သမိုင္းတစ္ေလွ်ာက္ ကမာၻ႔အရပ္ရွည္ဆုံးလူသားအျဖစ္ မွတ္တမ္းတင္ခံရသူ

Unicode

“အီလီနွိုင်းပြည်နယ်ရဲ့ဧရာမလူသားကြီး” အဖြစ် ခေါ်ဆိုကြတဲ့ ရော်ဘတ်ဝက်ဒ်လိုဟာဆိုရင် သမိုင်းတစ်လျှောက်လုံး ကမ္ဘာ့အရပ်ရှည်ဆုံးလူသားအဖြစ် မှတ်တမ်းတင်ခံထားရတဲ့သူပါ။ History in Color ဆိုတဲ့ လူမှုကွန်ယက်ပေ့ချ်တစ်ခုဟာ သူ့မိသားစုနဲ့အတူ ရိုက်ထားတဲ့

ရော်ဘတ်ရဲ့၁၉၃၅ ခုနှစ်ဓာတ်ပုံတစ်ပုံကို အရောင်ထည့်ကာ တင်ပေးခဲ့ပြီးတဲ့နောက်မှာ သူ့ရဲ့အကြောင်းကို သတင်းမီဒီယာမှာ ဖော်ပြလာခဲ့ကြပြန်ပါတယ်။ ကမ္ဘာ့ဂင်းနက်စ်မှတ်တမ်းကလည်း History in Color ရဲ့အဲဒီပို့စ်ကို “အရပ်အရှည်ဆုံးလူသားရဲ့အမိုက်စားဓာတ်ပုံ”ဆိုတဲ့စာသားနဲ့ share ပေးခဲ့သလို ရော်ဘတ်ရဲ့ပုံကိုလည်း တင်ပေးခဲ့ပါတယ်။

အမေရိကန်နိုင်ငံက ရော်ဘတ်ဝက်ဒ်လိုဟာ သမိုင်းတစ်လျှောက် အရပ်ရှည်ဆုံးလူသားဖြစ်တယ်ဆိုတာကို ကမ္ဘာ့ဂင်းနက်စ်မှတ်တမ်းက တရားဝင်အတည်ပြုပေးခဲ့တာပါ။

ရော်ဘတ်ဝက်ဒ်လိုဟာ ၁၉၅၅ ခုနှစ် (ကမ္ဘာ့ဂင်းနက်စ်မှတ်တမ်းစာအုပ်ကို ပထမဆုံးထုတ်ဝေတဲ့အချိန်) ကတည်းက ကမ္ဘာ့အရပ်ရှည်ဆုံးလူသားအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။ ၁၉၄၀ ခုနှစ် ဇွန်လ ၂၇ ရက်နေ့မှာ ရော်ဘတ်ရဲ့အရပ်အမောင်းအတိုင်းအတာက ၈ ပေ ၁၁ လက်မ (၂.၇၂ မီတာ) ရှိခဲ့တာပါ။

ရော်ဘတ် (၅) နှစ်သားအရွယ်မှာ သူ့အရပ်အမောင်းက ၅ ပေ ၄ လက်မ (၁.၆၃ မီတာ) ဖြစ်နေပါပြီ။ အဲဒီအရပ်အမောင်းကြောင့်

သူဟာ ဆယ်ကျော်သက်တွေအတွက် ဒီဇိုင်းထုတ်ထားတဲ့အဝတ်အစားတွေကို ဝတ်ဆင်ခဲ့ရတာပါ။ အသက် ၈ နှစ်မှာ သူ့အဖေရဲ့အရပ်အမောင်း ၅ ပေ ၁၁ လက်မထက် ကျော်နေခဲ့ပါတယ်။

ရော်ဘတ်က ခန္ဓာကိုယ်ကြီးထွားတဲ့ဟော်မုန်းရောဂါအခြေအနေကို ခံစားခဲ့ရတယ်လို့ ကမ္ဘာ့ဂင်းနက်စ်မှတ်တမ်းရဲ့ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

သူ့ရဲ့ထူးခြားတဲ့အရပ်အမောင်းက သူ့ကို အသက်ကြီးလာတာနဲ့အမျှ ပိုဆိုးလာစေတဲ့ ကျန်းမာရေးပြဿနာများစွာဖြစ်စေခဲ့ပါတယ်။

ရော်ဘတ်က လမ်းလျှောက်ရတာခက်ခဲလာတဲ့အတွက် မလဲအောင်ထိန်းတဲ့ကိရိယာတပ်ထားရပါတယ်။ အဲဒါကြောင့် သူ့ရဲ့ညာခြေချင်းဝတ်မှာ

အနာဖြစ်ကာ ရောဂါပိုးဝင်ခဲ့ပါတယ်။ ကုသမှုခံယူခဲ့ပေမဲ့ အားနည်းတဲ့ ခုခံအားစနစ်ကြောင့် အခြေအနေ ပိုဆိုးလာခဲ့ပြီး ၁၉၄၀ ဇူလိုင်လ ၁၅ ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။

ရော်ဘတ်ဝက်ဒ်လို သေဆုံးတဲ့အချိန်မှာ သူ့အသက် ၂၂ နှစ်ရှိပါပြီ။ သူမသေဆုံးခင်အထိ သူ့ခန္ဓာကိုယ်က ကြီးထွားနေတုန်းပါပဲ။

သူ့ရဲ့အရွယ်အစားကြေးရုပ်တုကိုလည်း Alton Museum of History and Art ရှေ့မှာ မြင်တွေ့ရနိုင်ပါတယ်။

