ဖုန္းဆိုင္ကေန ဖုန္းေတြယူၿပီးထြက္ေျပးဖို႔ႀကိဳးစားေပမဲ့ ဆိုင္ရဲ႕တံခါးဖြင့္မရျဖစ္ခဲ့ရတဲ့ အမ်ိဳးသားတစ္ဦးရဲ႕အျဖစ္

Unicode

လူငယ်အမျိုးသားတစ်ဦးက ဖုန်းဆိုင်တစ်ခုကနေ ပေါင် ၁၆၀၀ တန်ကြေးရှိတဲ့ ဖုန်း (၂) လုံးကို ယူပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမဲ့ ဆိုင်ရဲ့တံခါးဖွင့်မရတာကြောင့် ထွက်ပြေးလို့မရဖြစ်ခဲ့ရပါတယ်။ အဲဒီဖုန်းသူခိုးဟာ အင်္ဂလန်နိုင်ငံ၊ ဒူးစ်ဘာရီမြို့လေးက Phone Market

ဖုန်းဆိုင်ကနေ ဖုန်းဝယ်ချင်ယောင်ဆောင်ပြီး ဖုန်း (၂) လုံးကို ယူပြေးဖို့ကြိုးစားခဲ့တာပါ။ ဒါပေမဲ့ ဆိုင်ဝန်ထမ်းဟာ သူ ဆိုင်ထဲကို ဝင်လာခဲ့ပြီးတဲ့နောက်မှာ အဝေးထိန်းခလုတ်နဲ့ ဆိုင်တံခါးကို သော့ခတ်လိုက်တာပါ။

သူခိုးက သူ ထွက်ပြေးလို့မရမှန်းသိခဲ့ပြီးတဲ့နောက် ဆဲဆိုရင်းနဲ့ ဖုန်းတွေကို ပြန်ပေးခဲ့တယ်လို့ ဆိုင်ဝန်ထမ်းက ပြောပါတယ်။ အဲဒီလူ

အကြမ်းဖက်လာမှာဆိုးတာ‌ကြောင့်ရော ဆိုင်ကို ပျက်စီးသွားစေမှာဆိုးတာကြောင့်ပါ သူ့ကို ဖမ်းဆီးအရေးယူတာတွေမလုပ်ဘဲ ဒီအတိုင်းလွှတ်ပေးခဲ့ပါတယ်။

ဆိုင်ပိုင်ရှင် အက်ဖ်ဇယ် အာဒမ်ဟာ သူ့ရဲ့ဝန်ထမ်းတွေ ဖုန်းကောင်တာကနေ အဝေးထိန်းခလုတ်နဲ့ သူ့ဆိုင်ရဲ့တံခါးကို သော့ခတ်လို့ရစေမယ့် စက်ကိရိယာတစ်ခုကို ပေါင် ၂၅၀ ပေးပြီး ၂၀၂၀ ခုနှစ်က တပ်ဆင်ထားခဲ့တာပါ။ “ဆိုင်လာတဲ့သူတွေက

Mask တွေ၊ ခေါင်းစွပ်တွေနဲ့ လာကြတဲ့အတွက် တစ်စုံတစ်ယောက်က ကျွန်တော့်ဆိုင်ကနေ ပစ္စည်းခိုးသွားခဲ့တယ်ဆိုရင် ဘယ်သူဆိုတာကို ဖော်ထုတ်လို့မရမှာ ကျွန်တော်စိုးရိမ်မိခဲ့တယ်။ ဒါကြောင့် အဲဒီစက်ကိရိယာကို တပ်ဆင်ခဲ့တာပါ။

အခြားဒေသတွင်းဆိုင်ပိုင်ရှင်တွေက သူတို့လည်း အဲဒါမျိုးလိုချင်တဲ့အတွက် ဘယ်လို စက်ကိရိယာလဲဆိုတာ လာပြီးမေးကြတယ်”လို့ အက်ဖ်ဇယ်က ပြောပါတယ်။

အက်ဖ်ဇယ်က Phone Market ကို ဖွင့်ခဲ့တာ ၂၄ နှစ်ကြာပါပြီ။ အရင်က ဒီလိုအဖြစ်အပျက်မျိုး မကြုံခဲ့ဖူးပါဘူး။ အက်ဖ်ဇယ်က

