အရုပ္ေတြကိုေၾကာက္လန္ ့ စြဲလန္းေနမိ လို ့ခ်ိတ္ဆြဲမိရာကေန ၾကာလာေတာ့ ယေန ့ အရုပ္ကြ်န္းတဲ့

Unicode

အရုပ်ကျွန်း ဆိုတာက မက္ကစီကိုနိုင်ငံ မှာရှိတဲ့ ထူးဆန်းတဲ့နေရာလေးပါ။ ဒီကျွန်းလေးတစ်ခုလုံးမှာ ရာပေါင်းများစွာသော အရုပ်တွေနဲ့ ပြည့်နေပါတယ်။ ဒါပေမယ့် အဲ့ဒီအရုပ်တွေအားလုံးဟာ

ကိုယ်လက်အင်္ဂါမစုံတဲ့ အရုပ်တွေချည်းပါပဲ။ ခြေပြတ်လက်ပြတ် အရုပ်တွေ၊ ခေါင်းပြတ်အရုပ်တွေကို ကျွန်းရဲ့ သစ်ပင်တွေ၊ ထိုင်ခုံတွေ အနှံမှာ ချိတ်ဆွဲလို့ထားပါတယ်။

ဒီကျွန်းလေးရဲ့ ပုံပြင်လေးကလည်း စိတ်ဝင်စားစရာကောင်းလှပါတယ်။ အစတုန်းကတော့ ဒီနေရာလေးဟာ လူသူမရှိတဲ့ နေရာလေးတစ်ခုပါပဲ။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်တုန်းက ဒွန် ဂျူလီယံ

ဆန်တာနာ ဆိုတဲ့ လူတစ်ယောက် ရေနစ်ပြီးသေဆုံးနေတဲ့ ကလေးငယ်တစ်ယောက်ရဲ့ အလောင်းကို ဒီနေရာလေးနားက တူမြောင်းထဲမှာတွေ့ခဲ့ပါတယ်။

ဒီလိုတွေ့ရှိခဲ့တဲ့ အချိန်ကစပြီးတော့ အဆိုပါ မိန်းကလေးဟာ ဒွန်ကို အမြဲတမ်းခြောက်လှန့်နေပါသတဲ့။ ဒီလိုနဲ့ ဒွန်ဟာ တူးမြောင်းထဲမှာမျောနေတဲ့ အရုပ်တစ်ခုကို ယူပြီးတော့ သစ်ပင်တစ်ပင်မှာ ချိတ်ဆွဲကာ မိန်းကလေ

း စိတ်ကျေနပ်စေဖို့ ပြုလုပ်ခဲ့ပါသတဲ့။ ဒွန်က သူ့အထင် ဒီလိုအရုပ်ကို ချိတ်ဆွဲလိုက်ခြင်းအားဖြင့် မိန်းမငယ်လေး ကျေနပ်နှစ်သိမ့်ပြီး ဒီကျွန်းလေးကိုလည်း အခြားသော မကောင်းဆိုးဝါးတွေ

မလာဘူးလို့ ထင်မြင်ပြီး ချိတ်ဆွဲခဲ့တာပါ။ဒါပေမယ့် မိန်းမငယ်လေးဟာ ဒွန်ကို ဆက်လက်ခြောက်လှန့်နေတုန်းပါပဲတဲ့။ ဒီလိုနဲ့ ဒွန်ဟာ တူးမြောင်းထဲမှာရှိနေတဲ့ အရုပ်တွေ၊ အရုပ်တွေရဲ့ အပိုင်းအစတွေကို ဆယ်ယူပြီးတော့

ရုပ်တစ်ရုပ်ချင်းစီကို တစ်နေရာစီမှာ သေသေချာချာကို ချိတ်ဆွဲခဲ့ပါသတဲ့။ ဒီလိုချိတ်ဆွဲပေမယ့်လည်း ဒွန်ဟာ သူ့ကို ခြောက်လှန့်နေတဲ့ ဝညာဉ်လက်ကနေ မလွတ်မြောက်နိုင်ပါဘူးတဲ့။

ဒီလိုနဲ့ ဒွန်တစ်ယောက်ဟာ စွန့်ပစ်ထားတဲ့ အရုပ်တွေကို လိုက်လံစုဆောင်းတော့တာပါပဲ။ သူ့ဘဝတစ်လျှောက်လုံးမှာ သူကိုယ်တိုင်စိုက်ပျိုးတဲ့ သီးနှံတွေနဲ့ အရုပ်တွေကို လဲယူတဲ့အထိ ဒွန်ဟာ အစွဲအလမ်းကြီးခဲ့ပါတယ်

