ရန္ကုန္ၿမိဳ႕ရဲ႕ Zero Mile ဘယ္ကစ…?

Unicode

ရန်ကုန်မြို့တွင် အများသိနေကြပြီးဖြစ်သော ၆မိုင်ခွဲ၊ ၇မိုင်ခွဲ၊ ၈မိုင် စသည့်ဘတ်စ်ကား မှတ်တိုင်နေရာများရှိပါသည်… ထိုမှတ်တိုင်နေရာ အကွာအဝေးများကို မည်သည့်နေရာ မှစတင်တိုင်းတာပါသနည်းဟုမေးခွန်းမေးလျှင်ဖြေဆိုနိုင်သူအနည်းငယ်သာရှိပါလိမ့်မည်…

ဆူးလေစေတီကိုအခြေခံပြီးတိုင်းတာသည်ဟုဖြေဆိုသူအနည်းငယ်တွေ့ရပါသည်… သို့ရာတွင် အင်္ဂလိပ်များအနေဖြင့်အဘယ်ကြောင့် မိုင်တိုင်အမှတ်အသားများစိုက်ထူရာတွင် ဆူးလေစေတီကို Zero Mile အဖြစ်သတ်မှတ်ခဲ့ရကြောင်း အကြောင်းရင်းကိုရှာဖွေမတွေ့ရှိခဲ့ပါ…

ဆူးလေစေတီသည် မြို့တော်ခန်းမအနီးတွင်တည်ရှိသောကြောင့် မြို့တော်ခန်းမအစား ဆူးလေစေတီကိုဗဟိုပြုရသည်ဟု စဉ်းစားလျှင် ယုတ္တိတန်သည်။ အင်္ဂလိပ် လူမျိုးများသည် အင်မတန်တိကျ၍ စနစ်ကျသူများဖြစ်သောကြောင့် သုညမိုင် အမှတ်အသား

ကို ရန်ကုန်မြို့အလယ်၏ မြေပြင်တနေရာတွင် စိုက်ထူခဲ့ပေလိမ့်မည်။ သို့သော်လွတ်လပ်ရေးရသောအခါ အင်္ဂလိပ်တို့ထံမှ စည်ပင်သာယာမြေပုံများလွှဲပြောင်းယူရာတွင် အချို့သောမြေပုံများ၊ အချက်အလက်စာရွက်စာတမ်းများ ကျန်ရစ်ကောင်း ကျန်ရစ်နိုင်ပါသည်။

ဆူးလေစေတီမှ၎င်းတို့သူငယ်ချင်း၃ဦးတို့တိုင်းတာချက်များအရ သုညမိုင်မှာဆူးလေစေတီမှစတင်သည်မှာမဖြစ်နိုင်ကြောင်း၊ ရန်ကုန်ဗဟိုစာတိုက်ကြီးရှေ့မှတိုင်းတာချက်များအရ အများဆုံးဖြစ်နိုင်ကြောင်းဖော်ပြထားပါသည်။

ထိုခေတ်ကာလက အဓိကဆက်သွယ်ရေးလမ်းကြောင်းမှာစာပို့လုပ်ငန်းဖြစ်သဖြင့် ဗဟိုစာတိုက်ကြီးကို ဗဟိုပြုပြီး တမြို့နဲ့တမြို့အကွာအဝေးပေါ်မူတည်ပြီး စာပို့ခများ၊ တံဆိပ်ခေါင်းခများသတ်မှတ်လေ့ရှိကြသဖြင့် ဗဟိုစာတိုက်ကြီးရှေ့ကို Zero Mile ဟုသတ်မှတ်ခဲ့သည်မှာအဖြစ်နိုင်ဆုံးဟု၎င်းတို့ကဆိုပါသည်။

အင်္ဂလိပ်တို့သည် စင်ကာပူမြို့ကိုတည်ဆောက်ရာတွင် မြို့ပြအင်္ဂါရပ်များသတ်မှတ်သည့်အခါ ဗဟိုစာတိုက်ကြီး (ယခု Fullerton Hotel) ကို Zero Mile အဖြစ်သတ်မှတ်ခဲ့ကြောင်းမှတ်သားရပါသည်။ စင်ကာပူမြို့သည် ရန်ကုန်မြို့တည်ပြီးနောက်မှပေါ်ပေါက်လာပြီး

