ျမန္မာ့သက္တမ္းအရွည္ဆုံး လက္ဖက္ရည္ဆိုင္ (ႏွစ္ေပါင္း ၉၀ ေက်ာ္၊ မ်ိဳးဆက္ (၄)ဆက္ ရွိပါၿပီ

Unicode

မြန်မာ့သက်တမ်းအရှည်ဆုံး လက်ဖက်ရည်ဆိုင် (နှစ်ပေါင်း ၉၀ ကျော်၊ မျိုးဆက် (၄) ဆက် ရှိပါပြီ)

နှစ်ပေါင်း ၉၀ ကျော်က လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင်နဲ့ကျွန်တော် မိတ်ဆက်ပေးပါရစေ။ ဆိုင်ထဲကို ရောက်သွားရင် ကိုလိုနီခေတ်ဟောင်းက ပုံရိပ်တွေ ၊လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက လှုပ်ရှားမှုတွေ၊အဲဒီခေတ်က ထင်ရှားခဲ့တဲ့ သမိုင်းဓာတ်ပုံတွေနဲ့ ဖမ်းစားထားတဲ့ ဆိုင်လေးတစ်ဆိုင် အထက်ချင်းတွင်း မင်းကင်းမြို့မှာ ရှိပါတယ်။

မင်းကင်းမြို့အမှတ် ၁ ရပ်ကွက် ဖောင်တော်ဦး ဘုရားသွားလမ်းပေါ်မှာ ရှိ မြန်မာသင်္ဂဟ စတိုး ဆိုတဲ့ လက်ဖက်ရည်ဆိုင်လေးကို မိတ်ဆွေတွေရဲ့လမ်းညွန်မှုကြောင့် သွားထိုင်ဖြစ်တယ်၊ ဆိုင်ရဲ့ဆိုင်းဘုတ် စာလုံးကလည်း ၁၉၃၀ ခုနှစ်က

ဒီဇိုင်းလက်ရာ အတိုင်း အခုထိ ထိန်းသိမ်းထားတာပါ။ လက်ရှိ ဆိုင်ရှင်ကတော့ လေးဆက်မြောက် မိသားစုဝင်ပေါ့၊ ဆိုင်ကို ဦးစံညိန်းဆိုတဲ့လူ က ၁၉၃၀ ဇူလိုင်လမှာ စတင်တည်ထောင်ဖွင့်လှစ်ခဲ့တာလို့ဆိုပါတယ်။

ဆိုင်ထဲမှာ လွတ်လပ်ရေးကြိုးပမ်းစဉ် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်နုတို့ရဲ့ လှုပ်ရှားမှု သတင်းဓာတ်ပုံများ၊ ဖဆပလခေတ်ပုံတွေ၊ ရန်ကုန် တိုင်းပြုပြည်ပြု လွှတ်တော်ပုံတွေ၊ ဂျူဗလီဟော ပုံရိပ်တွေ၊ ပြည်တော်သာ ညီလာခံ ပုံရိပ်တွေ၊ ဗမာပြည်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ လာစဉ် ပြည်သူက ကြိုဆိုနေပုံ၊ သီပေါမင်း၊ စုဖုရားလတ် ပုံတွေ။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းဓာတ်ပုံ၊ ဒေါ်အောင်ဆန်းစုကြည် လန်ဒန်သွားဓာတ်ပုံတွေ၊ အဲဒီခေတ်က နာမည်ကြီးခဲ့တဲ့ ဓာတ်ရှင်

မင်းသား၊ မင်းသမီးပုံတွေနဲ့ ဆိုင်အပြင်အဆင်က ဖမ်းစားထားပါတယ်။ ခေတ်တစ်ခေတ်ကို နောက်ပြန်လှည့်သွားပြီး ခံစားနိုင်တဲ့ ဖီလင်မျိုးရအောင် အားထုတ်ထားပါတယ်၊ ဆိုင်ဖွင့်ထားတဲ့ အိမ်ကလည်း ၁၉၃၀ တုန်းက ဆောက်တဲ့အိမ်ပါပဲ၊ ခုထိ ပုံစံမပျက်ထိန်းသိမ်းထားနိုင်တာ ချီးကျူးမိပါတယ်။

ဆိုင်ထဲက ပုံရိပ်တွေ ကြည့်ပြီးရင် အစားအသောက်ဖက် လှည့်ရအောင်။ လက်ဖက်ရည်ကတော့ သိပ်မဆိုးရုံ ပါပဲ၊ ကိုယ်တွေက

လက်ဖက်ရည်ကြိုက်တဲ့သူမဟုတ်တော့ သိပ်အာမတွေ့ဘူး၊ စားကောင်းတာတော့ မင်းကင်းရဲ့နာမည်ကျော် မုန့်တီ ပါပဲ။ ကြိတ်ခေါက်ဆွဲ ဆီချက်ကလည်း ထူးခြားတဲ့ အရသာ တစ်ခု ရှိတယ်။

