
Unicode

မျက်မမြင်ဖြစ်နေသော်လည်း အုန်းပင်တက်ကာ မိသားစုစားဝတ်နေရေးအတွက် ထောက်ပံ့ပေးနေသော ဖခင်တစ်ဦး

ဗီယက်နမ်နိုင်ငံ ကျေးလက်ဒေသတွင် နေထိုင်သော အသက်၄၉နှစ်အရွယ် အမျိုးသားကြီးတစ်ဦးသည် ၅နှစ်သားအရွယ်မှာပဲ နေမကောင်းဖြစ်ပြီး ဆေးအချိန်မှီမကုသနိုင်ခဲ့တာကြောင့် မျက်စိနှစ်ဖက်လုံးမှာ ကွယ်သွားခဲ့ရသည်။

အမျိုးသားကြီးသည် ငယ်စဉ်လေးတည်းက သူ့ရဲ့ဘဝအမှောင်ကျခဲ့ရသော်လည်း အရှုံးမပေးပဲ သူတတ်စွမ်းသလောက် မိဘနှစ်ပါးပင်ပန်းမှု သက်သာအောင် ကူညီကာ လုပ်ဆောင်ပေးခဲ့ပြီး အိမ်ထောင်ကျချိန်မှာလည်း ဇနီးနှင့် သားသမီးတွေအပေါ် တာဝန်ကျေပွန်သည့် ဖခင်ကောင်းတစ်ယောက်ဖြစ်ခဲ့သည်။

အမျိုးသားကြီးသည် မျက်မမြင်ဖြစ်နေပေမယ့် အုန်းပင်တက်သည့်နေရာတွင် လျင်မြန် ကျွမ်းကျင်မှုတို့ကြောင့် ရပ်ရွာထဲမှ အုန်းသီးခူးချိန်တွင် ဌားရမ်းခဲ့ကြပြီး အားလပ်ရက်တွေမှာ ကမ်းစပ်တွင် ပိုက်ကွန်ပစ်ကာ ငါးဖမ်းလေ့ရှိသည်။

ထို့အပြင် လယ်ကွင်းထဲတွင် စိုက်ပျိုးထားသော ပီလောပီနံဥများကိုလည်း ဈေးမှာပြန်လည်ရောင်းချဖို့ တူးယူခဲ့ပြီး သာမန်လူကောင်းတွေတိုင်း မိသားစု စားဝတ်နေရေးအတွက် ဝင်ငွေရှာကာ ထောက်ပံ့ပေးခဲ့သည်။

Crd

Zawgyi






Crd