။ နောက်ပိုင်းမှာတော့ ဒီကျွန်းလေးနဲ့ ပါတ်သတ်တဲ့ ပုံပြင်တွေကတော့ အမျိုးမျိုးပါပဲ။ ဒွန်တစ်ယောက် ရူးသွပ်သွားပြီးတော့ သူစုဆောင်းခဲ့တဲ့ အရုပ်တွေအားလုံးကို တူးမြောင်းထဲကနေ ကယ်ဆယ်ပြီးတော့ အသက်ကယ်ဖို့ကြိုးစားခဲ့တဲ့ ကလေးငယ်လေးလို့ပဲ ထင်သွားပါသတဲ့။

ဒါပေမယ့် ဒွန်ရဲ့ အမျိုးတွေကတော့ ဒွန်က ဒီကျွန်းကလေးဟာ တူးမြောင်းထဲမှာ ရေနစ်သေဆုံးခဲ့တဲ့ ကလေးမလေးက ခြောက်လှန့်တယ်လို့ ယုံကြည်ရုံသက်သက်ပါပဲလို့ ဆိုပါတယ်။ဒွန်သေဆုံးပြီးသွားတဲ့နောက်မှာတော့ ဒီကျွန်းကလေးအကြောင်းကို လူသိများလာပြီးတော့ လာရောက်လည်ပတ်သူတွေလည်း များလာပါတယ်။ဒီအထဲမှာ ရုပ်မြင်သံကြား ဋ္ဌာနတွေကပါ လာရောက်ရိုက်ကူးပြီးတော့ အစီအစဉ်တစ်ခုမှာ

ဒီ အရုပ်ကျွန်းလေးဟာ တစ်ကယ့်ကို သရဲခြောက်ပါတယ်ဆိုပြီးတောင် ပါပါသတဲ့။ဒီလို အရုပ်တွေ ချိတ်ဆွဲထားတဲ့ ကျွန်းကလေး လမ်းလျှောက်ရတာဟာ တစ်ခြားဘာနဲ့မှ မတူတဲ့ ခံစားချက်ကို ရရှိစေမှာပါ။ ဒီအရုပ်ကလေးတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ပိုင်ရှင်တွေရဲ့ စွန့်ပစ်ခြင်းခံခဲ့ရတဲ့ အရုပ်ကလေးတွေပါ။ အရုပ်တွေတောင်တောင်များများကလည်း အင်္ဂါမစုံတဲ့ ခြေလတ်ခေါင်းပြတ်နေတဲ့ အရုပ်တွေဖြစ်ပါတယ်

Crd

Zawgyi

အ႐ုပ္ကြၽန္း ဆိုတာက မကၠစီကိုႏိုင္ငံ မွာရွိတဲ့ ထူးဆန္းတဲ့ေနရာေလးပါ။ ဒီကြၽန္းေလးတစ္ခုလုံးမွာ ရာေပါင္းမ်ားစြာေသာ အ႐ုပ္ေတြနဲ႔ ျပည့္ေနပါတယ္။ ဒါေပမယ့္ အဲ့ဒီအ႐ုပ္ေတြအားလုံးဟာ ကိုယ္လက္အဂၤါမစုံတဲ့ အ႐ုပ္ေတြခ်ည္းပါပဲ။ ေျချပတ္လက္ျပတ္ အ႐ုပ္ေတြ၊ ေခါင္းျပတ္အ႐ုပ္ေတြကို ကြၽန္းရဲ႕ သစ္ပင္ေတြ၊ ထိုင္ခုံေတြ အႏွံမွာ ခ်ိတ္ဆြဲလို႔ထားပါတယ္။

ဒီကြၽန္းေလးရဲ႕ ပုံျပင္ေလးကလည္း စိတ္ဝင္စားစရာေကာင္းလွပါတယ္။ အစတုန္းကေတာ့ ဒီေနရာေလးဟာ လူသူမရွိတဲ့ ေနရာေလးတစ္ခုပါပဲ။ ဒါေပမယ့္ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၅၀ ေလာက္တုန္းက ဒြန္ ဂ်ဴလီယံ ဆန္တာနာ ဆိုတဲ့ လူတစ္ေယာက္ ေရနစ္ၿပီးေသဆုံးေနတဲ့ ကေလးငယ္တစ္ေယာက္ရဲ႕ အေလာင္းကို ဒီေနရာေလးနားက တူေျမာင္းထဲမွာေတြ႕ခဲ့ပါတယ္။

ဒီလိုေတြ႕ရွိခဲ့တဲ့ အခ်ိန္ကစၿပီးေတာ့ အဆိုပါ မိန္းကေလးဟာ ဒြန္ကို အၿမဲတမ္းေျခာက္လွန႔္ေနပါသတဲ့။ ဒီလိုနဲ႔ ဒြန္ဟာ တူးေျမာင္းထဲမွာေမ်ာေနတဲ့ အ႐ုပ္တစ္ခုကို ယူၿပီးေတာ့ သစ္ပင္တစ္ပင္မွာ ခ်ိတ္ဆြဲကာ မိန္းကေလး

