သား(၁၄)ေယာက္ေမြးဖြားခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ သမီးေလးရရွိခဲ့တဲ့ ဇနီးေမာင္ႏွံ

Unicode

အခုတစ်ခါ ပရိသတ်ကြီးကို တင်ဆက်ပေးမယ့် ဆောင်းပါးလေးကတော့ သားတွေချည်းပဲ (၁၄)ယောက် မွေးခဲ့ပြီး နှစ်(၃၀)အကြာမှ သမီးရတနာလေး မွေးဖွားခဲ့ကာ ပျော်ရွှင်ပီတိဖြစ်နေတဲ့ ဇနီးမောင်နှံ နှစ်ဦးရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

ကတ်တရီနဲ့ ဂျေးစခီဝတ်ဒ် တို့ဇနီးမောင်နှံ မှာ တိုင်လာ ၊ ဇက်ချ် ၊ ဒရူး ၊ ဘရန်ဒန် ၊ တွမ်မီ ၊ ဗီနီ ၊ ကယ်ဗင် ၊ ဂါဘီ ၊ ဝီစလီ ၊ ချာလီ ၊ လုခ် ၊ တက်ခါ ၊ ဖရန်စစ္စကို နဲ့ ဖန်လေ လို့ခေါ်တဲ့ သား ၁၄ယောက် ရှိပါတယ် ။ ခုချိန်မှာတော့ သူတို့ဇနီးမောင်နှံဟာ ၇ပေါင် ၈ အောင်စရှိတဲ့ သမီးလေး မက်ဂီ ဂျေး ကို မွေးဖွားခဲ့ပါပြီ။

မီချီဂန် ပြည်နယ်မှ စခီဝတ်ဒ်တို့မိသားစုဟာဆိုရင် အမေရိကန်ပြည်ထောင်စုမှာ လူသိများကြတဲ့ မိသားစုလေးဖြစ်ပြီး နှစ်တိုင်း နိုင်ငံသတင်းတွေထဲမှာ ပါလာတတ်ကြပါတယ်။ သူတို့မိသားစုမှာ 14Outdoorsmen လို့ခေါ်တဲ့ ပြင်ပစွန့်စားခန်းတွေဖြစ်တဲ့ အမဲလိုက်တာ ငါးမျှားတာ စခန်းချတာ အစရှိတဲ့ လှုပ်ရှားမှုတွေကို ရိုက်ကူး ထုတ်လွှင့်သော live streaming ပရိုဂရမ်တောင် ရှိပါသေးတယ်။

သူတို့ရဲ့ သားတစ်ဦးဖြစ်သူ တိုင်လာပြောကြားချက်အရတော့ သူ့ရဲ့ မိဘတွေဟာ နောက်ဆုံးတော့ ဘယ်တော့မှ ရလာမယ်လို့ မထင်ထားတဲ့ သမီးလေးကို ရလာခဲ့တာကြောင့် ပျော်ရွှင်နေကြပါတယ်တဲ့။ ဒီအကြောင်း သူ့အဖေ သူတို့ကို ပြောပြထားတာ ၁၂ နာရီလောက်တောင် ကြာသွားပြီဆိုပေမယ့် သူ့စိတ်ထဲမှာ အခုထိ မယုံနိုင်သေးသလို အမေ့မှာ ပန်းရောင်အဝတ်အစားလေးတွေရော ရှိပါ့မလား တွေးနေခဲ့မိတယ်လို့ ဆိုပါတယ်။

မိဘတွေဖြစ်တဲ့ ကတ်တရီနဲ့ ဂျေးတို့ဟာ အထက်တန်းကျောင်းထဲက တွဲနေခဲ့ကြတာဖြစ်ပြီး ၁၉၉၃ မှာတော့ လက်ထပ်ခဲ့ကြပါတယ် ။ သူတို့နှစ်ဦး Ferris ပြည်နယ် တက္ကသိုလ်က ဘွဲ့မရခင်မှာ သားသုံးယောက် မွေးဖွားခဲ့ပြီးဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူ ဂျေးကတော့ သမီးလေး မက်ဂီ သူတို့မိသားစုဆီကို ရောက်လာတာဟာ အရမ်းကိုပျော်ရွှင်ရပြီး ဒီနှစ်က အမှတ်ရနေမယ့် နှစ်လေးတစ်နှစ်ပါတဲ့ ။ သူတို့အတွက်တော့ သမီးလေး မက်ဂီဟာ အကောင်းဆုံး လက်ဆောင်လို့ ဆိုပါတယ်။

သားဖြစ်သူ တိုင်လာကတော့ အချိန်အကြာကြီး ယောက်ျားလေးတွေနဲ့ ပြည့်နေတဲ့အိမ်မှာ မိန်းကလေးတစ်ယောက် ရှိလာရင် ဘယ်လိုဖြစ်လာမလဲဆိုတာ တွေးကြည့်ရင် သိပ်အသားမကျသေးဘူး လို့ ပြောပါတယ်

