ကားစီးရင်းအေးနေဖို့အတွက် Air conတပ်မည့်အစား သဘာဝနွားချေးကိုသာ ကားတစ်စီးလုံး သုတ်လိမ်းခဲ့သည့် အမျိုးသမီး

Unicode

အချို့သောသူများသည် အများနဲ့မတူသော စိတ်ကူးစိတ်သန်းနဲ့ ပတ်ဝန်းကျင်ကိုဂရုမစိုက်ပဲ သူတို့လုပ်ချင်ရာကို လုပ်တတ်ကြရာ တစ်ခါတစ်လေ သူတို့ရဲ့ထက်မြက်သောအတွေးတွေသည် လေးစားစရာကောင်းသည်။

ယခုတွင်လည်း အိန္ဒိယနိုင်ငံ အနောက်ပိုင်း Ahmedabadမှ အမျိုးသမီးတစ်ဦးသည် ရာသီဥတုကပူလွန်းတာကြောင့် ကားစီးသည့်အခါ အေးမြနေစေရန် စိတ်ကူးတစ်ခုရခဲ့သည်။

အမျိုးသမီးသည် ကားထဲတွင် လေအေးပေးစက်တပ်ဆင်မည့်အစား သဘာဝအတိုင်းပဲ အေးမြစေရန် ကျွမ်းကျင်သော အလုပ်သမားနှစ်ဦးကိုငှားရမ်းပြီး သူမရဲ့ဇိမ်ခံ တိုယိုတာကားတစ်စီးလုံးကို အပြင်ဖက်ကနေ နွားချေးနဲ့ သုတ်လိမ်းခဲ့သည်။

အမျိုးသမီးသည် သူမရဲ့ဇိမ်ခံကားကို နွားချေးနဲ့ဖုံးထား၍ ထက်မြက်တဲ့စိတ်ကူးအတွေးအခေါ်ကို သဘောကျပြီး ချီးကျူးသည့်သူတွေရှိသလို ဝေဖန်ကြတဲ့သူများလည်း ရှိနေသည်။

Crd

Zawgyi





Crd