ႏွစ္အေတာ္ၾကာ စုေဆာင္းထားေသာ ပိုက္ဆံေတြကို ဆာလာအိတ္နဲ႔ထုပ္ပိုးကာ တိုက္ခန္းတစ္ခန္းဝယ္ခဲ့သည့္ အဖိုးအဖြားဇနီးေမာင္ႏွံ

Unicode

လောကကြီးတွင် ဘယ်လောက်ပဲ အရှုံးတွေနဲ့ရင်ဆိုင်နေရပါစေ ကြိုးစားအားထုတ်မှုရှိပါက တစ်ချိန်ချိန်မှာတော့ ကိုယ့်ရဲ့စိတ်ကူးတွေက တကယ်လက်တွေ့ဖြစ်လာတတ်သည်။

သို့ဖြစ်၍ တရုတ်နိုင်ငံ Henanပြည်နယ်က အဖိုးအဖွား ဇနီးမောင်နှံနှစ်ဦးသည် အိမ်ထောင်စကျကတည်းက အိမ်ကောင်းကောင်းလေးတစ်လုံးလိုချင်သည့် အိပ်မက်ရှိခဲ့ရာ နှစ်ယောက်သား အလုပ်ပင်ပန်းစွာလုပ်ကိုင်၍ ပိုက်ဆံတွေစုခဲ့ကြသည်။

အဖိုးအဖွားနှစ်ဦးသည် နှစ်အတော်ကြာ ပေါင်းသင်းခဲ့ကြသော်လည်း သားသမီးမရှိတာကြောင့် သူတို့ဘဝတစ်ခုလုံး အစစအရာရာ ချွေတာပြီး စုဆောင်းခဲ့သော ပိုက်ဆံတွေကို ဆာလာအိတ်ထဲမှာထည့်ပြီးတော့ အိမ်ခြံမြေရောင်းဝယ်ရေးဌာနသို့သွားရောက်ခဲ့သည်။

အဖိုးအဖွားဇနီးမောင်နှံသည် သူတို့လိုချင်သည့် တိုက်ခန်းက ယွမ်၃၀၀၀၀ပေးချေရမည်ဖြစ်ရာဆာလာအိတ်ထဲက ပိုက်ဆံမှာလည်း ၁ယွမ်တန်လေးကနေ ၅ယွမ်တန်လေးတွေဖြစ်နေ၍ ဝန်ထမ်းတွေမှ ကြမ်းပြင်ပေါ် ဖြန့်ကြဲပြီး ရေတွက်ခဲ့ရသည်။

ကံကောင်းစွာပဲ အဖိုးအဖွားနှစ်ဦး ယူဆောင်လာသော ပိုက်ဆံမှာ ယွမ်၃၀၀၀၀ကွက်တိဖြစ်နေပြီး အိမ်ခြံမြေရောင်းဝယ်ရေးပိုင်ရှင်ကလည်း အဖိုးအဖွားအား ငွေစုနိုင်ခြင်းအတွက် လေးစားသောအားဖြင့် တိုက်ခန်းဈေးကိုတစ်ဝက်နီးပါး ဈေးလျှော့ရောင်းပေးခဲ့သည်။

Crd

Zawgyi

ေလာကႀကီးတြင္ ဘယ္ေလာက္ပဲ အရႈံးေတြနဲ႔ရင္ဆိုင္ေနရပါေစ ႀကိဳးစားအားထုတ္မႈရွိပါက တစ္ခ်ိန္ခ်ိန္မွာေတာ့ ကိုယ့္ရဲ႕စိတ္ကူးေတြက တကယ္လက္ေတြ႕ျဖစ္လာတတ္သည္။

သို႔ျဖစ္၍ တ႐ုတ္ႏိုင္ငံ Henanျပည္နယ္က အဖိုးအဖြား ဇနီးေမာင္ႏွံႏွစ္ဦးသည္ အိမ္ေထာင္စက်ကတည္းက အိမ္ေကာင္းေကာင္းေလးတစ္လုံးလိုခ်င္သည့္ အိပ္မက္ရွိခဲ့ရာ ႏွစ္ေယာက္သား အလုပ္ပင္ပန္းစြာလုပ္ကိုင္၍ ပိုက္ဆံေတြစုခဲ့ၾကသည္။

အဖိုးအဖြားႏွစ္ဦးသည္ ႏွစ္အေတာ္ၾကာ ေပါင္းသင္းခဲ့ၾကေသာ္လည္း သားသမီးမရွိတာေၾကာင့္ သူတို႔ဘဝတစ္ခုလုံး အစစအရာရာ ေခြၽတာၿပီး စုေဆာင္းခဲ့ေသာ ပိုက္ဆံေတြကို ဆာလာအိတ္ထဲမွာထည့္ၿပီးေတာ့ အိမ္ၿခံေျမေရာင္းဝယ္ေရးဌာနသို႔သြားေရာက္ခဲ့သည္။

အဖိုးအဖြားဇနီးေမာင္ႏွံသည္ သူတို႔လိုခ်င္သည့္ တိုက္ခန္းက ယြမ္၃၀၀၀၀ေပးေခ်ရမည္ျဖစ္ရာဆာလာအိတ္ထဲက ပိုက္ဆံမွာလည္း ၁ယြမ္တန္ေလးကေန ၅ယြမ္တန္ေလးေတြျဖစ္ေန၍ ဝန္ထမ္းေတြမွ ၾကမ္းျပင္ေပၚ ျဖန္႔ႀကဲၿပီး ေရတြက္ခဲ့ရသည္။

ကံေကာင္းစြာပဲ အဖိုးအဖြားႏွစ္ဦး ယူေဆာင္လာေသာ ပိုက္ဆံမွာ ယြမ္၃၀၀၀၀ကြက္တိျဖစ္ေနၿပီး အိမ္ၿခံေျမေရာင္းဝယ္ေရးပိုင္ရွင္ကလည္း အဖိုးအဖြားအား ေငြစုႏိုင္ျခင္းအတြက္ ေလးစားေသာအားျဖင့္ တိုက္ခန္းေစ်းကိုတစ္ဝက္နီးပါး ေစ်းေလွ်ာ့ေရာင္းေပးခဲ့သည္။

Crd