Unicode
ဖိတ်စာနှင့်တကွ အသေအချာလေး ဖိတ်ကြားခဲ့ပြီးမှ မင်္ဂလာပွဲသို့ မတက်ရောက်သောသူများကို ဒေါ်လာ ၂၄၀ လျော်ကြေးပြန်တောင်းခဲ့သော ဇနီးမောင်နှံ
မင်္ဂလာဆောင်သည့်နေ့သည် လူတိုင်းအတွက် အရေးကြီးဆုံးသော နေ့ရက်လေးဖြစ်ပြီး နောင်တစ်ချိန်မှာ အမှတ်တရကောင်းလေးဖြစ်နေဖို့ အမှားမလုပ်မိစေရန် အစစအရာရာ သတိထားပြီး ဆောင်ရွက်ကြရသည်။
သို့ဖြစ်၍ အမေရိကန်နိုင်ငံ ချီကာဂိုမြို့တွင် နေထိုင်သော Doug Simmons အမည်ရှိ အသက်၄၄နှစ်အရွယ် အမျိုးသားနှင့် Dedra McGeeအမည်ရ အသက် ၄၃နှစ်အရွယ် အမျိုးသမီးတို့သည် အသက်ကြီးမှ ဖူးစာဆုံခဲ့ကြပြီး နှစ်ယောက်လုံးမှာ အရမ်းဇီဇာကြောင်သည့်အကျင့်များ ရှိခဲ့သည်။
သူတို့နှစ်ဦးသည် မင်္ဂလာပွဲကို ဂျမေကာတွင် အလှပဆုံးနှင့် အမိုက်စား ကျင်းပခဲ့ရာ ဧည့်သည်အယောက်ပေါင်း ၁၀၉ ယောက်ကို ဖိတ်စာနှင့်အတူ လာမှာသေချာလားဟု မေးမြန်းပြီးမှ ဖိတ်ကြားခဲ့သည်။
သို့သော်လည်း အချို့သော ဧည့်သည်များသည် အကြောင်း ကိစ္စအမျိုးမျိုးနှင့် မတက်ရောက်နိုင်ပဲရှိရာ ကျွေးမွေးဖို့စားစရာများကို ကြိုတင်မှာယူပေးထားတာ အလကားဖြစ်ကုန်တယ်ဆိုပြီး ဖိတ်ပြီးမလာတဲ့သူများအား လျော်ကြေးငွေ ဒေါ်လာ ၂၄၀ကို ပြန်တောင်းခဲ့၍ထိုမင်္ဂလာပွဲမှာ လူမှု့ကွန်ယက်တွင်ဂယက်ထသွားခဲ့သည်။
Crd
Zawgyi
ဖိတ္စာႏွင့္တကြ အေသအခ်ာေလး ဖိတ္ၾကားခဲ့ၿပီးမွ မဂၤလာပြဲသို႔ မတက္ေရာက္ေသာသူမ်ားကို ေဒၚလာ ၂၄၀ ေလ်ာ္ေၾကးျပန္ေတာင္းခဲ့ေသာ ဇနီးေမာင္ႏွံ
မဂၤလာေဆာင္သည့္ေန႔သည္ လူတိုင္းအတြက္ အေရးႀကီးဆုံးေသာ ေန႔ရက္ေလးျဖစ္ၿပီး ေနာင္တစ္ခ်ိန္မွာ အမွတ္တရေကာင္းေလးျဖစ္ေနဖို႔ အမွားမလုပ္မိေစရန္ အစစအရာရာ သတိထားၿပီး ေဆာင္႐ြက္ၾကရသည္။
သို႔ျဖစ္၍ အေမရိကန္ႏိုင္ငံ ခ်ီကာဂိုၿမိဳ႕တြင္ ေနထိုင္ေသာ Doug Simmons အမည္ရွိ အသက္၄၄ႏွစ္အ႐ြယ္ အမ်ိဳးသားႏွင့္ Dedra McGeeအမည္ရ အသက္ ၄၃ႏွစ္အ႐ြယ္ အမ်ိဳးသမီးတို႔သည္ အသက္ႀကီးမွ ဖူးစာဆုံခဲ့ၾကၿပီး ႏွစ္ေယာက္လုံးမွာ အရမ္းဇီဇာေၾကာင္သည့္အက်င့္မ်ား ရွိခဲ့သည္။
သူတို႔ႏွစ္ဦးသည္ မဂၤလာပြဲကို ဂ်ေမကာတြင္ အလွပဆုံးႏွင့္ အမိုက္စား က်င္းပခဲ့ရာ ဧည့္သည္အေယာက္ေပါင္း ၁၀၉ ေယာက္ကို ဖိတ္စာႏွင့္အတူ လာမွာေသခ်ာလားဟု ေမးျမန္းၿပီးမွ ဖိတ္ၾကားခဲ့သည္။
သို႔ေသာ္လည္း အခ်ိဳ႕ေသာ ဧည့္သည္မ်ားသည္ အေၾကာင္း ကိစၥအမ်ိဳးမ်ိဳးႏွင့္ မတက္ေရာက္ႏိုင္ပဲရွိရာ ေကြၽးေမြးဖို႔စားစရာမ်ားကို ႀကိဳတင္မွာယူေပးထားတာ အလကားျဖစ္ကုန္တယ္ဆိုၿပီး ဖိတ္ၿပီးမလာတဲ့သူမ်ားအား ေလ်ာ္ေၾကးေငြ ေဒၚလာ ၂၄၀ကို ျပန္ေတာင္းခဲ့၍ထိုမဂၤလာပြဲမွာ လူမႈ႕ကြန္ယက္တြင္ဂယက္ထသြားခဲ့သည္။
Crd