ျမန္မာႏိုင္ငံ အာမခံအသင္းက ေနာက္ဆုံး ထုတ္ျပန္လိုက္တဲ့ ကားအာမခံေလ်ာ္ေၾကးမွာ အက်ဳံးမဝင္တဲ့ အခ်က္မ်ား

Unicode

မြန်မာနိုင်ငံ အာမခံအသင်းက နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ ကားအာမခံလျော်ကြေးမှာ အကျုံးမဝင်တဲ့ အချက်များ

အထွေထွေအာမခံကုမ္ပဏီများအနေဖြင့် လက်ရှိရောင်းချနေသည့် “အလုံးစုံမော်တော်ယာဉ်အာမခံ” ၏ ပေါ်လီစီတွင် ပြဌာန်းထားသည့် စည်းမျဉ်းစည်းကမ်းများ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များအရ

အာမခံကုမ္ပဏီများကြားတွင် ရှင်းလင်းပြတ်သားမှု ရှိစေရန် နှင့် အာမခံပေါ်လီစီပါ စည်းမျဉ်းစည်းကမ်းများအတိုင်း လျော်ကြေးကိစ္စများကို ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်နိုင်ရန်အတွက်

(၂၄/၈/၂၀၂၂) ရက်နေ့တွင်ပြုလုပ်သည့် MIA General Insurance Committee Meeting ၏ ညှိနှိုင်းဆွေးနွေးချက်များကို မြန်မာနိုင်ငံအာမခံအသင်း Myanmar Insurance Association (MA) က အသိပေးကြေညာခဲ့ပါသည်။

(၁) သက်တမ်းလွန်လိုင်စင်ဖြင့်မောင်းနှင်ခြင်း (၂) လိုင်စင်မရှိဘဲမောင်းနှင်ခြင်း (၃) အရက်သေစာသောက်စားမူးယစ်ပြီး မောင်းနှင်ခြင်း (၄) တရားဝင် အမြန်နှုန်း ကန့်သတ်ချက်ထက် ကျော်လွန်၍ မောင်းနှင်ခြင်း

(၅)သက်တမ်းကုန်ဆုံးနေသော Vehicle Registration Card (သို့မဟုတ်) သတ်မှတ်ထားသော License အမျိုးအစားဖြင့် မဟုတ်ဘဲ မောင်းနှင်ခြင်း (၆) မီးနီကိုဖြတ်မောင်းခြင်း (၇) လမ်းပြောင်းပြန်မောင်းနှင်ခြင်း

အစရှိသည့် တည်ဆဲမော်တော်ယာဉ်ဥပဒေကို ဖောက်ဖျက်ကျူးလွန်ခြင်းများကြောင့် ဖြစ်ပွားသော ယာဉ်ထိခိုက်မှုများသည် လျော်ကြေးကိစ္စများအတွက် အကျုံးမဝင်ပါ။

သို့သော် အာမခံ ကုမ္ပဏီများအနေဖြင့် ခိုင်လုံသော သက်သေအထောက်အထားရှိရမည်။

သူတစ်ပါးယာဉ်ကို အာမခံထားသည့်ယာဉ်က တိုက်မိသည့် ဖြစ်စဉ်တွင် သူတစ်ပါးယာဉ်၏ ပယောဂမပါလျှင် Innocent Third Party အဖြစ်သတ်မှတ်ပြီး

လျော်ကြေး ပေးရန် အကျုံးဝင်ပါသည်။ သို့သော် မော်တော်ယာဉ်ကနဦးမှတ်ပုံတင်ထားခြင်း မရှိသော မော်တော်ယာဉ် (Without Car)များကို လျော်ကြေးပေးရန် အကျုံးမဝင်ပါ။

ယခင်က မော်တော်ယာဉ်ရပ်နားထားစဉ် တိရစ္ဆာန်၏ ပြုလုပ်မှု (ကြွက်ကိုက်ခြင်း၊ ခွေးကိုက်ခြင်း၊ ကြောင်ကုတ်ခြင်း) ကြောင့် ဖြစ်ပွားသည့် မတော်တဆမှု ထိခိုက်ပျက်စီးခြင်းများကို အာမခံလျော်ကြေးပေးခဲ့သော်လည်း ယခုစည်းမျဉ်းတွင် အကျုံးမဝင်တော့ပေ။

သို့သော် တိရစ္ဆာန်ပြုလုပ်မှုကြောင့် ပစ္စည်းထိခိုက် ဆုံးရှုံးမှုသည် တစ်ဦးတစ်ယောက်က မသမာဖျက်ဆီးခြင်း/ အကျိုးဖျက်ဆီးခြင်း အကြံဖြင့် လုပ်ဆောင်ချက် ပါ/မပါကို အရင်စိစစ်ရပါမည်။

