Unicode
ဆယ်ကျော်သက်လူငယ်များအဖို့ ကျောင်းတက်နေရ၍ အဆင်ပြေသော အိမ်ကမိဘတွေကလည်း ဘာအလုပ်မှမခိုင်းကြသလို သူတို့ရဲ့ဘဝလေးတွေက အေးချမ်းလွန်းပေမယ့် ဆင်းရဲသည့်ကလေးငယ်များကျ မိသားစုအတွက် ပူပန်နေကြရသည်။
ယခုတွင်လည်း ဗီယက်နမ်နိုင်ငံက အသက်၁၅နှစ်အရွယ် ကောင်လေးတစ်ဦးသည် မိခင်ဖြစ်သူက ရောဂါနဲ့ဆေးရုံတက်နေရသောအခါ ဆေးရုံစရိတ်နဲ့ ညီလေးညီမငယ်များမှာ စားဖို့အတွက် ခက်ခဲစေခဲ့သည်။
ကောင်လေးသည် အိမ်မှာ သားအကြီးဆုံးဖြစ်သလို ဝင်ငွေခက်ခဲနေတာသိ၍ မြို့ထဲက စားသောက်ဆိုင်တစ်ခုမှာ တောက်တိုမည်ရနဲ့ ပန်းကန်ဆေးသည့်အလုပ်အား လုပ်ဆောင်ခဲ့သည်။
ကောင်လေးရဲ့ မိသားစုအပေါ်ထားသော အလိုက်သိမှုနဲ့ တာဝန်ယူမှုတို့က စားသောက်ဆိုင်ပိုင်ရှင်ကို အံ့အားသင့် လေးစားစေကာ ကောင်လေးရဲ့အခက်အခဲအား ကူညီပေးကြရန် လိုင်းပေါ်မျှဝေခဲ့သည်။
Crd
Zawgyi
Crd