မပြည့်စုံသောဘဝမို့ အလုပ်တစ်ဖက်နဲ့ လုံးပန်းနေရသော်လည်း သမီးလေးရဲ့မွေးနေ့ကို အရေးမကြီးသလိုကျော်မသွားပဲ မွေးနေ့ကိတ်ခွဲစေခဲ့သော မိဘနှစ်ပါး

Unicode

မိဘတိုင်းက သားသမီးတွေအတွက် ရည်ရွယ်ပြီး လူတန်းစေ့နေနိုင်အောင် အလုပ်ကြိုးစားလုပ်ကိုင်ကြသည့်အခါ ပင်ပန်းမှုတွေကြောင့် သားသမီးတွေအပေါ် သိပ်ဂရုမစိုက်အားဖြစ်ကြရသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံက ဇနီးမောင်နှံနှစ်ဦးသည် ဘဝပေးအခြေအနေအရ လမ်းဘေးဈေးသည်အဖြစ် အသက်မွေးဝမ်းကျောင်းပြုနေရကာ သူတို့ရဲ့ သမီးလေးကိုတော့ ကောင်းမွန်တဲ့အနာဂတ်ပေးချင်ခဲ့သည်။

မိဘနှစ်ပါးသည် သမီးလေးကြောင့်ပဲ အလုပ်ပိုကြိုးစားနေရပေမယ့် သမီးလေးရဲ့မွေးနေ့ကို မသိသလိုမျိုးနဲ့ ကျော်မသွားကြပဲ ပျော်ရွှင်စရာ အမှတ်တရအနေနဲ့ မွေးနေ့ကိတ်လေးတစ်လုံးဝယ်ယူခဲ့သည်။

ထို့နောက် မိဘနှစ်ပါးသည် အိမ်ပြန်မိုးချုပ်လွန်းသည့်အတွက် ဈေးရောင်းနေရင်းနဲ့ လမ်းဘေးမှာပဲ မွေးနေ့ကိတ်လေးကိုခွဲကာ သမီးလေးအာ ပျော်ရွှင်စရာနေ့လေးအဖြစ် ဖန်တီးပေးနေသောမြင်ကွင်းလေးသည် ကြည်နူးဖွယ်ကောင်းလှသည်။

Crd

Zawgyi





Crd