မသမာဖျက်ဆီးခြင်း (Malicious Act)၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ လူပုဂ္ဂိုလ် တစ်ဦးဦးမှ တိရိစ္ဆန်အားအသုံးပြု၍ သူတစ်ပါး အကျိုးအားပျက်စီးစေရန် ပြုမူ ဆောင်ရွက်ခြင်း ဖြစ်နေပါက လျော်ကြေးပေးရန် အကျုံးဝင်ပါသည်။

ယာဉ်မောင်းနှင်နေစဉ် တိရစ္ဆာန်များကို တိုက်မိခြင်းကြောင့် အာမခံထားသည့်ယာဉ် ထိခိုက်ပျက်စီးလျှင် Acciderital Damage/ Collision Damage ကြောင့် လျော်ကြေးပေးရန် အကျုံးဝင်မည် ဖြစ်ပါသည်။

War Risk စစ်ဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ လက်ရှိမြန်မာနိုင်ငံ၌ ဖြစ်ပွားနေသော အခြေအနေ အရပ်ရပ်တို့ ကြောင့် အာမခံ ထားသည့် ယာဉ်သည် သေနတ် ကျည်ဆန်၊ ဗုံးဆံ၊ မိုင်းစ စသဖြင့်

စစ်လက်နက်ပစ္စည်းတို့ကြောင့် ထိခိုက်ပျက်စီးရာ၌ အကြမ်းဖက်လုပ်ရပ် (Terrorism Act) ဖြင့် ထိခိုက်ပျက်စီးမှုများသည် လျော်ကြေး အကျုံးမဝင်ပါ။

အထွေထွေ အာမခံကုမ္ပဏီများအနေဖြင့် လက်ရှိရောင်းချနေသည့် အလုံးစုံ မော်တော်ယာဉ်အာမခံ ပေါ်လစီတွင် သတ်မှတ်ချက်များနှင်အညီ လျော်ကြေးကိစ္စကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံ အာမခံအသင်း (MIA) က အသိပေးထားပါသည်။

Crd

Zawgyi

ျမန္မာႏိုင္ငံ အာမခံအသင္းက ေနာက္ဆုံး ထုတ္ျပန္လိုက္တဲ့ ကားအာမခံေလ်ာ္ေၾကးမွာ အက်ဳံးမဝင္တဲ့ အခ်က္မ်ား

အေထြေထြအာမခံကုမၸဏီမ်ားအေနျဖင့္ လက္ရွိေရာင္းခ်ေနသည့္ “အလုံးစုံေမာ္ေတာ္ယာဥ္အာမခံ” ၏ ေပၚလီစီတြင္ ျပဌာန္းထားသည့္ စည္းမ်ဥ္းစည္းကမ္းမ်ား၏ အဓိပၸါယ္ဖြင့္ဆိုခ်က္မ်ားအရ

အာမခံကုမၸဏီမ်ားၾကားတြင္ ရွင္းလင္းျပတ္သားမႈ ရွိေစရန္ ႏွင့္ အာမခံေပၚလီစီပါ စည္းမ်ဥ္းစည္းကမ္းမ်ားအတိုင္း ေလ်ာ္ေၾကးကိစၥမ်ားကို ေဆာင္႐ြက္ရာတြင္ လိုက္နာေဆာင္႐ြက္ႏိုင္ရန္အတြက္

(၂၄/၈/၂၀၂၂) ရက္ေန႔တြင္ျပဳလုပ္သည့္ MIA General Insurance Committee Meeting ၏ ညႇိႏႈိင္းေဆြးေႏြးခ်က္မ်ားကို ျမန္မာႏိုင္ငံအာမခံအသင္း Myanmar Insurance Association (MA) က အသိေပးေၾကညာခဲ့ပါသည္။

(၁) သက္တမ္းလြန္လိုင္စင္ျဖင့္ေမာင္းႏွင္ျခင္း (၂) လိုင္စင္မရွိဘဲေမာင္းႏွင္ျခင္း (၃) အရက္ေသစာေသာက္စားမူးယစ္ၿပီး ေမာင္းႏွင္ျခင္း (၄) တရားဝင္ အျမန္ႏႈန္း ကန႔္သတ္ခ်က္ထက္ ေက်ာ္လြန္၍ ေမာင္းႏွင္ျခင္း

(၅)သက္တမ္းကုန္ဆုံးေနေသာ Vehicle Registration Card (သို႔မဟုတ္) သတ္မွတ္ထားေသာ License အမ်ိဳးအစားျဖင့္ မဟုတ္ဘဲ ေမာင္းႏွင္ျခင္း (၆) မီးနီကိုျဖတ္ေမာင္းျခင္း (၇) လမ္းေျပာင္းျပန္ေမာင္းႏွင္ျခင္း

အစရွိသည့္ တည္ဆဲေမာ္ေတာ္ယာဥ္ဥပေဒကို ေဖာက္ဖ်က္က်ဴးလြန္ျခင္းမ်ားေၾကာင့္ ျဖစ္ပြားေသာ ယာဥ္ထိခိုက္မႈမ်ားသည္ ေလ်ာ္ေၾကးကိစၥမ်ားအတြက္ အက်ဳံးမဝင္ပါ။

