ေလျဖတ္သြားတဲ့ ခင္ပြန္းရဲ႕အနားကေနမခြါဘဲ ခ်စ္ျခင္းေမတၱာအျပည့္ျဖင့္ ပံ့ပိုးျပဳစုေစာင့္ေရွာက္ေပးေနတဲ့ ဇနီးသည္

Unicode

လေဖြတ်သွားတဲ့ ခင်ပွန်းရဲ့အနားကနေမခွါဘဲ ချစ်ခြင်းမေတ္တာအပြည့်ဖြင့် ပံ့ပိုးပြုစုစောင့်ရှောက်ပေးနေတဲ့ ဇနီးသည်

Syazwani Adnan နှင့် သူမ၏ခင်ပွန်း Shahrul Liza တို့ရဲ့ဇာတ်လမ်းဟာ Syazwani က ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့တွင် လေဖြတ်နေတဲ့ Shahrul

ကိုပြုစုစောင့်ရှောက်ပေးနေသည့်သူမရဲ့နေ့စဉ်လုပ်ရိုးလုပ်စဉ်ကို TikTok မှာတင်ခဲ့ခြင်းဖြင့်စတင်လာခဲ့ပါတယ်။ ၎င်းဗီဒီယိုကို ကြည့်ရှုသူ 6 သိန်းကျော်ရှိပြီး

ဗီဒီယိုကိုကြည့်ရှုတဲ့ netizen များက အဖြစ်အပျက်ကိုသိချင်စိတ်ပြင်းပြခဲ့ကြပြီး ဗီဒီယိုနောက်ကွယ်က ဇာတ်လမ်းအကြောင်းကို မေးမြန်းခဲ့ကြပါတယ်။

Syazwani က သူမခင်ပွန်းဟာ ရုတ်တရက်လေဖြတ်သွားခဲ့တာကြောင့် သူ၏လှုပ်ရှားမှုနှင့်စကားပြောရာတွင် အခက်အခဲများကြုံတွေ့ခဲ့ရကြောင်း တုံ့ပြန်ခဲ့ပါတယ်။လူတွေရဲ့များပြားလှတဲ့တုံ့ပြန်မှုအပြီးမှာတော့ Syazwani ဟာ

သူမရဲ့TikTok ချန်နယ်မှာ အခြားဗီဒီယိုများစွာကိုတင်ပေးခဲ့ပြီး Shahrul ရဲ့ ပြန်လည်ထူထောင်ရေးခရီးစဉ်အကြောင်း လူတွေကိုပြောပြရင်း သူမရဲ့နေ့စဉ်ပုံမှန်ဂရုစိုက်မှုအချို့ကို မျှဝေခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူဟာ ပြီးခဲ့တဲ့သြဂုတ်လ 3 ရက်နေ့တွင် ရုံးအိမ်သာ၌မတော်တဆပြုတ်ကျမှုကြောင့် လေဖြတ်သွားခဲ့ပြီး ၎င်းရဲ့ခန္ဓာကိုယ်ညာဘက်ခြမ်းကိုကောင်းမွန်စွာလုပ်ဆောင်နိုင်ခြင်းမရှိတော့ပါဘူး။ထိုအချိန်မှစပြီးSyazwani

ဟာ ခင်ပွန်းကမတော်တဆမှုမှ ပြန်လည်နာလန်ထူရန်ကြိုးစားနေစဉ် သူမဟာမိသားစုအတွက် ခင်ပွန်းဖြစ်သူရဲ့တာဝန်ဝတ္တရားများအားလုံးကို တစ်ကိုယ် တည်း ထမ်းဆောင်ခဲ့ရပါတယ်။

လေဖြတ်ရတဲ့အကြောင်းရင်းအတိအကျကို netizen တစ်ဦးက မေးမြန်းရာမှာ Syazwani က သူမရဲ့ခင်ပွန်းဟာ ကွန်ပျူတာရှေ့မှာ အချိန်များစွာအလုပ်လုပ်ပြီး ဗီဒီယိုဂိမ်းကစားရတာနှစ်သက်သူဖြစ်ခြင်းကြောင့်ဖြစ်နိုင်ကြောင်းဖြေကြားခဲ့ပါတယ်။လေဖြတ်ရတဲ့