ဒီဆိုင်က အကောင်းဆုံးကို ညွှန်းပါဆိုရင် ဆနွင်းမကင်း ပါပဲ၊ မင်းကင်းဒေသထွက် ဆန်က ကောင်းတာလည်း ပါမယ် ထင်တယ်၊ အချိုသိပ်မများပဲ အရသာက

စီးစီးပိုင်ပိုင်ရှိတယ်၊ တတုံးဆို အီဆောင့် သွားတာ၊ စစ်ကိုင်းတိုင်းအထက်ပိုင်းက ချင်းတွင်းမြစ်ဆိပ်ကမ်း မြို့တစ်ခုဖြစ် မင်းကင်းမြို့ကို ရောက်ရင် ဒီဆိုင်လေးကို သွားဖြစ်အောင် သွားကြပါလို့၊

နောက်ပြီး ပုဂံခေတ် နရပတိစည်သူမင်း ကောင်းမှု တန်ခိုးကြီး စကားဘုရား ၁၀ ဆူထဲက ရွှေစကားဘုရား၊ ကျေးတောင်ဦးက သမိုင်းဝင်ဘုရားများလည်း ဖူးနိုင်ပါတယ်၊ အင်ဖက် လေးတွေနဲ့ ပြင်ပေးတဲ့ လက်ညှစ် မုန့်ဟင်းခါး၊ ကောက်ညှင်းဆန် ကောင်းကောင်းနဲ့

လုပ်ထားတဲ့ မုန့်ပေါင်း၊ ဖွက်ဥ၊ ရေကြက်၊ ရေဘဲ ၊ ဒေသထွက်ပေါင်းတင်း၊ သစ်ဥ သစ်ဖု၊ နန်ကထီး စတဲ့ မုန့်တွေ မြည်းစမ်းနိုင်တဲ့ မင်းကင်းမြို့ ဈေးကိုလည်း လည်ပတ်နိုင်ပါတယ်။

Crd

Zawgyi

ျမန္မာ့သက္တမ္းအရွည္ဆုံး လက္ဖက္ရည္ဆိုင္ (ႏွစ္ေပါင္း ၉၀ ေက်ာ္၊ မ်ိဳးဆက္ (၄) ဆက္ ရွိပါၿပီ)

ႏွစ္ေပါင္း ၉၀ ေက်ာ္က လက္ဖက္ရည္ဆိုင္ေလး တစ္ဆိုင္နဲ႔ကြၽန္ေတာ္ မိတ္ဆက္ေပးပါရေစ။ ဆိုင္ထဲကို ေရာက္သြားရင္ ကိုလိုနီေခတ္ေဟာင္းက ပုံရိပ္ေတြ ၊လြတ္လပ္ေရးႀကိဳးပမ္းစဥ္ကာလက လႈပ္ရွားမႈေတြ၊အဲဒီေခတ္က ထင္ရွားခဲ့တဲ့ သမိုင္းဓာတ္ပုံေတြနဲ႔ ဖမ္းစားထားတဲ့ ဆိုင္ေလးတစ္ဆိုင္ အထက္ခ်င္းတြင္း မင္းကင္းၿမိဳ႕မွာ ရွိပါတယ္။

မင္းကင္းၿမိဳ႕အမွတ္ ၁ ရပ္ကြက္ ေဖာင္ေတာ္ဦး ဘုရားသြားလမ္းေပၚမွာ ရွိ ျမန္မာသဂၤဟ စတိုး ဆိုတဲ့ လက္ဖက္ရည္ဆိုင္ေလးကို မိတ္ေဆြေတြရဲ႕လမ္းၫြန္မႈေၾကာင့္ သြားထိုင္ျဖစ္တယ္၊ ဆိုင္ရဲ႕ဆိုင္းဘုတ္ စာလုံးကလည္း ၁၉၃၀ ခုႏွစ္က

ဒီဇိုင္းလက္ရာ အတိုင္း အခုထိ ထိန္းသိမ္းထားတာပါ။ လက္ရွိ ဆိုင္ရွင္ကေတာ့ ေလးဆက္ေျမာက္ မိသားစုဝင္ေပါ့၊ ဆိုင္ကို ဦးစံညိန္းဆိုတဲ့လူ က ၁၉၃၀ ဇူလိုင္လမွာ စတင္တည္ေထာင္ဖြင့္လွစ္ခဲ့တာလို႔ဆိုပါတယ္။