အင်္ဂလိပ်တို့သည် စင်ကာပူအတွက်လိုအပ်သောမြို့ပြအင်္ဂါများကိုတည်ဆောက်ရာတွင် ရန်ကုန်မြို့မှစနစ်အချို့ကိုပြန်လည်အသုံးပြုထားကြောင်းတွေ့ရှိရပါသည်။

လွန်ခဲ့သောနှစ်အနည်းငယ်က စင်ကာပူအစိုးရသည် သမိုင်းအမွေအနှစ်အထောက်အထားများဖြစ်သည့် မိုင်တိုင်များ၊ ကျောက်တိုင်များကို

ပြန်လည်တူးဖော်ရာတွင် အဆိုပါ Zero Mile ကျောက်တိုင်ကိုရှာဖွေတွေ့ရှိခဲ့ကြကြောင်းသိရှိရပါသည်။ ကျနော်တို့နိုင်ငံတွင်ကား မည်သည့်မိုင်တိုင်၊ ကျောက်တိုင်ကိုမျ ပြန်လည်တူးဖော်ရရှိကြောင်းမကြားရပါ။

သူတို့သူငယ်ချင်း၃ယောက်ကြားဖူးခဲ့သောအကြောင်းအရာများ၊ ဖတ်ဖူးခဲ့သောသမိုင်းအထောက်အထားများ၊ မြေပြင်လေ့လာမှုအခြေအနေများ၊ Google Map မှရရှိသောအချက်အလက်များကိုခြုံငုံပြီးကောက်ချက်ချရလျှင် ရန်ကုန်မြို့၏

သုညမိုင်ကျောက်တိုင်တည်နေရာသည် ကမ်းနားလမ်းနှင့်ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ ဗဟိုစာတိုက်ကြီးဖြစ်ပါကြောင်းသုံးသပ်ချက်ကိုတွေ့ရှိရပါသည်။.

(၂)
၃၀-၁-၂၀၁၆ နေ့၎င်းတို့သူငယ်ချင်းများ ထပ်မံစုံစမ်းရှာဖွေရရှိသော အချက်အလက် အထောက်အထားများအရ ရန်ကုန်မြို့၏သုညမိုင်ကျောက်တိုင်သည် ကမ်းနားလမ်းနှင့်ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ ဗဟိုစာတိုက်ကြီးရှေ့တွင်အမှန်တကယ်ရှိခဲ့ဘူးကြောင်း

ဗဟိုစာတိုက်ကြီးမှအရာရှိတဦးက မျက်မြင်သက်သေအဖြစ်အတည်ပြုခဲ့ပါသည်။ သို့ရာတွင်လွန်ခဲ့တဲ့နှစ်အနည်းငယ်က စည်ပင်သာယာမှပလက်ဖောင်းအသစ်ပြုပြင်ရာတွင် ၎င်းကျောက်တိုင်ကို ဖယ်ရှားသွားခဲ့ကြောင်းပါပြောဆိုသွားပါသည်။

ဤ zero mile အမှတ်အသား ကျောက်တိုင်သည် ရှေးဟောင်း သမိုင်းအမွေအနှစ်တခုဖြစ်ပြီး အင်္ဂလိပ်တို့၏မိုင်အကွာအဝေးသတ်မှတ်ပုံအကြောင်းကိုလေ့လာနိုင်မည့်အပြင် ၎င်းကျောက်တိုင်ကိုပြန်လည်ရှာဖွေပြီး မူလနေရာတွင်ပြန်လည်စိုက်ထူနိုင်လျှင် နိုင်ငံသားများသာမက နိုင်ငံခြားသားခရီးသွားများအတွက်ပါလေ့လာစရာဖြစ်မည်ဟုလည်း အကြံပြုတင်ပြထားပါသည်။

(၃)

ဖြည့်စွက်ချက်-
ကျနော်တို့နိုင်ငံမှ သုညမိုင်ကျောက်တိုင်အမှတ်အသားကိုမတွေ့ရှိရသော်လည်း စင်ကာပူမှ သုညမိုင်အမှတ်အသားနေရာကမူ အထင်ကရမှတ်တမ်းတင် ထိန်းသိမ်းထားသည်ကို စိတ်မကောင်းစွာတွေ့ရှိရပါသည်။ နိုင်ငံတနိုင်ငံနှင့်တနိုင်ငံ သမိုင်းအထောက်အထားများ

