သစ္ခိုးေကာင္ (ေခၚ) ထင္းခိုးေကာင္ေလးမ်ား အေၾကာင္း

Unicode

ပုံထဲကအကောင်လေးတွေဟာ bagworm moth ပိုးဖလံရဲ့ ပေါက်ဖတ်လေးတွေပါ။ဒီကောင်လေးတွေဟာ သစ်ကိုင်းလေးတွေကို ကိုက်ဖြတ်ပြီးကိုယ်လုံးပေါ်မှာ အစီအရီတင်ကာ သစ်လုံးအိမ်လေးတွေဆောက်ထားတတ်ကြပါတယ်။

ပုံမှာမြင်ရတဲ့အတိုင်း သစ်ကိုင်းစိမ်းလေးကို ချိုးထားတာတွေ့ပါလိမ့်မယ်။ အကောင်အမျိုးအစားပေါ်မူတည်ပြီး သစ်ကိုင်းအမာအပျော့ကို ဖြတ်နိုင်မှု ကွာပါတယ်။တစ်ချို့အမျိုးအစားက လက်ရာသေသေသပ်သပ်နဲ့ သစ်လုံးအိမ်လေးတွေ ဆောက်တတ်သလို အချို့ကအချွန်အတက်တွေနဲ့ ဖြစ်သလိုဆောက်ထားတာလည်းရှိပါတယ်။

မနေ့ကကိုထွန်းထွန်းရေးထားတာ မန္တလေးနဲ့ရှမ်းပြည်နယ်မှာ တွေ့ရလေ့ရှိပြီး ထင်းခိုးကောင်လို့ ခေါ်ကြတယ်လို့ ဆိုပါတယ်။တနေရာနဲ့တနေရာဝေးဝေးသွားမှ သစ်လုံးအိမ်ထဲက ကိုယ်လုံးလေးတွေရှည်ထွက်လာကာ ပေါက်ဖတ်ရဲ့ ခေါင်းထိပ်ပိုင်းကို မြင်ရတတ်ပါတယ်။

Psychidae အမျိုးပေါင်း ၁၃၅၀ လောက်ရှိတာမို့ ပုံသဏ္ဍန်အမျိုးမျိုးရှိပါတယ်။ တကယ်တော့ bagworms ကိုလူတိုင်းမြင်ဖူးကြပါတယ်။ bagworm မှန်းမသိကြလို့ပါ။

ထင်ရှုးပင်လိုအပင်ကိုင်းတွေမှာ အသီးခြောက်ပုံလိုတွေ့ရသလို ငှက်မွေးအစုလိုမျိုးလည်းတွေ့ရပါတယ်။ ငှက်ချေးလိုခရုပတ်ပုံ သစ်ရွက်မှာကပ်နေတဲ့ snailshell bagworm လည်းရှိပါတယ်။ bagworm လို့ခေါ်ရတာက အိတ်လေးထဲမှာ ကိုယ်ကိုလုံခြုံအောင်ဖွက်ထားတတ်တဲ့ ပိုးကောင်မို့လို့ပါ။

အိမ်တွေမှာ ကျနော်တို့မြင်ဖူးနေကျက plaster bagworm လို့ခေါ်တဲ့ နံရံမှာအိတ်လေးလိုကပ်နေတဲ့အကောင်လေးတွေပါပဲ။ သွားစရာရှိမှ ကိုယ်ဆန့်ထွက်ပြီး လှုပ်လှုပ်နဲ့ရွှေ့တတ်ပါတယ်။

Crd

Zawgyi

ပုံထဲကအေကာင္ေလးေတြဟာ bagworm moth ပိုးဖလံရဲ႕ ေပါက္ဖတ္ေလးေတြပါ။ဒီေကာင္ေလးေတြဟာ သစ္ကိုင္းေလးေတြကို ကိုက္ျဖတ္ၿပီးကိုယ္လုံးေပၚမွာ အစီအရီတင္ကာ သစ္လုံးအိမ္ေလးေတြေဆာက္ထားတတ္ၾကပါတယ္။

ပုံမွာျမင္ရတဲ့အတိုင္း သစ္ကိုင္းစိမ္းေလးကို ခ်ိဳးထားတာေတြ႕ပါလိမ့္မယ္။ အေကာင္အမ်ိဳးအစားေပၚမူတည္ၿပီး သစ္ကိုင္းအမာအေပ်ာ့ကို ျဖတ္ႏိုင္မႈ ကြာပါတယ္။တစ္ခ်ိဳ႕အမ်ိဳးအစားက လက္ရာေသေသသပ္သပ္နဲ႔ သစ္လုံးအိမ္ေလးေတြ ေဆာက္တတ္သလို အခ်ိဳ႕ကအခြၽန္အတက္ေတြနဲ႔ ျဖစ္သလိုေဆာက္ထားတာလည္းရွိပါတယ္။

မေန႔ကကိုထြန္းထြန္းေရးထားတာ မႏၲေလးနဲ႔ရွမ္းျပည္နယ္မွာ ေတြ႕ရေလ့ရွိၿပီး ထင္းခိုးေကာင္လို႔ ေခၚၾကတယ္လို႔ ဆိုပါတယ္။တေနရာနဲ႔တေနရာေဝးေဝးသြားမွ သစ္လုံးအိမ္ထဲက ကိုယ္လုံးေလးေတြရွည္ထြက္လာကာ ေပါက္ဖတ္ရဲ႕ ေခါင္းထိပ္ပိုင္းကို ျမင္ရတတ္ပါတယ္။

Psychidae အမ်ိဳးေပါင္း ၁၃၅၀ ေလာက္ရွိတာမို႔ ပုံသ႑န္အမ်ိဳးမ်ိဳးရွိပါတယ္။ တကယ္ေတာ့ bagworms ကိုလူတိုင္းျမင္ဖူးၾကပါတယ္။ bagworm မွန္းမသိၾကလို႔ပါ။

ထင္ရႈးပင္လိုအပင္ကိုင္းေတြမွာ အသီးေျခာက္ပုံလိုေတြ႕ရသလို ငွက္ေမြးအစုလိုမ်ိဳးလည္းေတြ႕ရပါတယ္။ ငွက္ေခ်းလိုခ႐ုပတ္ပုံ သစ္႐ြက္မွာကပ္ေနတဲ့ snailshell bagworm လည္းရွိပါတယ္။ bagworm လို႔ေခၚရတာက အိတ္ေလးထဲမွာ ကိုယ္ကိုလုံၿခဳံေအာင္ဖြက္ထားတတ္တဲ့ ပိုးေကာင္မို႔လို႔ပါ။

အိမ္ေတြမွာ က်ေနာ္တို႔ျမင္ဖူးေနက်က plaster bagworm လို႔ေခၚတဲ့ နံရံမွာအိတ္ေလးလိုကပ္ေနတဲ့အေကာင္ေလးေတြပါပဲ။ သြားစရာရွိမွ ကိုယ္ဆန႔္ထြက္ၿပီး လႈပ္လႈပ္နဲ႔ေ႐ႊ႕တတ္ပါတယ္။

Crd