Unicode
မင်္ဂလာစုံတွဲအများစုတို့သည် အမှတ်တရဓာတ်ပုံအတွက်ကို ပန်းခြံသို့မဟုတ် ကမ်းခြေတွေမှာ ရိုက်လေ့ရှိကြသော်လည်း အချို့က စွန့်စားရတာကိုကြိုက်နှစ်သက်၍ တောင်ထိပ်ပေါ်တက်ပြီး ရိုက်ကြသည်။
ယခုတွင်လည်း အမေရိကန်နိုင်ငံမှ ဇနီးမောင်နှံနှစ်ဦးသည် မင်္ဂလာစုံတွဲဓာတ်ပုံအတွက်ကို Cathedral Ledgeရှိ ပေ၄၀၀အမြင့်ရှိသော ချောက်ကမ်းပါးတစ်ခုကနေ စုံတွဲဓာတ်ပုံကိုရိုက်ကူးခဲ့သည်။
ပုံထဲတွင် သတို့သမီးဖြစ်သူသည် ချောက်ကမ်းပါးပေါ်ကနေ ပြုတ်ကျနေသည့်ဟန် သတို့သားမှ လှမ်းဆွဲထားသည့်မြင်ကွင်းသည် မြင်တွေ့သူတိုင်း ရင်တထိတ်ထိတ်ဖြစ်စေခဲ့သည်။
သူတို့နှစ်ဦးသည် အန္တရာယ်ကိုပင်မမှုပဲ စွန့်စားရတာကိုဝါသနာပါပြီး သတို့သမီးလေးမှ ခါးကနေ ကြိုးနဲ့ချည်ထားခြင်းဖြင့် ဓာတ်ပုံဆရာကလည်း အကောင်းဆုံးရိုက်ချက်တွေနဲ့ ရိုက်ပေးခဲ့ခြင်းကြောင့် မင်္ဂလာစုံတွဲဓာတ်ပုံလှလှလေးရရှိခဲ့သည်။
Crd
Zawgyi
Crd