ဖုန်းယူပြေးတဲ့အမျိုးသားဘယ်သူဆိုတာ သိစေဖို့အတွက် စီစီတီဗီဗီဒီယိုကို မိသားစု Whatsapp ဂရုထဲ ‌ပို့ခဲ့တာပါ။ အဲဒီကနေ ဖေ့စ်ဘွတ်ဖ်ပေါ် ရောက်သွားပြီးနောက် ချက်ချင်းဆိုသလိုပဲ ပျံ့နှံ့သွားခဲ့ပါတယ်။

လူမှုကွန်ယက်အသုံးပြုသူတွေရဲ့မှတ်ချက်တွေမှာ ၉၉.၉၉ ရာခိုင်နှုန်းလောက် အကောင်းပြောထားတာတွေပါ။ ဖုန်းခိုးယူတဲ့သူကို ဘာမှမလုပ်ဘဲ လွှတ်ပေးခဲ့တဲ့အတွက် ချီးကျူးစကားဆိုကြသလို အဲဒီလူကို ဘာကြောင့် မရိုက်နှက်လိုက်တာလဲလို့လည်း

မေးကြတယ်လို့ အက်ဖ်ဇယ်က ပြောပါတယ်။ “ရိုက်နှက်တာမျိုးတွေ ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ လူသားဆန်မှုက ဘာလဲဆိုတာ လူတွေကို ကျွန်တော်ပြခဲ့ရုံပါပဲ။ ကျွန်တော်တို့ ရိုက်နှက်တာတွေလုပ်ခဲ့မယ်ဆိုရင် အဲဒါထက်ပိုတဲ့ ဇာတ်လမ်းတွေရှိလာမယ်။ အကြမ်းဖက်မှုရဲ့နောက်ထပ်ဇာတ်လမ်းတစ်ခုဖြစ်လာလိမ့်မယ်”လို့ အက်ဖ်ဇယ်က ဆိုပါတယ်။

Crd

Zawgyi

လူငယ္အမ်ိဳးသားတစ္ဦးက ဖုန္းဆိုင္တစ္ခုကေန ေပါင္ ၁၆၀၀ တန္ေၾကးရွိတဲ့ ဖုန္း (၂) လုံးကို ယူၿပီး ထြက္ေျပးဖို႔ ႀကိဳးစားခဲ့ေပမဲ့ ဆိုင္ရဲ႕တံခါးဖြင့္မရတာေၾကာင့္ ထြက္ေျပးလို႔မရျဖစ္ခဲ့ရပါတယ္။ အဲဒီဖုန္းသူခိုးဟာ အဂၤလန္ႏိုင္ငံ၊ ဒူးစ္ဘာရီၿမိဳ႕ေလးက Phone Market

ဖုန္းဆိုင္ကေန ဖုန္းဝယ္ခ်င္ေယာင္ေဆာင္ၿပီး ဖုန္း (၂) လုံးကို ယူေျပးဖို႔ႀကိဳးစားခဲ့တာပါ။ ဒါေပမဲ့ ဆိုင္ဝန္ထမ္းဟာ သူ ဆိုင္ထဲကို ဝင္လာခဲ့ၿပီးတဲ့ေနာက္မွာ အေဝးထိန္းခလုတ္နဲ႔ ဆိုင္တံခါးကို ေသာ့ခတ္လိုက္တာပါ။

သူခိုးက သူ ထြက္ေျပးလို႔မရမွန္းသိခဲ့ၿပီးတဲ့ေနာက္ ဆဲဆိုရင္းနဲ႔ ဖုန္းေတြကို ျပန္ေပးခဲ့တယ္လို႔ ဆိုင္ဝန္ထမ္းက ေျပာပါတယ္။ အဲဒီလူ

အၾကမ္းဖက္လာမွာဆိုးတာ‌ေၾကာင့္ေရာ ဆိုင္ကို ပ်က္စီးသြားေစမွာဆိုးတာေၾကာင့္ပါ သူ႔ကို ဖမ္းဆီးအေရးယူတာေတြမလုပ္ဘဲ ဒီအတိုင္းလႊတ္ေပးခဲ့ပါတယ္။