Crd

Zawgyi

အခုတစ္ခါ ပရိသတ္ႀကီးကို တင္ဆက္ေပးမယ့္ ေဆာင္းပါးေလးကေတာ့ သားေတြခ်ည္းပဲ (၁၄)ေယာက္ ေမြးခဲ့ၿပီး ႏွစ္(၃၀)အၾကာမွ သမီးရတနာေလး ေမြးဖြားခဲ့ကာ ေပ်ာ္႐ႊင္ပီတိျဖစ္ေနတဲ့ ဇနီးေမာင္ႏွံ ႏွစ္ဦးရဲ႕ အေၾကာင္းပဲ ျဖစ္ပါတယ္။

ကတ္တရီနဲ႔ ေဂ်းစခီဝတ္ဒ္ တို႔ဇနီးေမာင္ႏွံ မွာ တိုင္လာ ၊ ဇက္ခ်္ ၊ ဒ႐ူး ၊ ဘရန္ဒန္ ၊ တြမ္မီ ၊ ဗီနီ ၊ ကယ္ဗင္ ၊ ဂါဘီ ၊ ဝီစလီ ၊ ခ်ာလီ ၊ လုခ္ ၊ တက္ခါ ၊ ဖရန္စစၥကို နဲ႔ ဖန္ေလ လို႔ေခၚတဲ့ သား ၁၄ေယာက္ ရွိပါတယ္ ။ ခုခ်ိန္မွာေတာ့ သူတို႔ဇနီးေမာင္ႏွံဟာ ၇ေပါင္ ၈ ေအာင္စရွိတဲ့ သမီးေလး မက္ဂီ ေဂ်း ကို ေမြးဖြားခဲ့ပါၿပီ။

မီခ်ီဂန္ ျပည္နယ္မွ စခီဝတ္ဒ္တို႔မိသားစုဟာဆိုရင္ အေမရိကန္ျပည္ေထာင္စုမွာ လူသိမ်ားၾကတဲ့ မိသားစုေလးျဖစ္ၿပီး ႏွစ္တိုင္း ႏိုင္ငံသတင္းေတြထဲမွာ ပါလာတတ္ၾကပါတယ္။ သူတို႔မိသားစုမွာ 14Outdoorsmen လို႔ေခၚတဲ့ ျပင္ပစြန႔္စားခန္းေတြျဖစ္တဲ့ အမဲလိုက္တာ ငါးမွ်ားတာ စခန္းခ်တာ အစရွိတဲ့ လႈပ္ရွားမႈေတြကို ႐ိုက္ကူး ထုတ္လႊင့္ေသာ live streaming ပ႐ိုဂရမ္ေတာင္ ရွိပါေသးတယ္။

သူတို႔ရဲ႕ သားတစ္ဦးျဖစ္သူ တိုင္လာေျပာၾကားခ်က္အရေတာ့ သူ႔ရဲ႕ မိဘေတြဟာ ေနာက္ဆုံးေတာ့ ဘယ္ေတာ့မွ ရလာမယ္လို႔ မထင္ထားတဲ့ သမီးေလးကို ရလာခဲ့တာေၾကာင့္ ေပ်ာ္႐ႊင္ေနၾကပါတယ္တဲ့။ ဒီအေၾကာင္း သူ႔အေဖ သူတို႔ကို ေျပာျပထားတာ ၁၂ နာရီေလာက္ေတာင္ ၾကာသြားၿပီဆိုေပမယ့္ သူ႔စိတ္ထဲမွာ အခုထိ မယုံႏိုင္ေသးသလို အေမ့မွာ ပန္းေရာင္အဝတ္အစားေလးေတြေရာ ရွိပါ့မလား ေတြးေနခဲ့မိတယ္လို႔ ဆိုပါတယ္။

မိဘေတြျဖစ္တဲ့ ကတ္တရီနဲ႔ ေဂ်းတို႔ဟာ အထက္တန္းေက်ာင္းထဲက တြဲေနခဲ့ၾကတာျဖစ္ၿပီး ၁၉၉၃ မွာေတာ့ လက္ထပ္ခဲ့ၾကပါတယ္ ။ သူတို႔ႏွစ္ဦး Ferris ျပည္နယ္ တကၠသိုလ္က ဘြဲ႕မရခင္မွာ သားသုံးေယာက္ ေမြးဖြားခဲ့ၿပီးျဖစ္ပါတယ္။

ခင္ပြန္းျဖစ္သူ ေဂ်းကေတာ့ သမီးေလး မက္ဂီ သူတို႔မိသားစုဆီကို ေရာက္လာတာဟာ အရမ္းကိုေပ်ာ္႐ႊင္ရၿပီး ဒီႏွစ္က အမွတ္ရေနမယ့္ ႏွစ္ေလးတစ္ႏွစ္ပါတဲ့ ။ သူတို႔အတြက္ေတာ့ သမီးေလး မက္ဂီဟာ အေကာင္းဆုံး လက္ေဆာင္လို႔ ဆိုပါတယ္။

သားျဖစ္သူ တိုင္လာကေတာ့ အခ်ိန္အၾကာႀကီး ေယာက္်ားေလးေတြနဲ႔ ျပည့္ေနတဲ့အိမ္မွာ မိန္းကေလးတစ္ေယာက္ ရွိလာရင္ ဘယ္လိုျဖစ္လာမလဲဆိုတာ ေတြးၾကည့္ရင္ သိပ္အသားမက်ေသးဘူး လို႔ ေျပာပါတယ္

Crd