ကိုတန်ဘိုးထားရှိမှုမတူညီသည်ကိုတွေ့မြင်နိုင်ပါသည်။ စင်ကာပူမှသုညမိုင်အမှတ်အသားနေရာပြကြေးပြားပုံကိုဖော်ပြထားပါသည်။

မှတ်ချက်-

စိတ်ဝင်စားလို့လိုက်ရှာဖွေထားသောအချက်အလက်လေးများကို စုစည်းထားခြင်းဖြစ်ပါသည်။ ကိုအောင်ငွေလတ် (Living Ayarwaddy Travel Services) နှင့်သူ့သူငယ်ချင်း ကိုကျော်ကျော်စိုးတို့ရှာဖွေတွေ့ရှိချက်လေးမှာဖြစ်နိုင်ချေအများဆုံးဖြစ်သဖြင့်ဖော်ခြင်းသာဖြစ်ပါသည်။

သမိုင်းအထောက်အထားဆိုသည်မှာ တန်ဘိုးသိသောသူများ၊ တန်ဘိုးထားသောသူများ၏လက်တွင်သာရေရှည်တည်တံ့သောအရာဖြစ်ပါသည်။

crd

Zawgyi

ရန္ကုန္ၿမိဳ႕တြင္ အမ်ားသိေနၾကၿပီးျဖစ္ေသာ ၆မိုင္ခြဲ၊ ၇မိုင္ခြဲ၊ ၈မိုင္ စသည့္ဘတ္စ္ကား မွတ္တိုင္ေနရာမ်ားရွိပါသည္… ထိုမွတ္တိုင္ေနရာ အကြာအေဝးမ်ားကို မည္သည့္ေနရာ မွစတင္တိုင္းတာပါသနည္းဟုေမးခြန္းေမးလွ်င္ေျဖဆိုႏိုင္သူအနည္းငယ္သာရွိပါလိမ့္မည္…

ဆူးေလေစတီကိုအေျခခံၿပီးတိုင္းတာသည္ဟုေျဖဆိုသူအနည္းငယ္ေတြ႕ရပါသည္… သို႔ရာတြင္ အဂၤလိပ္မ်ားအေနျဖင့္အဘယ္ေၾကာင့္ မိုင္တိုင္အမွတ္အသားမ်ားစိုက္ထူရာတြင္ ဆူးေလေစတီကို Zero Mile အျဖစ္သတ္မွတ္ခဲ့ရေၾကာင္း အေၾကာင္းရင္းကိုရွာေဖြမေတြ႕ရွိခဲ့ပါ…

ဆူးေလေစတီသည္ ၿမိဳ႕ေတာ္ခန္းမအနီးတြင္တည္ရွိေသာေၾကာင့္ ၿမိဳ႕ေတာ္ခန္းမအစား ဆူးေလေစတီကိုဗဟိုျပဳရသည္ဟု စဥ္းစားလွ်င္ ယုတၱိတန္သည္။ အဂၤလိပ္ လူမ်ိဳးမ်ားသည္ အင္မတန္တိက်၍ စနစ္က်သူမ်ားျဖစ္ေသာေၾကာင့္ သုညမိုင္ အမွတ္အသား

ကို ရန္ကုန္ၿမိဳ႕အလယ္၏ ေျမျပင္တေနရာတြင္ စိုက္ထူခဲ့ေပလိမ့္မည္။ သို႔ေသာ္လြတ္လပ္ေရးရေသာအခါ အဂၤလိပ္တို႔ထံမွ စည္ပင္သာယာေျမပုံမ်ားလႊဲေျပာင္းယူရာတြင္ အခ်ိဳ႕ေသာေျမပုံမ်ား၊ အခ်က္အလက္စာ႐ြက္စာတမ္းမ်ား က်န္ရစ္ေကာင္း က်န္ရစ္ႏိုင္ပါသည္။

