Unicode
ရန်ကုန်မြို့က ဆံပင်ရှည်တဲ့ မိန်းကလေးတွေ ကြုံတွေ့နေရတဲ့ ထိတ်လန့်စရာ အခြေအနေများ
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၇/၈ လမ်းဆုံမှာ အမျိုးသမီးတွေရဲ့ ဆံပင်ကို ကော်နဲ့ပက်တဲ့ ဖြစ်ရပ်တွေဖြစ်နေတယ်လို့ အဆိုပါ မြို့နယ်မှာ နေထိုင်သူတွေက ပြောပါတယ်။
အခုလိုအမျိုးသမီးတွေရဲ့ ဆံပင်ကို ကော်ရည်နဲ့ပက်တဲ့ဖြစ်ရပ် အပေါ် နားမလည်နိုင် ဖြစ်နေကြရပြီး ကာယကံရှင်တချို့က ဝမ်းနည်းခံစားရတဲ့အတွက် လူမှုကွန်ရက် စာမျက်နှာတွေမှာ အခြားသူတွေ သတိထားနိုင်ဖို့ မျှဝေထားကြပါတယ်။
“အဲဒီလမ်းဆုံ မရောက်တာ ကြာလှနေပြီ အခုတခဏလေး အတွင်းမှ ဖြစ်သွားတာ။ အမြဲအရှည်နဲ့ပဲနေလာတာအရမ်းဝမ်းနည်းတာပဲ ကော်ရည်က အကျီ နဲ့ အသားပါလောင်သွားတယ်” လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီး ငယ်တစ်ဦးက လူမှုကွန်ယက်ဖေ့စ်ဘုတ်မှာ အခုလ ၇ ရက်နေ့က အသိပေးထား ပါတယ်။
ဒီလိုဖြစ်ရပ်မျိုးကိုပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့ကလည်း ဖြစ်ပွားခဲ့ဖူးပြီး ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ဆိုင်ရာ လူမှုကွန်ရက်စာမျက်နှာတွေမှာ အသိပေးထားတာလည်း တွေ့ရပါတယ်။ ဒီဖြစ်ရပ်အပေါ် ထင်ကြေးပေး ပြောဆိုမှု အမျိုးမျိုးရှိနေပြီး အမျိုးသမီးတွေကတော့ ဆံပင်ကိုခေါင်းစီးထားဖို့နဲ့
အပြင်ထွက်ရင် သတိထားနေကြရပြီ ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေကို ဒေသခံအမျိုးသမီးတွေ ခံစားနေရတယ်လို့ သိရပါတယ်။YBS ပေါ်မှာလည်း ဆံပင်ရှည်တဲ့ မိန်းကလေးတွေကို ကပ်ကြေးနဲ့ ဆံပင်ဖြတ်ခြင်း၊ ပီကေနဲ့ ကပ်ခြင်း စသဖြင့် ထိခိုက်စေဖို့ မျိုးစုံ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
YBS ပေါ်မှာ ဆံပင်တွေ ကော်နဲ့ အကပ်ခံလိုက်ရတဲ့ မိန်းကလေးတဦးရဲ့ ကိုယ်တွေ့ ဖြစ်ရပ်ကို ပြန်လည် ဖော်ပြလိုက်ပါတယ်-ညီမ ဒီတစ်ခါနဲ့ဆို ဆံပင်ကို ကော်တွေနဲ့ အကပ်ခံရတာ နှစ်ခါရှိပါပြီရှင့်။ ပထမတစ်ခါက ဆံပင် အတွင်းထဲထိ နှိုက်ညှပ်လိုက်ရပါတယ်ရှင့်။
အခု ဒီတစ်ခါကတော့ အပြင်ပိုင်းလေးကိုပဲ ကပ်သွားတာရှင့်။ ဘယ်လိုမှလုပ်လို့ မရပါဘူး ညှပ်လိုက်ရတယ်ရှင့်။ တော်တော်ယုတ်မာပါတယ်။ ညီမမျက်ရည်ပါ ကျရပါတယ်။ YBS 12 Bus ပေါ်မှာပါရှင့်။ မိန်းကလေးများအားလုံး ညီမလို မဖြစ်ဖို့ ဂရုစိုက်ကျပါနော်။ ဆံပင်တွေလဲ ကုန်ပါပြီ။
အမျိုးသမီးများကို ယခုလို ထူးထူးဆန်းဆန်း အကြမ်းဖက်တဲ့ ပုံစံမျိုး ယခုနောက်ပိုင်းမှာ ခပ်စိတ်စိတ် တွေ့မြင်လာရတာကြောင့် အထူး သတိထားဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ ဖြစ်နိုင်ပါက ဆံပင်ကို စည်းနှောင်ခြင်း၊ ကျစ်ဆံမြီး ကျစ်ခြင်း၊ ဆံထုံး ထုံးခြင်း တို့ လုပ်ဆောင်သွားသင့်တယ်လို့ အကြံပြုလိုက်ရပါတယ်။