ဆိုင္ပိုင္ရွင္ အက္ဖ္ဇယ္ အာဒမ္ဟာ သူ႔ရဲ႕ဝန္ထမ္းေတြ ဖုန္းေကာင္တာကေန အေဝးထိန္းခလုတ္နဲ႔ သူ႔ဆိုင္ရဲ႕တံခါးကို ေသာ့ခတ္လို႔ရေစမယ့္ စက္ကိရိယာတစ္ခုကို ေပါင္ ၂၅၀ ေပးၿပီး ၂၀၂၀ ခုႏွစ္က တပ္ဆင္ထားခဲ့တာပါ။ “ဆိုင္လာတဲ့သူေတြက

Mask ေတြ၊ ေခါင္းစြပ္ေတြနဲ႔ လာၾကတဲ့အတြက္ တစ္စုံတစ္ေယာက္က ကြၽန္ေတာ့္ဆိုင္ကေန ပစၥည္းခိုးသြားခဲ့တယ္ဆိုရင္ ဘယ္သူဆိုတာကို ေဖာ္ထုတ္လို႔မရမွာ ကြၽန္ေတာ္စိုးရိမ္မိခဲ့တယ္။ ဒါေၾကာင့္ အဲဒီစက္ကိရိယာကို တပ္ဆင္ခဲ့တာပါ။

အျခားေဒသတြင္းဆိုင္ပိုင္ရွင္ေတြက သူတို႔လည္း အဲဒါမ်ိဳးလိုခ်င္တဲ့အတြက္ ဘယ္လို စက္ကိရိယာလဲဆိုတာ လာၿပီးေမးၾကတယ္”လို႔ အက္ဖ္ဇယ္က ေျပာပါတယ္။

အက္ဖ္ဇယ္က Phone Market ကို ဖြင့္ခဲ့တာ ၂၄ ႏွစ္ၾကာပါၿပီ။ အရင္က ဒီလိုအျဖစ္အပ်က္မ်ိဳး မႀကဳံခဲ့ဖူးပါဘူး။ အက္ဖ္ဇယ္က

ဖုန္းယူေျပးတဲ့အမ်ိဳးသားဘယ္သူဆိုတာ သိေစဖို႔အတြက္ စီစီတီဗီဗီဒီယိုကို မိသားစု Whatsapp ဂ႐ုထဲ ‌ပို႔ခဲ့တာပါ။ အဲဒီကေန ေဖ့စ္ဘြတ္ဖ္ေပၚ ေရာက္သြားၿပီးေနာက္ ခ်က္ခ်င္းဆိုသလိုပဲ ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။

လူမႈကြန္ယက္အသုံးျပဳသူေတြရဲ႕မွတ္ခ်က္ေတြမွာ ၉၉.၉၉ ရာခိုင္ႏႈန္းေလာက္ အေကာင္းေျပာထားတာေတြပါ။ ဖုန္းခိုးယူတဲ့သူကို ဘာမွမလုပ္ဘဲ လႊတ္ေပးခဲ့တဲ့အတြက္ ခ်ီးက်ဴးစကားဆိုၾကသလို အဲဒီလူကို ဘာေၾကာင့္ မ႐ိုက္ႏွက္လိုက္တာလဲလို႔လည္း

ေမးၾကတယ္လို႔ အက္ဖ္ဇယ္က ေျပာပါတယ္။ “႐ိုက္ႏွက္တာမ်ိဳးေတြ ဘယ္ေတာ့မွ လုပ္မွာမဟုတ္ဘူး။ လူသားဆန္မႈက ဘာလဲဆိုတာ လူေတြကို ကြၽန္ေတာ္ျပခဲ့႐ုံပါပဲ။ ကြၽန္ေတာ္တို႔ ႐ိုက္ႏွက္တာေတြလုပ္ခဲ့မယ္ဆိုရင္ အဲဒါထက္ပိုတဲ့ ဇာတ္လမ္းေတြရွိလာမယ္။ အၾကမ္းဖက္မႈရဲ႕ေနာက္ထပ္ဇာတ္လမ္းတစ္ခုျဖစ္လာလိမ့္မယ္”လို႔ အက္ဖ္ဇယ္က ဆိုပါတယ္။

Crd