ဆူးေလေစတီမွ၎တို႔သူငယ္ခ်င္း၃ဦးတို႔တိုင္းတာခ်က္မ်ားအရ သုညမိုင္မွာဆူးေလေစတီမွစတင္သည္မွာမျဖစ္ႏိုင္ေၾကာင္း၊ ရန္ကုန္ဗဟိုစာတိုက္ႀကီးေရွ႕မွတိုင္းတာခ်က္မ်ားအရ အမ်ားဆုံးျဖစ္ႏိုင္ေၾကာင္းေဖာ္ျပထားပါသည္။

ထိုေခတ္ကာလက အဓိကဆက္သြယ္ေရးလမ္းေၾကာင္းမွာစာပို႔လုပ္ငန္းျဖစ္သျဖင့္ ဗဟိုစာတိုက္ႀကီးကို ဗဟိုျပဳၿပီး တၿမိဳ႕နဲ႔တၿမိဳ႕အကြာအေဝးေပၚမူတည္ၿပီး စာပို႔ခမ်ား၊ တံဆိပ္ေခါင္းခမ်ားသတ္မွတ္ေလ့ရွိၾကသျဖင့္ ဗဟိုစာတိုက္ႀကီးေရွ႕ကို Zero Mile ဟုသတ္မွတ္ခဲ့သည္မွာအျဖစ္ႏိုင္ဆုံးဟု၎တို႔ကဆိုပါသည္။

အဂၤလိပ္တို႔သည္ စင္ကာပူၿမိဳ႕ကိုတည္ေဆာက္ရာတြင္ ၿမိဳ႕ျပအဂၤါရပ္မ်ားသတ္မွတ္သည့္အခါ ဗဟိုစာတိုက္ႀကီး (ယခု Fullerton Hotel) ကို Zero Mile အျဖစ္သတ္မွတ္ခဲ့ေၾကာင္းမွတ္သားရပါသည္။ စင္ကာပူၿမိဳ႕သည္ ရန္ကုန္ၿမိဳ႕တည္ၿပီးေနာက္မွေပၚေပါက္လာၿပီး

အဂၤလိပ္တို႔သည္ စင္ကာပူအတြက္လိုအပ္ေသာၿမိဳ႕ျပအဂၤါမ်ားကိုတည္ေဆာက္ရာတြင္ ရန္ကုန္ၿမိဳ႕မွစနစ္အခ်ိဳ႕ကိုျပန္လည္အသုံးျပဳထားေၾကာင္းေတြ႕ရွိရပါသည္။

လြန္ခဲ့ေသာႏွစ္အနည္းငယ္က စင္ကာပူအစိုးရသည္ သမိုင္းအေမြအႏွစ္အေထာက္အထားမ်ားျဖစ္သည့္ မိုင္တိုင္မ်ား၊ ေက်ာက္တိုင္မ်ားကို

ျပန္လည္တူးေဖာ္ရာတြင္ အဆိုပါ Zero Mile ေက်ာက္တိုင္ကိုရွာေဖြေတြ႕ရွိခဲ့ၾကေၾကာင္းသိရွိရပါသည္။ က်ေနာ္တို႔ႏိုင္ငံတြင္ကား မည္သည့္မိုင္တိုင္၊ ေက်ာက္တိုင္ကိုမ် ျပန္လည္တူးေဖာ္ရရွိေၾကာင္းမၾကားရပါ။

သူတို႔သူငယ္ခ်င္း၃ေယာက္ၾကားဖူးခဲ့ေသာအေၾကာင္းအရာမ်ား၊ ဖတ္ဖူးခဲ့ေသာသမိုင္းအေထာက္အထားမ်ား၊ ေျမျပင္ေလ့လာမႈအေျခအေနမ်ား၊ Google Map မွရရွိေသာအခ်က္အလက္မ်ားကိုၿခဳံငုံၿပီးေကာက္ခ်က္ခ်ရလွ်င္ ရန္ကုန္ၿမိဳ႕၏

