Unicode
တစ်ခါတစ်လေ လောကကြီးတွင် လူအနည်းစု ကျင့်သုံးသောအရာလေးများသည် အများကထောက်ခံအားပေးခြင်းမရှိ၍ ထူးဆန်းနေတတ်သည်။
သို့ဖြစ်၍ အင်္ဂလန်နိုင်ငံ South Yorkshireတွင် နေထိုင်သော အသက်၃၇နှစ်အရွယ် အမျိုးသားတစ်ဦးသည် ကျန်းမာရေးအထူးလိုက်စားကာ သူလိုက်နာကျင့်သုံးသောနည်းလမ်းအား လူအများမှသိရသောအခါ အဖျားတက်စေခဲ့သည်။
အမျိုးသားသည် လွန်ခဲ့သော ၃နှစ်လောက်က ဗိုက်အရမ်းနာခဲ့ရာ ဆေးရုံမှာသွားပြကြည့်ခဲ့ပေမယ့် ရောဂါအဖြေကိုမသိရသလို သောက်ဆေးပေးသော်လည်း မပျောက်ပဲဖြစ်နေ၍ ကိုယ့်ဘာသာကိုပဲ လိုင်းပေါ်ကနေ ရှာကြည့်ခဲ့သည်။
ထိုအခါ အမျိုးသားသည် ကိုယ့်ရဲ့ကျင်ငယ်ရည်ကို ပြန်လည်သောက်သုံးခြင်းဖြင့် ကျန်းမာရေးကောင်းမွန်ကာ လန်းဆန်းတက်ကြွစေသည့်နည်လမ်းကိုရှာဖွေတွေ့ရှိခဲ့ပြီး တကယ်တမ်းလည်း ထိုနည်းအတိုင်းကျင့်သုံးခဲ့သည်။
အမျိုးသားသည် သူ့ရဲ့ဆီးတွေကို ပုလင်းတစ်ခုမှာ ထည့်ကာ ရက်စွဲနှင့်တကွ သိမ်းဆည်းထားပြီး နွားနို့သောက်မည့်အစား တစ်ရက်ကိုတစ်ခွက် ပုံမှန်သောက်သုံးခဲ့ပြီး ကျန်းမာရေးလည်းကောင်းမွန်လာတာကြောင့် အခြားသူများကိုလည်း ထိုနည်းလမ်းအတိုင်း ကျင့်သုံးရန် အကြံပေးခဲ့သည်။
Crd
Zawgyi
Crd