အကြောင်းရင်းကိုအတိအကျမသိရသေးပေမယ့် အိပ်ရေးမဝတဲ့အကျိုးဆက်အနေနဲ့ ဦးနှောက်အတွင်း ရုတ်တရက် သွေးယိုစီးမှုတွေဖြစ်သွားခဲ့တာကြောင့်လေဖြတ်သွားကြောင်း ဆရာဝန်များကပြောကြားခဲ့ပါတယ်။

သို့ပေမဲ့ Shahrul ဟာ ယခုအချိန်မှာ ရွေ့လျားရန် ဘီးတပ်ကုလားထိုင်ကိုမလိုအပ်တော့တဲ့အခြေအနေကိုရောက်ရှိလာနေပါပြီ။ ခင်ပွန်းဖြစ်သူအတွက် Syazwani ရဲ့မယုံနိုင်လောက်စရာပံ့ပိုးကူညီမှုကြောင့် netizen များက ခက်ခဲတဲ့အချိန်မှာတောင်

အိမ်ထောင်ဖက်ရဲ့ဘေးတွင်ရှိနေပေးတဲ့အံ့သဩဖွယ်သစ္စာရှိဇနီးတစ်ဦးအဖြစ် ချီးကျူးခဲ့ကြပြီး Shahrul အမြန်ပြန်ကောင်းလာဖို့အတွက်ပါ ဆုတောင်းပေးခဲ့ကြပါတယ်။

တစ်ချိန်တည်းတွင် Syazwani ဟာ သူမရဲ့နောက်ဆုံးထွက် TikTok ဗီဒီယိုတစ်ခုတွင် အိမ်ထောင်သည်အမျိုးသားများအား ၎င်းတို့ရဲ့ဇနီးများကိုချစ်မြတ်နိုးပြီးတန်ဖိုးထားရန်လည်း ပြောကြားပေးခဲ့ပါသေးတယ်။

Crd

Zawgyi

ေလျဖတ္သြားတဲ့ ခင္ပြန္းရဲ႕အနားကေနမခြါဘဲ ခ်စ္ျခင္းေမတၱာအျပည့္ျဖင့္ ပံ့ပိုးျပဳစုေစာင့္ေရွာက္ေပးေနတဲ့ ဇနီးသည္

Syazwani Adnan ႏွင့္ သူမ၏ခင္ပြန္း Shahrul Liza တို႔ရဲ႕ဇာတ္လမ္းဟာ Syazwani က ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၉ ရက္ေန႔တြင္ ေလျဖတ္ေနတဲ့ Shahrul

ကိုျပဳစုေစာင့္ေရွာက္ေပးေနသည့္သူမရဲ႕ေန႔စဥ္လုပ္႐ိုးလုပ္စဥ္ကို TikTok မွာတင္ခဲ့ျခင္းျဖင့္စတင္လာခဲ့ပါတယ္။ ၎ဗီဒီယိုကို ၾကည့္ရႈသူ 6 သိန္းေက်ာ္ရွိၿပီး

ဗီဒီယိုကိုၾကည့္ရႈတဲ့ netizen မ်ားက အျဖစ္အပ်က္ကိုသိခ်င္စိတ္ျပင္းျပခဲ့ၾကၿပီး ဗီဒီယိုေနာက္ကြယ္က ဇာတ္လမ္းအေၾကာင္းကို ေမးျမန္းခဲ့ၾကပါတယ္။

Syazwani က သူမခင္ပြန္းဟာ ႐ုတ္တရက္ေလျဖတ္သြားခဲ့တာေၾကာင့္ သူ၏လႈပ္ရွားမႈႏွင့္စကားေျပာရာတြင္ အခက္အခဲမ်ားႀကဳံေတြ႕ခဲ့ရေၾကာင္း တုံ႔ျပန္ခဲ့ပါတယ္။လူေတြရဲ႕မ်ားျပားလွတဲ့တုံ႔ျပန္မႈအၿပီးမွာေတာ့ Syazwani ဟာ

