စာမကျက်ပဲ Tvပဲကြည့်နေသော သားဖြစ်သူအား အပြစ်ပေးသည့်အနေနဲ့ တစ်ညလုံးTVရှေ့ကနေ ပေးမခွာပဲထိုင်ကြည့်ခိုင်းခဲ့သော မိခင်

Unicode

မိဘတွေသည် သူတို့ရဲ့သားသမီးတွေကို မပျက်စီးစေချင်သောအခါ မကောင်းတဲ့အရာများအပေါ် စွဲလန်းစွာလုပ်ဆောင်ပါက အပြစ်ပေးပြီး ဆုံးမကြသည်။

ယခုတွင်လည်း တရုတ်နိုင်ငံ ဟူနန်ပြည်နယ်ရှိ မိခင်တစ်ဦးသည် သားဖြစ်သူမှ ကျောင်းကပြန်လာပြီး အိမ်စာမလုပ်ပဲ သူကြိုက်တဲ့ကာတွန်းကားကို ထိုင်ကြည့်နေခဲ့သည်။

မိခင်ဖြစ်သူသည် အလုပ်ကနေ ပြန်ရောက်သောအခါ သားဖြစ်သူက ရေလည်းမချိုးထားပဲ စာလည်းမကျက်ထားတာကြောင့် Tvပဲကြည့်နေသည့်သားဖြစ်သူအား အပြစ်ပေးဖို့ ဆုံးဖြတ်ခဲ့သည်။

မိခင်ဖြစ်သူသည် သားဖြစ်သူအား မဆူမဆဲတော့ပဲ Tvရှေ့ကနေ တစ်ဖဝါးမှမခွာနဲ့ ကာတွန်းကားအား တစ်ညလုံးထိုင်ကြည့်ခိုင်းခဲ့ရာ သားဖြစ်သူမှ ကြည့်ရင်းနဲ့ဆိုဖာပေါ် အိပ်ပျော်သွားသည့်ချိန် လာနှိုးပြီး ဆက်ကြည့်ခိုင်းခဲ့၍ နောက်ဆုံး သားဖြစ်သူမှ ငိုယိုကာ နောက်မလုပ်တော့ပူးဟုဆိုခဲ့သည်။

Crd

Zawgyi





Crd