ကြယ္လြန္သြားေသာ သမီးေလးရဲ႕အုတ္ဂူဆီသို႔သြားေရာက္ကာ အုတ္ဂူကိုပုံစံအမ်ိဳးမ်ိဳးနဲ႔ အလွဆင္ေပးထားၿပီး လက္ေဆာင္ပစၥည္းမ်ားစြာ ဝယ္ေပးခဲ့ေသာ ဖခင္တစ္ဦး

Unicode

သားသမီးကို ဆုံးရှုံးလိုက်ရသည့် မိဘတို့ရဲ့ဝေဒနာသည် ဘယ်အရာနဲ့မှ အစားထိုးပြေပျောက်သွားခြင်းမရှိပဲ သတိရတိုင်း နာကျင်ခံစားကြရသည်။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံက ဖခင်တစ်ဦးသည် ကင်ဆာရောဂါနဲ့ အသက်ငယ်ငယ်လေးမှာပဲ ဆုံးပါးသွားသော သမီးလေးကို အမြဲလွမ်းဆွတ်သတိရကာ အုတ်ဂူဆီသို့လည်း အမြဲလိုလိုသွားလည်ပြီး အဖော်ပြုပေးခဲ့သည်။

ဖခင်ဖြစ်သူသည် သမီးလေးမှ ဆုံးပါးသွားတာ ၂နှစ်အကြာရှိပြီဆိုပေမယ့် အဖြစ်အပျက်က မနေ့တစ်နေ့ကလိုပဲခံစားရကာ အိမ်မှာလည်း သမီးလေးရဲ့အခန်းကို ယခင်ပုံစံတိုင်းလေးပဲထားရှိကာ အဝတ်အစား အသုံးအဆောင် ပစ္စည်းများကိုလည်း နဂိုတိုင်းလေးပဲ သိမ်းဆည်းထားခဲ့သည်။

ထို့အပြင် ဖခင်ဖြစ်သူသည် သမီးလေးရဲ့ မွေးနေ့မှာ အုတ်ဂူသို့သွားပြီး မွေးနေ့ကိတ်လှလှလေးဝယ်သွားပေးကာ အုတ်ဂူကိုလည်း ခရစ်စမတ်နေ့နီးတော့မည်ဖြစ်၍ ခရစ်စမတ်ပွဲလေးကြိုဆိုနေသည့်ဟန် အလှဆင်ပေးနေခြင်းကြောင့် မြင်တွေ့သူတိုင်းကို ထပ်တူစိတ်မကောင်းဖြစ်စေခဲ့သည်။

Crd

Zawgyi

သားသမီးကို ဆုံးရႈံးလိုက္ရသည့္ မိဘတို႔ရဲ႕ေဝဒနာသည္ ဘယ္အရာနဲ႔မွ အစားထိုးေျပေပ်ာက္သြားျခင္းမရွိပဲ သတိရတိုင္း နာက်င္ခံစားၾကရသည္။

ယခုတြင္လည္း ဗီယက္နမ္ႏိုင္ငံက ဖခင္တစ္ဦးသည္ ကင္ဆာေရာဂါနဲ႔ အသက္ငယ္ငယ္ေလးမွာပဲ ဆုံးပါးသြားေသာ သမီးေလးကို အၿမဲလြမ္းဆြတ္သတိရကာ အုတ္ဂူဆီသို႔လည္း အၿမဲလိုလိုသြားလည္ၿပီး အေဖာ္ျပဳေပးခဲ့သည္။

ဖခင္ျဖစ္သူသည္ သမီးေလးမွ ဆုံးပါးသြားတာ ၂ႏွစ္အၾကာရွိၿပီဆိုေပမယ့္ အျဖစ္အပ်က္က မေန႔တစ္ေန႔ကလိုပဲခံစားရကာ အိမ္မွာလည္း သမီးေလးရဲ႕အခန္းကို ယခင္ပုံစံတိုင္းေလးပဲထားရွိကာ အဝတ္အစား အသုံးအေဆာင္ ပစၥည္းမ်ားကိုလည္း နဂိုတိုင္းေလးပဲ သိမ္းဆည္းထားခဲ့သည္။

ထို႔အျပင္ ဖခင္ျဖစ္သူသည္ သမီးေလးရဲ႕ ေမြးေန႔မွာ အုတ္ဂူသို႔သြားၿပီး ေမြးေန႔ကိတ္လွလွေလးဝယ္သြားေပးကာ အုတ္ဂူကိုလည္း ခရစ္စမတ္ေန႔နီးေတာ့မည္ျဖစ္၍ ခရစ္စမတ္ပြဲေလးႀကိဳဆိုေနသည့္ဟန္ အလွဆင္ေပးေနျခင္းေၾကာင့္ ျမင္ေတြ႕သူတိုင္းကို ထပ္တူစိတ္မေကာင္းျဖစ္ေစခဲ့သည္။

Crd