ဆိုင္ထဲမွာ လြတ္လပ္ေရးႀကိဳးပမ္းစဥ္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၊ သခင္ႏုတို႔ရဲ႕ လႈပ္ရွားမႈ သတင္းဓာတ္ပုံမ်ား၊ ဖဆပလေခတ္ပုံေတြ၊ ရန္ကုန္ တိုင္းျပဳျပည္ျပဳ လႊတ္ေတာ္ပုံေတြ၊ ဂ်ဴဗလီေဟာ ပုံရိပ္ေတြ၊ ျပည္ေတာ္သာ ညီလာခံ ပုံရိပ္ေတြ၊ ဗမာျပည္ကြန္ျမဴနစ္ပါတီ ကိုယ္စားလွယ္အဖြဲ႕ ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ လာစဥ္ ျပည္သူက ႀကိဳဆိုေနပုံ၊ သီေပါမင္း၊ စုဖုရားလတ္ ပုံေတြ။

ဆရာႀကီးသခင္ကိုယ္ေတာ္မႈိင္းဓာတ္ပုံ၊ ေဒၚေအာင္ဆန္းစုၾကည္ လန္ဒန္သြားဓာတ္ပုံေတြ၊ အဲဒီေခတ္က နာမည္ႀကီးခဲ့တဲ့ ဓာတ္ရွင္

မင္းသား၊ မင္းသမီးပုံေတြနဲ႔ ဆိုင္အျပင္အဆင္က ဖမ္းစားထားပါတယ္။ ေခတ္တစ္ေခတ္ကို ေနာက္ျပန္လွည့္သြားၿပီး ခံစားႏိုင္တဲ့ ဖီလင္မ်ိဳးရေအာင္ အားထုတ္ထားပါတယ္၊ ဆိုင္ဖြင့္ထားတဲ့ အိမ္ကလည္း ၁၉၃၀ တုန္းက ေဆာက္တဲ့အိမ္ပါပဲ၊ ခုထိ ပုံစံမပ်က္ထိန္းသိမ္းထားႏိုင္တာ ခ်ီးက်ဴးမိပါတယ္။

ဆိုင္ထဲက ပုံရိပ္ေတြ ၾကည့္ၿပီးရင္ အစားအေသာက္ဖက္ လွည့္ရေအာင္။ လက္ဖက္ရည္ကေတာ့ သိပ္မဆိုး႐ုံ ပါပဲ၊ ကိုယ္ေတြက

လက္ဖက္ရည္ႀကိဳက္တဲ့သူမဟုတ္ေတာ့ သိပ္အာမေတြ႕ဘူး၊ စားေကာင္းတာေတာ့ မင္းကင္းရဲ႕နာမည္ေက်ာ္ မုန႔္တီ ပါပဲ။ ႀကိတ္ေခါက္ဆြဲ ဆီခ်က္ကလည္း ထူးျခားတဲ့ အရသာ တစ္ခု ရွိတယ္။

ဒီဆိုင္က အေကာင္းဆုံးကို ၫႊန္းပါဆိုရင္ ဆႏြင္းမကင္း ပါပဲ၊ မင္းကင္းေဒသထြက္ ဆန္က ေကာင္းတာလည္း ပါမယ္ ထင္တယ္၊ အခ်ိဳသိပ္မမ်ားပဲ အရသာက

စီးစီးပိုင္ပိုင္ရွိတယ္၊ တတုံးဆို အီေဆာင့္ သြားတာ၊ စစ္ကိုင္းတိုင္းအထက္ပိုင္းက ခ်င္းတြင္းျမစ္ဆိပ္ကမ္း ၿမိဳ႕တစ္ခုျဖစ္ မင္းကင္းၿမိဳ႕ကို ေရာက္ရင္ ဒီဆိုင္ေလးကို သြားျဖစ္ေအာင္ သြားၾကပါလို႔၊

ေနာက္ၿပီး ပုဂံေခတ္ နရပတိစည္သူမင္း ေကာင္းမႈ တန္ခိုးႀကီး စကားဘုရား ၁၀ ဆူထဲက ေ႐ႊစကားဘုရား၊ ေက်းေတာင္ဦးက သမိုင္းဝင္ဘုရားမ်ားလည္း ဖူးႏိုင္ပါတယ္၊ အင္ဖက္ ေလးေတြနဲ႔ ျပင္ေပးတဲ့ လက္ညႇစ္ မုန႔္ဟင္းခါး၊ ေကာက္ညႇင္းဆန္ ေကာင္းေကာင္းနဲ႔

လုပ္ထားတဲ့ မုန႔္ေပါင္း၊ ဖြက္ဥ၊ ေရၾကက္၊ ေရဘဲ ၊ ေဒသထြက္ေပါင္းတင္း၊ သစ္ဥ သစ္ဖု၊ နန္ကထီး စတဲ့ မုန႔္ေတြ ျမည္းစမ္းႏိုင္တဲ့ မင္းကင္းၿမိဳ႕ ေဈးကိုလည္း လည္ပတ္ႏိုင္ပါတယ္။

Crd