Unicode
လူတိုင်းအတွက် ဘဝဖြတ်သန်းရပုံမှာ မလွယ်ကူလှသော်လည်း ဆင်းရဲနွမ်းပါးသူများကျ လောကဓံရဲ့ရိုက်ချက်ကို ပိုမိုခံစားရစေပြီး ခက်ခဲမှုကြားက ကြိုးစားရသည့်အတွက် ရလဒ်ကလည်း အင်မတန်မှ တန်ဖိုးရှိလှသည်။
သို့ဖြစ်၍ ဖိလစ်ပိုင်နိုင်ငံက ကောင်လေးတစ်ဦးသည် ကျောင်းပြီး၍ ဘွဲ့ရသောအခါ သူ့ရဲ့ကျေးဇူးရှင်ဖခင်ဖြစ်သူ အသက်မွေးဝမ်းကျောင်းပြုသည့်အလုပ်အား ဖော်ပြဖို့မရှက်ခဲ့ပဲ ဂုဏ်ယူစွာ လိုင်းပေါ်မျှဝေခဲ့သည်။
ကောင်လေးရဲ့ဖခင်ဖြစ်သူမှာ မိသားစုစားဝတ်နေရေးအတွက် လမ်းဘေးအမှိုက်ကောက်သမားအဖြစ် ဝင်ငွေရှာနေပြီး သားဖြစ်သူ ဘွဲ့ရဖို့အတွက်လည်း နေမကောင်းသည့်ရက်များပင် အလုပ်မနားရဲပဲ ဝင်ငွေရှာဖို့ လမ်းပေါ်ထွက်ကာ အပင်ပန်းခံ အနစ်နာခံခဲ့သည်။
ကောင်လေးကလည်း အလုပ်ပင်ပန်းစွာ လုပ်ကိုင်ပြီး ကျောင်းထားပေးနေသော ဖခင်ဖြစ်သူကို ပင်ပန်းရကျိုးနပ်အောင် စာကိုကြိုးစားသင်ယူကာ စီးပွားရေးဘွဲ့လက်မှတ်အား ရယူပြီးနောက် အလုပ်အကိုင်အတည်တကျရှာ၍ မိသားစုကို ပြန်လည်လုပ်ကျွေးသွားရန် ဆုံးဖြတ်ခဲ့သည်။

Crd
Zawgyi
လူတိုင္းအတြက္ ဘဝျဖတ္သန္းရပုံမွာ မလြယ္ကူလွေသာ္လည္း ဆင္းရဲႏြမ္းပါးသူမ်ားက် ေလာကဓံရဲ႕႐ိုက္ခ်က္ကို ပိုမိုခံစားရေစၿပီး ခက္ခဲမႈၾကားက ႀကိဳးစားရသည့္အတြက္ ရလဒ္ကလည္း အင္မတန္မွ တန္ဖိုးရွိလွသည္။
သို႔ျဖစ္၍ ဖိလစ္ပိုင္ႏိုင္ငံက ေကာင္ေလးတစ္ဦးသည္ ေက်ာင္းၿပီး၍ ဘြဲ႕ရေသာအခါ သူ႔ရဲ႕ေက်းဇူးရွင္ဖခင္ျဖစ္သူ အသက္ေမြး၀မ္းေက်ာင္းျပဳသည့္အလုပ္အား ေဖာ္ျပဖို႔မရွက္ခဲ့ပဲ ဂုဏ္ယူစြာ လိုင္းေပၚမွ်ေဝခဲ့သည္။
ေကာင္ေလးရဲ႕ဖခင္ျဖစ္သူမွာ မိသားစုစားဝတ္ေနေရးအတြက္ လမ္းေဘးအမႈိက္ေကာက္သမားအျဖစ္ ဝင္ေငြရွာေနၿပီး သားျဖစ္သူ ဘြဲ႕ရဖို႔အတြက္လည္း ေနမေကာင္းသည့္ရက္မ်ားပင္ အလုပ္မနားရဲပဲ ဝင္ေငြရွာဖို႔ လမ္းေပၚထြက္ကာ အပင္ပန္းခံ အနစ္နာခံခဲ့သည္။
ေကာင္ေလးကလည္း အလုပ္ပင္ပန္းစြာ လုပ္ကိုင္ၿပီး ေက်ာင္းထားေပးေနေသာ ဖခင္ျဖစ္သူကို ပင္ပန္းရက်ိဳးနပ္ေအာင္ စာကိုႀကိဳးစားသင္ယူကာ စီးပြားေရးဘြဲ႕လက္မွတ္အား ရယူၿပီးေနာက္ အလုပ္အကိုင္အတည္တက်ရွာ၍ မိသားစုကို ျပန္လည္လုပ္ေကြၽးသြားရန္ ဆုံးျဖတ္ခဲ့သည္။
Crd