သုညမိုင္ေက်ာက္တိုင္တည္ေနရာသည္ ကမ္းနားလမ္းႏွင့္ဗိုလ္ေအာင္ေက်ာ္လမ္းေထာင့္ရွိ ဗဟိုစာတိုက္ႀကီးျဖစ္ပါေၾကာင္းသုံးသပ္ခ်က္ကိုေတြ႕ရွိရပါသည္။.
(၂)
၃၀-၁-၂၀၁၆ ေန႔၎တို႔သူငယ္ခ်င္းမ်ား ထပ္မံစုံစမ္းရွာေဖြရရွိေသာ အခ်က္အလက္ အေထာက္အထားမ်ားအရ ရန္ကုန္ၿမိဳ႕၏သုညမိုင္ေက်ာက္တိုင္သည္ ကမ္းနားလမ္းႏွင့္ဗိုလ္ေအာင္ေက်ာ္လမ္းေထာင့္ရွိ ဗဟိုစာတိုက္ႀကီးေရွ႕တြင္အမွန္တကယ္ရွိခဲ့ဘူးေၾကာင္း

ဗဟိုစာတိုက္ႀကီးမွအရာရွိတဦးက မ်က္ျမင္သက္ေသအျဖစ္အတည္ျပဳခဲ့ပါသည္။ သို႔ရာတြင္လြန္ခဲ့တဲ့ႏွစ္အနည္းငယ္က စည္ပင္သာယာမွပလက္ေဖာင္းအသစ္ျပဳျပင္ရာတြင္ ၎ေက်ာက္တိုင္ကို ဖယ္ရွားသြားခဲ့ေၾကာင္းပါေျပာဆိုသြားပါသည္။

ဤ zero mile အမွတ္အသား ေက်ာက္တိုင္သည္ ေရွးေဟာင္း သမိုင္းအေမြအႏွစ္တခုျဖစ္ၿပီး အဂၤလိပ္တို႔၏မိုင္အကြာအေဝးသတ္မွတ္ပုံအေၾကာင္းကိုေလ့လာႏိုင္မည့္အျပင္ ၎ေက်ာက္တိုင္ကိုျပန္လည္ရွာေဖြၿပီး မူလေနရာတြင္ျပန္လည္စိုက္ထူႏိုင္လွ်င္ ႏိုင္ငံသားမ်ားသာမက ႏိုင္ငံျခားသားခရီးသြားမ်ားအတြက္ပါေလ့လာစရာျဖစ္မည္ဟုလည္း အႀကံျပဳတင္ျပထားပါသည္။

(၃)

ျဖည့္စြက္ခ်က္-
က်ေနာ္တို႔ႏိုင္ငံမွ သုညမိုင္ေက်ာက္တိုင္အမွတ္အသားကိုမေတြ႕ရွိရေသာ္လည္း စင္ကာပူမွ သုညမိုင္အမွတ္အသားေနရာကမူ အထင္ကရမွတ္တမ္းတင္ ထိန္းသိမ္းထားသည္ကို စိတ္မေကာင္းစြာေတြ႕ရွိရပါသည္။ ႏိုင္ငံတႏိုင္ငံႏွင့္တႏိုင္ငံ သမိုင္းအေထာက္အထားမ်ား

ကိုတန္ဘိုးထားရွိမႈမတူညီသည္ကိုေတြ႕ျမင္ႏိုင္ပါသည္။ စင္ကာပူမွသုညမိုင္အမွတ္အသားေနရာျပေၾကးျပားပုံကိုေဖာ္ျပထားပါသည္။

မွတ္ခ်က္-

စိတ္ဝင္စားလို႔လိုက္ရွာေဖြထားေသာအခ်က္အလက္ေလးမ်ားကို စုစည္းထားျခင္းျဖစ္ပါသည္။ ကိုေအာင္ေငြလတ္ (Living Ayarwaddy Travel Services) ႏွင့္သူ႔သူငယ္ခ်င္း ကိုေက်ာ္ေက်ာ္စိုးတို႔ရွာေဖြေတြ႕ရွိခ်က္ေလးမွာျဖစ္ႏိုင္ေခ်အမ်ားဆုံးျဖစ္သျဖင့္ေဖာ္ျခင္းသာျဖစ္ပါသည္။

သမိုင္းအေထာက္အထားဆိုသည္မွာ တန္ဘိုးသိေသာသူမ်ား၊ တန္ဘိုးထားေသာသူမ်ား၏လက္တြင္သာေရရွည္တည္တံ့ေသာအရာျဖစ္ပါသည္။

crd