သူမရဲ႕TikTok ခ်န္နယ္မွာ အျခားဗီဒီယိုမ်ားစြာကိုတင္ေပးခဲ့ၿပီး Shahrul ရဲ႕ ျပန္လည္ထူေထာင္ေရးခရီးစဥ္အေၾကာင္း လူေတြကိုေျပာျပရင္း သူမရဲ႕ေန႔စဥ္ပုံမွန္ဂ႐ုစိုက္မႈအခ်ိဳ႕ကို မွ်ေဝခဲ့ပါတယ္။

ခင္ပြန္းျဖစ္သူဟာ ၿပီးခဲ့တဲ့ၾသဂုတ္လ 3 ရက္ေန႔တြင္ ႐ုံးအိမ္သာ၌မေတာ္တဆျပဳတ္က်မႈေၾကာင့္ ေလျဖတ္သြားခဲ့ၿပီး ၎ရဲ႕ခႏၶာကိုယ္ညာဘက္ျခမ္းကိုေကာင္းမြန္စြာလုပ္ေဆာင္ႏိုင္ျခင္းမရွိေတာ့ပါဘူး။ထိုအခ်ိန္မွစၿပီးSyazwani

ဟာ ခင္ပြန္းကမေတာ္တဆမႈမွ ျပန္လည္နာလန္ထူရန္ႀကိဳးစားေနစဥ္ သူမဟာမိသားစုအတြက္ ခင္ပြန္းျဖစ္သူရဲ႕တာဝန္ဝတၱရားမ်ားအားလုံးကို တစ္ကိုယ္ တည္း ထမ္းေဆာင္ခဲ့ရပါတယ္။

ေလျဖတ္ရတဲ့အေၾကာင္းရင္းအတိအက်ကို netizen တစ္ဦးက ေမးျမန္းရာမွာ Syazwani က သူမရဲ႕ခင္ပြန္းဟာ ကြန္ပ်ဴတာေရွ႕မွာ အခ်ိန္မ်ားစြာအလုပ္လုပ္ၿပီး ဗီဒီယိုဂိမ္းကစားရတာႏွစ္သက္သူျဖစ္ျခင္းေၾကာင့္ျဖစ္ႏိုင္ေၾကာင္းေျဖၾကားခဲ့ပါတယ္။ေလျဖတ္ရတဲ့

အေၾကာင္းရင္းကိုအတိအက်မသိရေသးေပမယ့္ အိပ္ေရးမဝတဲ့အက်ိဳးဆက္အေနနဲ႔ ဦးေႏွာက္အတြင္း ႐ုတ္တရက္ ေသြးယိုစီးမႈေတြျဖစ္သြားခဲ့တာေၾကာင့္ေလျဖတ္သြားေၾကာင္း ဆရာဝန္မ်ားကေျပာၾကားခဲ့ပါတယ္။

သို႔ေပမဲ့ Shahrul ဟာ ယခုအခ်ိန္မွာ ေ႐ြ႕လ်ားရန္ ဘီးတပ္ကုလားထိုင္ကိုမလိုအပ္ေတာ့တဲ့အေျခအေနကိုေရာက္ရွိလာေနပါၿပီ။ ခင္ပြန္းျဖစ္သူအတြက္ Syazwani ရဲ႕မယုံႏိုင္ေလာက္စရာပံ့ပိုးကူညီမႈေၾကာင့္ netizen မ်ားက ခက္ခဲတဲ့အခ်ိန္မွာေတာင္

အိမ္ေထာင္ဖက္ရဲ႕ေဘးတြင္ရွိေနေပးတဲ့အံ့သဩဖြယ္သစၥာရွိဇနီးတစ္ဦးအျဖစ္ ခ်ီးက်ဴးခဲ့ၾကၿပီး Shahrul အျမန္ျပန္ေကာင္းလာဖို႔အတြက္ပါ ဆုေတာင္းေပးခဲ့ၾကပါတယ္။

တစ္ခ်ိန္တည္းတြင္ Syazwani ဟာ သူမရဲ႕ေနာက္ဆုံးထြက္ TikTok ဗီဒီယိုတစ္ခုတြင္ အိမ္ေထာင္သည္အမ်ိဳးသားမ်ားအား ၎တို႔ရဲ႕ဇနီးမ်ားကိုခ်စ္ျမတ္ႏိုးၿပီးတန္ဖိုးထားရန္လည္း ေျပာၾကားေပးခဲ့ပါေသးတယ္။

Crd