သားသမီး၁၂ယောက်ထိမွေးထားသော်လည်း လမ်းဘေးမှာ ကုန်စိမ်းရောင်းစားနေရသေးသည့် အမေအိုကြီးရဲ့ ဒုက္ခ

Unicode

မိဘတို့သည် သားသမီးဆီက ဘယ်အရာမှမျှော်ကိုးခြင်းမရှိပဲ အိုမင်းမစွမ်းဖြစ်နေချိန်မှာပင် သားသမီးအား ဒုက္ခမပေးချင်ကြတာကြောင့် ပင်ပန်းခက်ခဲမှုအားလုံးကို ထုတ်မပြကြပေ။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ အသက်၈၁နှစ်အရွယ် အမေအိုကြီးတစ်ဦးသည် စားဝတ်နေရေးအတွက် မိုးလင်းကနေ မိုးချုပ်ထိ လမ်းဘေးမှာ ဟင်းသီးဟင်းရွက် ရောင်းစားနေရဆဲဖြစ်သည်။

အမေအိုကြီးသည် သားသမီး ၁၂ယောက်ထိမွေးထားပေမယ့် အကုန်လုံးက အိမ်ထောင်ကိုယ်စီကျကာ အခက်အခဲတွေရှိကြ၍ ဝန်ထုပ်ဝန်ပိုးမဖြစ်စေလိုတာကြောင့်နဲ့ သားသမီးတွေကလည်း တစ်ယောက်နဲ့တစ်ယောက် ကန့်တွက်ပြီး အိမ်ပေဉ်ခေါ်တင်မကျွေးထားကြချင်ပဲဖြစ်နေသည်။

ထို့ကြောင့် အမေအိုကြီးမှာ သားသမီးတွေ ကြီးပြင်းလာသော်လည်း အားမကိုးရပဲ ထမင်းသုံးနပ်မှန်ဖို့အတွက် လမ်းဘေးဈေးသည်အဖြစ် လုပ်ကိုင်နေခဲ့သည်။

Crd

Zawgyi





Crd