သို႔ေသာ္ အာမခံ ကုမၸဏီမ်ားအေနျဖင့္ ခိုင္လုံေသာ သက္ေသအေထာက္အထားရွိရမည္။

သူတစ္ပါးယာဥ္ကို အာမခံထားသည့္ယာဥ္က တိုက္မိသည့္ ျဖစ္စဥ္တြင္ သူတစ္ပါးယာဥ္၏ ပေယာဂမပါလွ်င္ Innocent Third Party အျဖစ္သတ္မွတ္ၿပီး

ေလ်ာ္ေၾကး ေပးရန္ အက်ဳံးဝင္ပါသည္။ သို႔ေသာ္ ေမာ္ေတာ္ယာဥ္ကနဦးမွတ္ပုံတင္ထားျခင္း မရွိေသာ ေမာ္ေတာ္ယာဥ္ (Without Car)မ်ားကို ေလ်ာ္ေၾကးေပးရန္ အက်ဳံးမဝင္ပါ။

ယခင္က ေမာ္ေတာ္ယာဥ္ရပ္နားထားစဥ္ တိရစာၦန္၏ ျပဳလုပ္မႈ (ႂကြက္ကိုက္ျခင္း၊ ေခြးကိုက္ျခင္း၊ ေၾကာင္ကုတ္ျခင္း) ေၾကာင့္ ျဖစ္ပြားသည့္ မေတာ္တဆမႈ ထိခိုက္ပ်က္စီးျခင္းမ်ားကို အာမခံေလ်ာ္ေၾကးေပးခဲ့ေသာ္လည္း ယခုစည္းမ်ဥ္းတြင္ အက်ဳံးမ၀င္ေတာ့ေပ။

သို႔ေသာ္ တိရစာၦန္ျပဳလုပ္မႈေၾကာင့္ ပစၥည္းထိခိုက္ ဆုံးရႈံးမႈသည္ တစ္ဦးတစ္ေယာက္က မသမာဖ်က္ဆီးျခင္း/ အက်ိဳးဖ်က္ဆီးျခင္း အႀကံျဖင့္ လုပ္ေဆာင္ခ်က္ ပါ/မပါကို အရင္စိစစ္ရပါမည္။

မသမာဖ်က္ဆီးျခင္း (Malicious Act)၏ အဓိပၸာယ္ဖြင့္ဆိုခ်က္အရ လူပုဂၢိဳလ္ တစ္ဦးဦးမွ တိရိစၦန္အားအသုံးျပဳ၍ သူတစ္ပါး အက်ိဳးအားပ်က္စီးေစရန္ ျပဳမူ ေဆာင္႐ြက္ျခင္း ျဖစ္ေနပါက ေလ်ာ္ေၾကးေပးရန္ အက်ဳံးဝင္ပါသည္။

ယာဥ္ေမာင္းႏွင္ေနစဥ္ တိရစာၦန္မ်ားကို တိုက္မိျခင္းေၾကာင့္ အာမခံထားသည့္ယာဥ္ ထိခိုက္ပ်က္စီးလွ်င္ Acciderital Damage/ Collision Damage ေၾကာင့္ ေလ်ာ္ေၾကးေပးရန္ အက်ဳံးဝင္မည္ ျဖစ္ပါသည္။

War Risk စစ္ေဘးအႏၲရာယ္ႏွင့္ စပ္လ်ဥ္း၍ လက္ရွိျမန္မာႏိုင္ငံ၌ ျဖစ္ပြားေနေသာ အေျခအေန အရပ္ရပ္တို႔ ေၾကာင့္ အာမခံ ထားသည့္ ယာဥ္သည္ ေသနတ္ က်ည္ဆန္၊ ဗုံးဆံ၊ မိုင္းစ စသျဖင့္

စစ္လက္နက္ပစၥည္းတို႔ေၾကာင့္ ထိခိုက္ပ်က္စီးရာ၌ အၾကမ္းဖက္လုပ္ရပ္ (Terrorism Act) ျဖင့္ ထိခိုက္ပ်က္စီးမႈမ်ားသည္ ေလ်ာ္ေၾကး အက်ဳံးမဝင္ပါ။

အေထြေထြ အာမခံကုမၸဏီမ်ားအေနျဖင့္ လက္ရွိေရာင္းခ်ေနသည့္ အလုံးစုံ ေမာ္ေတာ္ယာဥ္အာမခံ ေပၚလစီတြင္ သတ္မွတ္ခ်က္မ်ားႏွင္အညီ ေလ်ာ္ေၾကးကိစၥကို လိုက္နာေဆာင္႐ြက္ရန္ ျမန္မာႏိုင္ငံ အာမခံအသင္း (MIA) က အသိေပးထားပါသည္။

Crd