စိတ္ေက်နပ္ေစဖို႔ ျပဳလုပ္ခဲ့ပါသတဲ့။ ဒြန္က သူ႔အထင္ ဒီလိုအ႐ုပ္ကို ခ်ိတ္ဆြဲလိုက္ျခင္းအားျဖင့္ မိန္းမငယ္ေလး ေက်နပ္ႏွစ္သိမ့္ၿပီး ဒီကြၽန္းေလးကိုလည္း အျခားေသာ မေကာင္းဆိုးဝါးေတြ

မလာဘူးလို႔ ထင္ျမင္ၿပီး ခ်ိတ္ဆြဲခဲ့တာပါ။ဒါေပမယ့္ မိန္းမငယ္ေလးဟာ ဒြန္ကို ဆက္လက္ေျခာက္လွန႔္ေနတုန္းပါပဲတဲ့။ ဒီလိုနဲ႔ ဒြန္ဟာ တူးေျမာင္းထဲမွာရွိေနတဲ့ အ႐ုပ္ေတြ၊ အ႐ုပ္ေတြရဲ႕ အပိုင္းအစေတြကို ဆယ္ယူၿပီးေတာ့

အ႐ုပ္တစ္႐ုပ္ခ်င္းစီကို တစ္ေနရာစီမွာ ေသေသခ်ာခ်ာကို ခ်ိတ္ဆြဲခဲ့ပါသတဲ့။ ဒီလိုခ်ိတ္ဆြဲေပမယ့္လည္း ဒြန္ဟာ သူ႔ကို ေျခာက္လွန႔္ေနတဲ့ ဝညာဥ္လက္ကေန မလြတ္ေျမာက္ႏိုင္ပါဘူးတဲ့။

ဒီလိုနဲ႔ ဒြန္တစ္ေယာက္ဟာ စြန႔္ပစ္ထားတဲ့ အ႐ုပ္ေတြကို လိုက္လံစုေဆာင္းေတာ့တာပါပဲ။ သူ႔ဘဝတစ္ေလွ်ာက္လုံးမွာ သူကိုယ္တိုင္စိုက္ပ်ိဳးတဲ့ သီးႏွံေတြနဲ႔ အ႐ုပ္ေတြကို လဲယူတဲ့အထိ ဒြန္ဟာ အစြဲအလမ္းႀကီးခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ဒီကြၽန္းေလးနဲ႔ ပါတ္သတ္တဲ့ ပုံျပင္ေတြကေတာ့ အမ်ိဳးမ်ိဳးပါပဲ။ ဒြန္တစ္ေယာက္ ႐ူးသြပ္သြားၿပီးေတာ့ သူစုေဆာင္းခဲ့တဲ့ အ႐ုပ္ေတြအားလုံးကို တူးေျမာင္းထဲကေန ကယ္ဆယ္ၿပီးေတာ့ အသက္ကယ္ဖို႔ႀကိဳးစားခဲ့တဲ့ ကေလးငယ္ေလးလို႔ပဲ ထင္သြားပါသတဲ့။

ဒါေပမယ့္ ဒြန္ရဲ႕ အမ်ိဳးေတြကေတာ့ ဒြန္က ဒီကြၽန္းကေလးဟာ တူးေျမာင္းထဲမွာ ေရနစ္ေသဆုံးခဲ့တဲ့ ကေလးမေလးက ေျခာက္လွန႔္တယ္လို႔ ယုံၾကည္႐ုံသက္သက္ပါပဲလို႔ ဆိုပါတယ္။ဒြန္ေသဆုံးၿပီးသြားတဲ့ေနာက္မွာေတာ့ ဒီကြၽန္းကေလးအေၾကာင္းကို လူသိမ်ားလာၿပီးေတာ့ လာေရာက္လည္ပတ္သူေတြလည္း မ်ားလာပါတယ္။ဒီအထဲမွာ ႐ုပ္ျမင္သံၾကား ႒ာနေတြကပါ လာေရာက္႐ိုက္ကူးၿပီးေတာ့ အစီအစဥ္တစ္ခုမွာ

ဒီ အ႐ုပ္ကြၽန္းေလးဟာ တစ္ကယ့္ကို သရဲေျခာက္ပါတယ္ဆိုၿပီးေတာင္ ပါပါသတဲ့။ဒီလို အ႐ုပ္ေတြ ခ်ိတ္ဆြဲထားတဲ့ ကြၽန္းကေလး လမ္းေလွ်ာက္ရတာဟာ တစ္ျခားဘာနဲ႔မွ မတူတဲ့ ခံစားခ်က္ကို ရရွိေစမွာပါ။ ဒီအ႐ုပ္ကေလးေတြဟာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ပိုင္ရွင္ေတြရဲ႕ စြန႔္ပစ္ျခင္းခံခဲ့ရတဲ့ အ႐ုပ္ကေလးေတြပါ။ အ႐ုပ္ေတြေတာင္ေတာင္မ်ားမ်ားကလည္း အဂၤါမစုံတဲ့ ေျခလတ္ေခါင္းျပတ္ေနတဲ့ အ႐ုပ္ေတြျဖစ္ပါတယ္

Crd