Unicode
မိတ်ဆွေတို့အနေနဲ့ အကောင်းစားဟိုတယ်တွေမှာတည်းပြီး သိန်းချီကုန်ကျဖူးကောင်း ကုန်ကျဖူးကြမှာပါ။ ဒါပေမယ့် အခုတစ်ခေါက်မှာတော့ နံရံတွေ၊ ခေါင်းမိုးတွေ၊ မျက်နှာကြက်တွေ၊ အစရှိတာတွေမပါဘဲ တစ်ညတည်း မြန်မာငွေ(၆)သိန်းကျော်ကျတဲ့ Zero Star ဟိုတယ်အကြောင်းကို ဖော်ပြပေးချင်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံက ညီအစ်ကိုနှစ်ယောက်ဟာ Saillion က ဓာတ်ဆီဆိုင်ဘေး လမ်းမပေါ်မှာ ဟိုတယ်တစ်ခုကို ဖွင့်လှစ်ထားခဲ့ပါတယ် ။ သူတို့ရဲ့ Zero Star ဟိုတယ်ခန်းရဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာကြီးပေါ်က ပြဿနာတွေကို ဧည့်သည်တွေ တွေးမိတတ်အောင်ပါတဲ့။
“အိမ်လို့မရဘူး အခန်းက ဆူညံနေတာပဲ” စတဲ့ မကျေနပ်ချက်တွေကို ဧည့်သည်တွေဆီကနေ ပြန်ကြားရနိုင်ပါတယ်။ ဒါပေမယ့်လည်း ဟိုတယ်ပိုင်ရှင်ညီအစ်ကိုအတွက်တော့ ဒါကိုက သူတို့ Zero Star ဟိုတယ်ရဲ့ ထူးခြားချက်ပါပဲတဲ့။
ဆွစ်အနုပညာပြကွက်ဟိုတယ်အခန်းတွင် တစ်ညကို ၃၂၅ ဆွစ်ဖရန့်ခ်(မြန်မာငွေ ၆သိန်းကျော်) ကျသင့်မှာဖြစ်ပြီး ပလက်ဖောင်းပေါ်မှာ နှစ်ယောက်အိပ်ခုတင်တစ်လုံးရယ် ကုတင်ဘေးစားပွဲနှစ်လုံးရယ် နောက်ပြီး မီးအိမ်လေးတွေ ပါဝင်ပါတယ်။
နံရံမရှိသလို၊ လိုက်ကာတွေ၊ တံခါးတွေ ကိုယ်ပိုင် အမိုးအကာတွေလည်း မရှိပါဘူး။
Crd
Zawgyi
မိတ္ေဆြတို႔အေနနဲ႔ အေကာင္းစားဟိုတယ္ေတြမွာတည္းၿပီး သိန္းခ်ီကုန္က်ဖူးေကာင္း ကုန္က်ဖူးၾကမွာပါ။ ဒါေပမယ့္ အခုတစ္ေခါက္မွာေတာ့ နံရံေတြ၊ ေခါင္းမိုးေတြ၊ မ်က္ႏွာၾကက္ေတြ၊ အစရွိတာေတြမပါဘဲ တစ္ညတည္း ျမန္မာေငြ(၆)သိန္းေက်ာ္က်တဲ့ Zero Star ဟိုတယ္အေၾကာင္းကို ေဖာ္ျပေပးခ်င္ပါတယ္။
ဆြစ္ဇာလန္ႏိုင္ငံက ညီအစ္ကိုႏွစ္ေယာက္ဟာ Saillion က ဓာတ္ဆီဆိုင္ေဘး လမ္းမေပၚမွာ ဟိုတယ္တစ္ခုကို ဖြင့္လွစ္ထားခဲ့ပါတယ္ ။ သူတို႔ရဲ႕ Zero Star ဟိုတယ္ခန္းရဲ႕ ရည္႐ြယ္ခ်က္ကေတာ့ ကမာၻႀကီးေပၚက ျပႆနာေတြကို ဧည့္သည္ေတြ ေတြးမိတတ္ေအာင္ပါတဲ့။
“အိမ္လို႔မရဘူး အခန္းက ဆူညံေနတာပဲ” စတဲ့ မေက်နပ္ခ်က္ေတြကို ဧည့္သည္ေတြဆီကေန ျပန္ၾကားရႏိုင္ပါတယ္။ ဒါေပမယ့္လည္း ဟိုတယ္ပိုင္ရွင္ညီအစ္ကိုအတြက္ေတာ့ ဒါကိုက သူတို႔ Zero Star ဟိုတယ္ရဲ႕ ထူးျခားခ်က္ပါပဲတဲ့။
ဆြစ္အႏုပညာျပကြက္ဟိုတယ္အခန္းတြင္ တစ္ညကို ၃၂၅ ဆြစ္ဖရန႔္ခ္(ျမန္မာေငြ ၆သိန္းေက်ာ္) က်သင့္မွာျဖစ္ၿပီး ပလက္ေဖာင္းေပၚမွာ ႏွစ္ေယာက္အိပ္ခုတင္တစ္လုံးရယ္ ကုတင္ေဘးစားပြဲႏွစ္လုံးရယ္ ေနာက္ၿပီး မီးအိမ္ေလးေတြ ပါဝင္ပါတယ္။
နံရံမရွိသလို၊ လိုက္ကာေတြ၊ တံခါးေတြ ကိုယ္ပိုင္ အမိုးအကာေတြလည္း မရွိပါဘူး။
Crd