Crd
Zawgyi
ရန္ကုန္ၿမိဳ႕က ဆံပင္ရွည္တဲ့ မိန္းကေလးေတြ ႀကဳံေတြ႕ေနရတဲ့ ထိတ္လန႔္စရာ အေျခအေနမ်ား
ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္ ေျမာက္ပိုင္းၿမိဳ႕နယ္ ၇/၈ လမ္းဆုံမွာ အမ်ိဳးသမီးေတြရဲ႕ ဆံပင္ကို ေကာ္နဲ႔ပက္တဲ့ ျဖစ္ရပ္ေတြျဖစ္ေနတယ္လို႔ အဆိုပါ ၿမိဳ႕နယ္မွာ ေနထိုင္သူေတြက ေျပာပါတယ္။
အခုလိုအမ်ိဳးသမီးေတြရဲ႕ ဆံပင္ကို ေကာ္ရည္နဲ႔ပက္တဲ့ျဖစ္ရပ္ အေပၚ နားမလည္ႏိုင္ ျဖစ္ေနၾကရၿပီး ကာယကံရွင္တခ်ိဳ႕က ဝမ္းနည္းခံစားရတဲ့အတြက္ လူမႈကြန္ရက္ စာမ်က္ႏွာေတြမွာ အျခားသူေတြ သတိထားႏိုင္ဖို႔ မွ်ေဝထားၾကပါတယ္။
“အဲဒီလမ္းဆုံ မေရာက္တာ ၾကာလွေနၿပီ အခုတခဏေလး အတြင္းမွ ျဖစ္သြားတာ။ အၿမဲအရွည္နဲ႔ပဲေနလာတာအရမ္းဝမ္းနည္းတာပဲ ေကာ္ရည္က အက်ီ နဲ႔ အသားပါေလာင္သြားတယ္” လို႔ ကိုယ္တိုင္ႀကဳံေတြ႕ခဲ့ရတဲ့ အမ်ိဳးသမီး ငယ္တစ္ဦးက လူမႈကြန္ယက္ေဖ့စ္ဘုတ္မွာ အခုလ ၇ ရက္ေန႔က အသိေပးထား ပါတယ္။
ဒီလိုျဖစ္ရပ္မ်ိဳးကိုၿပီးခဲ့တဲ့ စက္တင္ဘာလ ၂၄ ရက္ေန႔ကလည္း ျဖစ္ပြားခဲ့ဖူးၿပီး ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္းၿမိဳ႕နယ္ဆိုင္ရာ လူမႈကြန္ရက္စာမ်က္ႏွာေတြမွာ အသိေပးထားတာလည္း ေတြ႕ရပါတယ္။ ဒီျဖစ္ရပ္အေပၚ ထင္ေၾကးေပး ေျပာဆိုမႈ အမ်ိဳးမ်ိဳးရွိေနၿပီး အမ်ိဳးသမီးေတြကေတာ့ ဆံပင္ကိုေခါင္းစီးထားဖို႔နဲ႔
အျပင္ထြက္ရင္ သတိထားေနၾကရၿပီ ျဖစ္ၿပီး စိတ္ပိုင္းဆိုင္ရာ မလုံၿခဳံမႈေတြကို ေဒသခံအမ်ိဳးသမီးေတြ ခံစားေနရတယ္လို႔ သိရပါတယ္။YBS ေပၚမွာလည္း ဆံပင္ရွည္တဲ့ မိန္းကေလးေတြကို ကပ္ေၾကးနဲ႔ ဆံပင္ျဖတ္ျခင္း၊ ပီေကနဲ႔ ကပ္ျခင္း စသျဖင့္ ထိခိုက္ေစဖို႔ မ်ိဳးစုံ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။
YBS ေပၚမွာ ဆံပင္ေတြ ေကာ္နဲ႔ အကပ္ခံလိုက္ရတဲ့ မိန္းကေလးတဦးရဲ႕ ကိုယ္ေတြ႕ ျဖစ္ရပ္ကို ျပန္လည္ ေဖာ္ျပလိုက္ပါတယ္-ညီမ ဒီတစ္ခါနဲ႔ဆို ဆံပင္ကို ေကာ္ေတြနဲ႔ အကပ္ခံရတာ ႏွစ္ခါရွိပါၿပီရွင့္။ ပထမတစ္ခါက ဆံပင္ အတြင္းထဲထိ ႏႈိက္ညႇပ္လိုက္ရပါတယ္ရွင့္။
အခု ဒီတစ္ခါကေတာ့ အျပင္ပိုင္းေလးကိုပဲ ကပ္သြားတာရွင့္။ ဘယ္လိုမွလုပ္လို႔ မရပါဘူး ညႇပ္လိုက္ရတယ္ရွင့္။ ေတာ္ေတာ္ယုတ္မာပါတယ္။ ညီမမ်က္ရည္ပါ က်ရပါတယ္။ YBS 12 Bus ေပၚမွာပါရွင့္။ မိန္းကေလးမ်ားအားလုံး ညီမလို မျဖစ္ဖို႔ ဂ႐ုစိုက္က်ပါေနာ္။ ဆံပင္ေတြလဲ ကုန္ပါၿပီ။
အမ်ိဳးသမီးမ်ားကို ယခုလို ထူးထူးဆန္းဆန္း အၾကမ္းဖက္တဲ့ ပုံစံမ်ိဳး ယခုေနာက္ပိုင္းမွာ ခပ္စိတ္စိတ္ ေတြ႕ျမင္လာရတာေၾကာင့္ အထူး သတိထားဖို႔ လိုအပ္ေနၿပီ ျဖစ္ပါတယ္။ ျဖစ္ႏိုင္ပါက ဆံပင္ကို စည္းေႏွာင္ျခင္း၊ က်စ္ဆံၿမီး က်စ္ျခင္း၊ ဆံထုံး ထုံးျခင္း တို႔ လုပ္ေဆာင္သြားသင့္တယ္လို႔ အႀကံျပဳလိုက္ရပါတယ္။
Crd