေးရွက် နဲ့အတူထားပါ။ အကျိုးအနာ မပါသော ကရဝေး ရွက် အနည်းဆုံး တစ်ရွက်နဲ့ အတူထားပါ။ ငွေပွားများ လာစေပါတယ်။
၂ ။ အကျိုးအနာမပါတဲ့ဆန်စေ့ ၂၁ စေ့ကို ပလတ်စတစ်အိတ်ကလေးနဲ့ထုပ်ပြီး ငွေနဲ့အတူထားပါ။လာဘ်ပွင့်လန်းစေတဲ့အပြင်
မလိုအပ်ပဲငွေထွက်ခြင်းကိုကာကွယ်ပေးပါတယ်။
၃ ။ ပင်လယ်ဆား အနည်းငယ် ကိုပလတ်စတစ် အိတ်ကလေးနဲ့ ထုပ်ပြီးငွေနဲ့အတူထားပါ။ငွေကြေး အရှုပ်အရှင်းကိစ္စကြွေးမြှီ အမှုအခင်းကိစ္စများကာကွယ်ပေးပါတယ်။
၄။ ငွေဒင်္ဂါး ဖြစ်စေ ငွေထည်ပစ္စည်းတစ်ခုခုနဲ့ဖြစ်စေ အတူထားပါ။ ငွေကို ကာကွယ်ပေးသလို လုံခြုံစိတ်ချရစေပါတယ်။
၅ ။ ငွေစက္ကူ အသစ်တစ်ရွက် အနည်းဆုံးထားပါ။ငွေတန်ဖိုးမြင့်လေ ကောင်းလေပါ။
၆ ။ ပိုက်ဆံအိတ်ထဲမှာငွေ လုံးဝ မရှိတဲ့ အဖြစ်မျိုး မပြမိပါစေနဲ့။ ငွေကံ ညံ့သွားတတ်ပါတယ်။
၇ ။ ပိုက်ဆံအိတ်ထဲမှာ အလွန်စုတ်ပြတ်နေတဲ့ငွေတေ ကို စက္ကူ အိတ်နဲ့ ဖယ်ထားပါ။ေ ရာ မထားပါနဲ့။ငွေမရှိတဲ့ ဘဏ်ကတ်အဟောင်းများဘောက်ချာအဟောင်းများ လိပ်စာကတ်များ နဲ့ ရှုပ်ထွေးမနေပါစေနဲ့။လာဘ်တိတ်ပါတယ်။
၈ ။ အားလုံးထည့်ထားနိုင်ရင်ကောင်းပါတယ်။ အနည်းဆုံးအမှတ် ၁ မှ ၄ အထိတစ်မျိုးတော့ ငွေနဲ့အတူထားရှိဖို့ သင့်ပါတယ်။
၉ ။ ဝင်ငွေကောင်း ငွေမြဲပြီးလာဘ်လာဘ ပွားများကြပါစေ။
၁၀ ။ တားရော့ကတ် အနေနဲ့ နံပါတ် ၁၇ The Star ကို အဆောင်အဖြစ် ထည့်ထားနိုင်ပါတယ်။
Crd
Zawgyi
Crd