Crd

Zawgyi

“အီလီႏြိဳင္းျပည္နယ္ရဲ႕ဧရာမလူသားႀကီး” အျဖစ္ ေခၚဆိုၾကတဲ့ ေရာ္ဘတ္ဝက္ဒ္လိုဟာဆိုရင္ သမိုင္းတစ္ေလွ်ာက္လုံး ကမာၻ႔အရပ္ရွည္ဆုံးလူသားအျဖစ္ မွတ္တမ္းတင္ခံထားရတဲ့သူပါ။ History in Color ဆိုတဲ့ လူမႈကြန္ယက္ေပ့ခ်္တစ္ခုဟာ သူ႔မိသားစုနဲ႔အတူ ႐ိုက္ထားတဲ့

ေရာ္ဘတ္ရဲ႕၁၉၃၅ ခုႏွစ္ဓာတ္ပုံတစ္ပုံကို အေရာင္ထည့္ကာ တင္ေပးခဲ့ၿပီးတဲ့ေနာက္မွာ သူ႔ရဲ႕အေၾကာင္းကို သတင္းမီဒီယာမွာ ေဖာ္ျပလာခဲ့ၾကျပန္ပါတယ္။ ကမာၻ႔ဂင္းနက္စ္မွတ္တမ္းကလည္း History in Color ရဲ႕အဲဒီပို႔စ္ကို “အရပ္အရွည္ဆုံးလူသားရဲ႕အမိုက္စားဓာတ္ပုံ”ဆိုတဲ့စာသားနဲ႔ share ေပးခဲ့သလို ေရာ္ဘတ္ရဲ႕ပုံကိုလည္း တင္ေပးခဲ့ပါတယ္။

အေမရိကန္ႏိုင္ငံက ေရာ္ဘတ္ဝက္ဒ္လိုဟာ သမိုင္းတစ္ေလွ်ာက္ အရပ္ရွည္ဆုံးလူသားျဖစ္တယ္ဆိုတာကို ကမာၻ႔ဂင္းနက္စ္မွတ္တမ္းက တရားဝင္အတည္ျပဳေပးခဲ့တာပါ။

ေရာ္ဘတ္ဝက္ဒ္လိုဟာ ၁၉၅၅ ခုႏွစ္ (ကမာၻ႔ဂင္းနက္စ္မွတ္တမ္းစာအုပ္ကို ပထမဆုံးထုတ္ေဝတဲ့အခ်ိန္) ကတည္းက ကမာၻ႔အရပ္ရွည္ဆုံးလူသားအျဖစ္ သတ္မွတ္ခံခဲ့ရတာပါ။ ၁၉၄၀ ခုႏွစ္ ဇြန္လ ၂၇ ရက္ေန႔မွာ ေရာ္ဘတ္ရဲ႕အရပ္အေမာင္းအတိုင္းအတာက ၈ ေပ ၁၁ လက္မ (၂.၇၂ မီတာ) ရွိခဲ့တာပါ။

ေရာ္ဘတ္ (၅) ႏွစ္သားအ႐ြယ္မွာ သူ႔အရပ္အေမာင္းက ၅ ေပ ၄ လက္မ (၁.၆၃ မီတာ) ျဖစ္ေနပါၿပီ။ အဲဒီအရပ္အေမာင္းေၾကာင့္

သူဟာ ဆယ္ေက်ာ္သက္ေတြအတြက္ ဒီဇိုင္းထုတ္ထားတဲ့အဝတ္အစားေတြကို ဝတ္ဆင္ခဲ့ရတာပါ။ အသက္ ၈ ႏွစ္မွာ သူ႔အေဖရဲ႕အရပ္အေမာင္း ၅ ေပ ၁၁ လက္မထက္ ေက်ာ္ေနခဲ့ပါတယ္။

ေရာ္ဘတ္က ခႏၶာကိုယ္ႀကီးထြားတဲ့ေဟာ္မုန္းေရာဂါအေျခအေနကို ခံစားခဲ့ရတယ္လို႔ ကမာၻ႔ဂင္းနက္စ္မွတ္တမ္းရဲ႕ဝက္ဘ္ဆိုဒ္မွာ ေဖာ္ျပထားပါတယ္။

သူ႔ရဲ႕ထူးျခားတဲ့အရပ္အေမာင္းက သူ႔ကို အသက္ႀကီးလာတာနဲ႔အမွ် ပိုဆိုးလာေစတဲ့ က်န္းမာေရးျပႆနာမ်ားစြာျဖစ္ေစခဲ့ပါတယ္။

ေရာ္ဘတ္က လမ္းေလွ်ာက္ရတာခက္ခဲလာတဲ့အတြက္ မလဲေအာင္ထိန္းတဲ့ကိရိယာတပ္ထားရပါတယ္။ အဲဒါေၾကာင့္ သူ႔ရဲ႕ညာေျခခ်င္းဝတ္မွာ

အနာျဖစ္ကာ ေရာဂါပိုးဝင္ခဲ့ပါတယ္။ ကုသမႈခံယူခဲ့ေပမဲ့ အားနည္းတဲ့ ခုခံအားစနစ္ေၾကာင့္ အေျခအေန ပိုဆိုးလာခဲ့ၿပီး ၁၉၄၀ ဇူလိုင္လ ၁၅ ရက္ေန႔မွာ ေသဆုံးခဲ့ပါတယ္။

ေရာ္ဘတ္ဝက္ဒ္လို ေသဆုံးတဲ့အခ်ိန္မွာ သူ႔အသက္ ၂၂ ႏွစ္ရွိပါၿပီ။ သူမေသဆုံးခင္အထိ သူ႔ခႏၶာကိုယ္က ႀကီးထြားေနတုန္းပါပဲ။

သူ႔ရဲ႕အ႐ြယ္အစားေၾကး႐ုပ္တုကိုလည္း Alton Museum of History and Art ေရွ႕မွာ ျမင္ေတြ႕ရႏိုင္ပါတယ္။

Crd