စားသောက်ဆိုင်သို့ မဝင်ခင် ဖိနပ်ချွတ်ပြီး ကောက်ကိုင်သွားခဲ့ခြင်းကြောင့် ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့သွားခဲ့တဲ့ အမျိုးသားရဲ့လုပ်ရပ်
Unicode
အံ့သြစရာကောင်းတာက တစ်သက်လုံးမှာတစ်ခါမှကို ရေမချိုးကြတာပါ။ကဲ .. စာဖတ်သူများကို ဦးဆုံးတင်ပြချင်တာက တစ်သက်မှာ တစ်ခါလေးတောင်ရေမချိုးတဲ့ လူမျိုးနွယ်စုအကြောင်းလေး ပြောပြချင်မိတာပါ။ Ovahimba လို့ခေါ်တဲ့
လူမျိုးတစ်စုဟာ နမီးဘီးယားနိုင်ငံ မြောက်ပိုင်းမှာ နေထိုင်ကြပြီးတော့ လူသိနည်းတဲ့ မျိုးနွယ်စုဖြစ်ကာ အသိပညာ၊ ယဉ်ကျေးမှု၊ တိုးတက်ဖွံ့ဖြိုးမှု အလွန်နည်းပါးကြပါတယ်။
အံ့သြစရာကောင်းတာက တစ်သက်လုံးမှာ တစ်ခါမှကို ရေမချိုးကြတာပါ။ ရေမချိုးကြတဲ့အတွက် သန့်ရှင်းရေးမလုပ်ဘူးလားလို့ ထင်စရာရှိပါတယ်။ ဒီလိုလည်း မဟုတ်ပါဘူး။ သူတို့ လူမျိုးတွေဟာ သန့်ရှင်းရေးလည်း လုပ်ကြပါတယ်.
ဒါပေမဲ့ သူတို့ သန့်ရှင်းရေးလုပ်ပုံက ရေချိုးတာ၊ ရေနဲ့ သန့်စင်တာမျိုးတော့ မဟုတ်ပါဘူး။Ovahimba လူမျိုးတွေရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့သန့်ရှင်းရေးလုပ်တဲ့ ထုံးတမ်းစဉ်လာနည်းက မနက်စောစောမှာ သူတို့လူမျိုးတွေ အသုံးပြုတဲ့
ဆေးမြစ်တွေကို မီးရှို့ပြီး တဲတစ်ခုလုံး မီးခိုးတွေဖုံးနေတဲ့အခါ ၎င်း မီးခိုးလုံးတွေကြားမှာ နှစ်နာရီကြာမျှ ထိုင်နေခြင်းဟာ သူတို့အတွက် သန့်ရှင်းရေးလုပ်နည်းပါ လို့ ဆိုပါတယ်။ သူတို့ဝတ်ဆင်တဲ့ သားရေထည် ပစ္စည်းတွေကိုလည်း ဒီလို မီးခိုးတွေနဲ့ဘဲ သန့်ရှင်းရေးလုပ်ကြတာ ဖြစ်ပါတယ်။
Ovahimba လူမျိုး ကလေးငယ်များ .
သနားစရာ Ovahimba လူမျိုး ကလေးငယ်များဟာသူတို့ကိုယ်ခန္ဓာပေါ်မှာ အဝတ်အစားဆိုတာ မရှိသလောက် နည်းပါးပြီးတော့ အမျိုးသမီးကလေးလူကြီး အားလုံးဟာ လည်းပင်းမှာ ပုတီးလို အဆင်တန်ဆာများကို ဝတ်ဆင်ထားတတ်ကြပါတယ်။
သို့သော်လည်း အမျိုးသမီးတွေမှာတော့ အိမ်ထောင်ရှိသူနဲ့ မရှိသူဆွဲကြတဲ့ လည်ဆွဲချင်းကတော့ မတူညီကြပါဘူး။အဲဒီ ဒေသကို ရောက်ခဲ့ကြသူများကတော့ Ovahimba လူမျိုးတွေ သန့်ရှင်းရေးလုပ်တဲ့အချိန်မှာ သူတို့နေထိုင်ရာ တဲအတွင်းမှာ မီးခိုးလုံးတွေ ပြည့်နေပြီးတော့
အသက်တောင် ကောင်းကောင်းရှူလို့ မရခဲ့ကြဘူးလို့ ပြန်လည်ပြောပြကြပါတယ်။ မီးခိုးတွေနဲ့ဘဲ သန့်ရှင်းရေးလုပ်လို့လားမသိ။ သူတို့ရဲ့ အသားအရေကတောင် မီးခိုးရောင်ပေါက်နေသလိုပါဘဲ။
( ရေချိုးဖို့ ပျင်းတဲ့သူငယ်ချင်းများ(အမည်မပြောတော့ပါဘူးနော်)၊ အဲဒီကိုသွားပါလို့ အကြံပြုလိုက်တယ်နော်)တဆင့်ဝေငှတာနော်။အများလည်း ဖတ်၊ မှတ်ရအောင် ပြန်လည်ပြီး လက်ဆင့်ကမ်းလိုက်ကြပါဦး။
Crd
Zawgyi
Crd