မိန်းကလေးတွေဖက်ကနေ ချစ်ရေးဆိုလာတာမျိုးရှိပေမယ့် လုံးဝစိတ်မဝင်စားပဲ အိမ်မွေးခွေးမလေးကိုသာ လက်ထပ်ခဲ့သည့် ကောင်လေး

Unicode

အချို့သောသူများရဲ့ အတွေးအခေါ် လုပ်ရပ်တွေသည် လူအများအား ပြောစရာစကားမရှိတော့လောက်အောင် ဆွံ့အသွားစေပြီး အလွန်အမင်းလည်း စိတ်ဝင်စားမှုဖြစ်စေကာ အံ့သြစေခဲ့သည်။

သို့ဖြစ်၍ သြစတေးလျနိုင်ငံမှ အသက်၂၀နှစ်အရွယ် ကောင်လေးတစ်ဦးသည် လွန်ခဲ့သော ၅နှစ်လောက်က အိမ်မွေးတိရစ္ဆာန်အဖြစ်မွေးစားထားသော ခွေးမလေးတစ်ကောင်ကို အရမ်းချစ်မြတ်နိုးကာ ဇနီးမယားအဖြစ် လက်ထပ်ပေါင်းသင်းခဲ့သည်။

ကောင်လေးသည် ရုပ်ဖြောင့်သည့်အတွက် မိန်းကလေးတွေဖက်ကနေ ရည်းစားစကားလိုက်ပြောတာတွေရှိခဲ့ပေမယ့် လုံးဝစိတ်မဝင်စားပဲ သူ့ရဲ့ခွေးမလေးကိုသာ ဂရုစိုက်ပြီး သူ့အတွက်ပျော်ရွှင်စေတာကြောင့် သူငယ်ချင်းအယောက်၃၀လောက်နဲ့ ပန်းခြံတစ်ခုမှာ မင်္ဂလာပွဲကျင်းပခဲ့သည်။

ကောင်လေးရဲ့လုပ်ရပ်ကြောင့် အများက အံ့အားသင့်မိကာ ခွေးတစ်ကောင်နဲ့ လက်ထပ်ခဲ့၍ ကောင်လေးအား စိတ်ကျန်းမာရေးအခြေအနေမမှန်ပူးဟု မှတ်ချက်ပေးကာ ဝေဖန်ခဲ့ကြသည်။

Crd

Zawgyi





Crd