အစောင့်သမားလေးကို ချစ်မိပြီး အနားကပ်တဲ့သူမှန်သမျှ ရေနဲ့ပက်ထုတ်ပြီး သဝန်တိုပြခဲ့သော လင်းပိုင်ငါးလေး

Unicode

Belugaလင်းပိုင်ငါးများသည် လူသားတွေအပေါ် နွေးထွေးတဲ့ ဆက်ဆံရေးမျိုးရှိပြီး လူသားတို့ရဲ့စကားကိုလည်း နားထောင်တတ်လေ့ရှိသည်။

သို့ဖြစ်၍ တောင်ကိုးရီးယားနိုင်ငံမှ တိရစ္ဆာန်စောင့်ရှောက်ရေးဌာနတစ်ခုတွင် ရောက်လာသော belugaလင်းပိုင်

ငါးလေးတစ်ကောင်သည် စရောက်လာချင်းမှာပဲ လူသားတို့နဲ့ ထိတွေ့စဉ် အဆင်ပြေအောင် လိုက်လျောညီထွေစွာ နေနိုင်ဖို့အတော်လေး လေ့ကျင့်ယူခဲ့ရသည်။

ထူးခြားစွာဖြင့် လင်းပိုင်ငါးလေးသည် အစောင့်ဝန်ထမ်းကောင်လေးတစ်ဦးကို ချစ်ခင်တွယ်တာမိပြီး ထိုကောင်လေးနဲ့သာ ကစားခြင်း၊အနမ်းပေးခြင်းများ ပြုလုပ်တတ်ကာ အခြားသူများနှင့် ခင်တွယ်ခြင်းမရှိပေ။

ထို့အပြင် လင်းပိုင်ငါးလေးသည် အစောင့်သမားလေးရဲ့ အနားတွင် တပူးပူးတကပ်ကပ်လုပ်နေသော မိန်းကလေးမှန်သမျှကို သဝန်တိုကာ ဝေးဝေးနေရန် ရေနဲ့ပက်ထုတ်တတ်သော အပြုအမူလေးသည် စောင့်ရှောက်ရေးအဖွဲ့အားလုံးကို အံ့အားသင့်စေကာ အချစ်ပိုစေခဲ့သည်။

Crd

Zawgyi






Crd