ႂကြက္ႏို႔ ေၾကာင့္ စိတ္အေႏွာက္အယွက္ျဖစ္ေနလား၊(၅)ရက္ဘဲ အခ်ိန္ေပးပါ။

Unicode

(5) ရက်အတွင်းလုံးဝပျောက်ပါသည်..။ဒီဆေးနည်းလေးကတော့ကျွန်မ မျက် မြင်ဆေးနည်းလေးဖြစ်တာကြောင့် မျှဝေပေးလိုက်ပါတယ်။ကျွန်မမောင်လေးခြေထောက်မှာကြွက်နို့ပေါက်တာ သုံးလုံးထိဖြစ်လာပါရဲ့။ဆေးနည်းတွေစမ်းကြည့်ပေမဲ့မပျောက်ပါဘူး။

ရွာက ကိုညိုမောင်ပြောပြတဲ့ဆေးနည်းနဲ့သုံးရက်ပဲကြာပါတယ် ကြွက်နို့လုံးဝပျောက်သွားပါတယ်။ကိုယ်တိုင်ကြွက်နို့ပေါက်တဲ့မောင်လေးက စိတ်ရှည်ရှည်နဲ့လိမ်းနည်းအဆင့်ဆင့်အပြင် ခြံထဲကဧကရာဇ်အပင် အမြစ်တို့ကိုပါ ဓာတ်ပုံရိုက်ပေးလို့ သေသေ ချာချာတင်ပေးလိုက်ပါတယ်။

သူ့ခြေထောက် မှာကြွက်နို့ကအမာရွတ်လောက်ပဲထင်ကျန်ခဲ့ပါတော့တယ်။ဆေးနည်းကတော့ဆန်အနည်းငယ်ယူပါ.. ရေအနည်းငယ်ဖြင့်ဖျော်ပါ (မည်သည့်ဆန်မဆို)ဧကရာဇ်အဖြစ်ကိုယူပြီးဆန်ဆေးရည်အနည်းငယ်ဖြင့်ခပ်ပျစ်ပျစ်သွေးလိမ်းပါ။

(အနာကိုသွေးထွက်အောင်ကုတ်ဖဲ့စရာလုံးဝမလိုပါ)သနပ်ခါးလိမ်းသလို ခပ်ပျစ်ပျစ်လေးလိမ်းထားပါ။ဆေးခြောက်အောင်ထားပါ။ခြေထောက်ရေမစိုပါစေနှင့်။အဝတ်စည်းထားရန်မလိုပါ။

တစ်န့ (3) ကြိမ် နံနက် နေ့လည် ည လိမ်းပေးပါ။မှတ်ချက် မောင်လေးကတော့အလုပ်မအားလို့ တနေ့ ၂ ကြိမ် နံနက် ည သာလိမ်းပါသည်။(5)ရက်လောက်နေလျှင်လုံးဝပျောက်ကင်းသွားပါမည်။

ဆးလိမ်းနည်းအဆင့်ဆင့်ကို ပုံများတွင်လည်းရှင်းပြထားပါသည်။ဆေးနည်းပေးသော ကိုညိုမောင်နှင့်မောင်ကျော်ကြီးအားအထူးကျေးဇူးတင်ပါကြောင်း။ကြွက်နို့ တွေပွားပြီးသတ်မရလို့စိတ်ညစ်နေသူများအတွက်လက်တွေ့ဆေးနည်းလေးကိုမျှဝေပေးလိုက်ပါတယ်။

မည်သူမဆို စိတ်ချမ်းသာစွာ ကူးယူခြင်း…မျှဝေခြင်းများပြုလုပ်နိုင်ပါတယ် ပြန်လည်မျှဝေသည်။

Crd

Zawgyi

(5) ရက္အတြင္းလုံးဝေပ်ာက္ပါသည္..။ဒီေဆးနည္းေလးကေတာ့ကြၽန္မ မ်က္ ျမင္ေဆးနည္းေလးျဖစ္တာေၾကာင့္ မွ်ေဝေပးလိုက္ပါတယ္။ကြၽန္မေမာင္ေလးေျခေထာက္မွာႂကြက္ႏို႔ေပါက္တာ သုံးလုံးထိျဖစ္လာပါရဲ႕။ေဆးနည္းေတြစမ္းၾကည့္ေပမဲ့မေပ်ာက္ပါဘူး။

႐ြာက ကိုညိဳေမာင္ေျပာျပတဲ့ေဆးနည္းနဲ႔သုံးရက္ပဲၾကာပါတယ္ ႂကြက္ႏို႔လုံးဝေပ်ာက္သြားပါတယ္။ကိုယ္တိုင္ႂကြက္ႏို႔ေပါက္တဲ့ေမာင္ေလးက စိတ္ရွည္ရွည္နဲ႔လိမ္းနည္းအဆင့္ဆင့္အျပင္ ၿခံထဲကဧကရာဇ္အပင္ အျမစ္တို႔ကိုပါ ဓာတ္ပုံ႐ိုက္ေပးလို႔ ေသေသ ခ်ာခ်ာတင္ေပးလိုက္ပါတယ္။

သူ႔ေျခေထာက္ မွာႂကြက္ႏို႔ကအမာ႐ြတ္ေလာက္ပဲထင္က်န္ခဲ့ပါေတာ့တယ္။ေဆးနည္းကေတာ့ဆန္အနည္းငယ္ယူပါ.. ေရအနည္းငယ္ျဖင့္ေဖ်ာ္ပါ (မည္သည့္ဆန္မဆို)ဧကရာဇ္အျဖစ္ကိုယူၿပီးဆန္ေဆးရည္အနည္းငယ္ျဖင့္ခပ္ပ်စ္ပ်စ္ေသြးလိမ္းပါ။

(အနာကိုေသြးထြက္ေအာင္ကုတ္ဖဲ့စရာလုံးဝမလိုပါ)သနပ္ခါးလိမ္းသလို ခပ္ပ်စ္ပ်စ္ေလးလိမ္းထားပါ။ေဆးေျခာက္ေအာင္ထားပါ။ေျခေထာက္ေရမစိုပါေစႏွင့္။အဝတ္စည္းထားရန္မလိုပါ။

တစ္န႔ (3) ႀကိမ္ နံနက္ ေန႔လည္ ည လိမ္းေပးပါ။မွတ္ခ်က္ ေမာင္ေလးကေတာ့အလုပ္မအားလို႔ တေန႔ ၂ ႀကိမ္ နံနက္ ည သာလိမ္းပါသည္။(5)ရက္ေလာက္ေနလွ်င္လုံးဝေပ်ာက္ကင္းသြားပါမည္။

ဆးလိမ္းနည္းအဆင့္ဆင့္ကို ပုံမ်ားတြင္လည္းရွင္းျပထားပါသည္။ေဆးနည္းေပးေသာ ကိုညိဳေမာင္ႏွင့္ေမာင္ေက်ာ္ႀကီးအားအထူးေက်းဇူးတင္ပါေၾကာင္း။ႂကြက္ႏို႔ ေတြပြားၿပီးသတ္မရလို႔စိတ္ညစ္ေနသူမ်ားအတြက္လက္ေတြ႕ေဆးနည္းေလးကိုမွ်ေဝေပးလိုက္ပါတယ္။

မည္သူမဆို စိတ္ခ်မ္းသာစြာ ကူးယူျခင္း…မွ်ေဝျခင္းမ်ားျပဳလုပ္ႏိုင္ပါတယ္ ျပန္လည္မွ်ေဝသည္။

Crd