အိမ္မွာ ကေလးထိန္းေပးမည့္သူမရွိေသာေၾကာင့္ ကေလးကိုေက်ာပိုးကာ အလုပ္ထဲေခၚလာခဲ့ေသာ ဖခင္

Unicode

အိမ်မှာ ကလေးထိန်းပေးမည့်သူမရှိသောကြောင့် ကလေးကိုကျောပိုးကာ အလုပ်ထဲခေါ်လာခဲ့သော ဖခင်

ဖိလစ်ပိုင်နိုင်ငံ Palawanပြည်နယ်တွင် နေထိုင်သော အမျိုးသားတစ်ဦးသည် ဒေသရှိဆေးရုံတစ်ခုတွင် စားဖိုမှူးအဖြစ်ဝင်ရောက်လုပ်ကိုင်ကာ အိမ်ထောင်ကျပြီးနောက် သားသမီးနှစ်ယောက်ရှိကာ စားဝတ်နေရေးအတွက် ပိုပြီး ကျပ်တည်းလာခဲ့သည်။

အမျိုးသားသည် အလုပ်ပိုကြိုးစားရမည်ဖြစ်၍ အိမ်တွင် ဇနီးသည်မှလည်း ကလေးအငယ်လေးကို ကြည့်ရင်းနှင့် အလုပ်ရှုပ်နေခဲ့ရာ ၂ နှစ်အရွယ်သမီးကြီးကို အလုပ်သို့ ခေါ်သွားရန် ဆုံးဖြတ်ခဲ့သည်။

ထို့နောက် အမျိုးသားသည် သမီးလေးကို တစ်နေကုန်တစ်နေခန်း ကျောပိုးကာ အစားအသောက်များ ချက်ပြုတ်ခဲ့ရာ မြင်တွေ့သူတိုင်းက ဖခင်တစ်ယောက်၏ သားသမီးအပေါ်ထားသော ချစ်ခြင်းမေတ္တာကို လေးစားချီးကျူးခဲ့ကြသည်။

crd

Zawgyi

အိမ္မွာ ကေလးထိန္းေပးမည့္သူမရွိေသာေၾကာင့္ ကေလးကိုေက်ာပိုးကာ အလုပ္ထဲေခၚလာခဲ့ေသာ ဖခင္

ဖိလစ္ပိုင္ႏိုင္ငံ Palawanျပည္နယ္တြင္ ေနထိုင္ေသာ အမ်ိဳးသားတစ္ဦးသည္ ေဒသရွိေဆး႐ုံတစ္ခုတြင္ စားဖိုမႉးအျဖစ္ဝင္ေရာက္လုပ္ကိုင္ကာ အိမ္ေထာင္က်ၿပီးေနာက္ သားသမီးႏွစ္ေယာက္ရွိကာ စားဝတ္ေနေရးအတြက္ ပိုၿပီး က်ပ္တည္းလာခဲ့သည္။

အမ်ိဳးသားသည္ အလုပ္ပိုႀကိဳးစားရမည္ျဖစ္၍ အိမ္တြင္ ဇနီးသည္မွလည္း ကေလးအငယ္ေလးကို ၾကည့္ရင္းႏွင့္ အလုပ္ရႈပ္ေနခဲ့ရာ ၂ ႏွစ္အ႐ြယ္သမီးႀကီးကို အလုပ္သို႔ ေခၚသြားရန္ ဆုံးျဖတ္ခဲ့သည္။

ထို႔ေနာက္ အမ်ိဳးသားသည္ သမီးေလးကို တစ္ေနကုန္တစ္ေနခန္း ေက်ာပိုးကာ အစားအေသာက္မ်ား ခ်က္ျပဳတ္ခဲ့ရာ ျမင္ေတြ႕သူတိုင္းက ဖခင္တစ္ေယာက္၏ သားသမီးအေပၚထားေသာ ခ်စ္ျခင္းေမတၱာကို ေလးစားခ်ီးက်ဴးခဲ့ၾကသည္။

crd