သမီးဖြစ်သူမှ ကလေးမွေးဖွားရမည့်အချိန်တွင် လိုလေသေးမရှိအောင် ဆေးရုံလိုက်စောင့်ပေးရင်း ပြုစုခဲ့သော ဖခင်တစ်ဦး

Unicode

အိမ်ထောင်ကျသွားသည့် မိန်းကလေးအများစုတို့မှာ ကလေးမွေးဖွားချိန်တွင် ခင်ပွန်း၊ မိဘတို့ရဲ့ အကူအညီ အားပေးမှုကို လိုအပ်ကြပြီး အများစုက ကလေးမွေးဖွားပြီးချင်းတွင် မိခင်များကသာ ပြုစုစောင့်ရှောက်ပေးကြသည်။

သို့ပေမယ့် ဗီယက်နမ်နိုင်ငံက အမျိုးသမီးတစ်ဦးသည် ကလေးမွေးဖွားခါနီးတွင် ခင်ပွန်းဖြစ်သူမှ အလုပ်ကိစ္စတွေနဲ့ ခရီးထွက်နေရချိန် ဆေးရုံတက်ရပေမယ့် မိန်းမသားချင်းပိုအဆင်ပြေစေမည့် မိခင်မှာဆုံးပါးသွားပြီဖြစ်တာကြောင့် ဖခင်ဖြစ်သူကပဲ ဆေးရုံလိုက်စောင့်ပေးခဲ့သည်။

ဖခင်ဖြစ်သူသည် သမီးဖြစ်သူ ကလေးမွေးဖွားပြီးသောအခါ အားရှိစေမည့် အစားအစာများကို ကျွေးမွေး၍ လိုလေသေးမရှိအောင် ဂရုစိုက်ပြုစုပေးကာ မြေးဖြစ်သူကိုလည်း ကူထိန်းပေးခဲ့သည်။

ဖခင်ဖြစ်သူသည် သမီးလေးက အိမ်ထောင်ကျသွားပေမယ့်လည်း အချစ်မလျော့ပဲ သမီးလေးအားမငယ်ရအောင် ပြုစုစောင့်ရှောက်ပေးပြီး မြေးလေးကိုလည်း သမီးလေးနဲ့ထပ်တူ ချစ်ပေးနေသောပုံရိပ်လေးသည် မြင်တွေ့သူတိုင်း ရင်ထဲနွေးထွေးစေခဲ့သည်။

Crd

Zawgyi





Crd