စပါးႀကီးသည္းေျခ အစစ္ အတုခြဲနည္း ၊အသံုး၀င္ေဆးနည္းစံု ႏွင့္ စပါးႀကီးသည္းေျခအေၾကာင္း သိေကာင္းစရာ

Unicode

စပါးကြီးသည်းခြေက လေဖြတ် လေငန်း ရောဂါများအတွက် အထူး ဆေးစွမ်း ထက်ပါတယ်လေဖြတ်ထားပြီး စကားမပြောနိုင်ပါက စပါးကြီး သည်းခြေဖြင့် လျှာကို ပွတ်ပေးလိုက်ပါက စကား ပြန်ပြောနိုင်ပါတယ် စပါးကြီးသည်းခြေ၏ စွမ်းရည် စပါးကြီး သည်းခြေကို

အသုံးပြုရာတွင် စစ်မှန်သော ပစ္စည်းဖြစ်ရန် အထူးလိုအပ်သည် စပါးကြီးသည်းခြေ စစ် မစစ် စမ်းသပ်နည်းတို့တွင် လွယ်ကူသောနည်းတို့ကို ဖော်ပြလိုက်ပါသည်။

အလွန်ထူးခြားသော အချက်မှာ လဆန်း ၈ ရက်များနဲ့ လပြည့်ကျော် ၈ ရက်များတွင် အစို ပြန်လာခြင်းပင် ဖြစ်သည် စပါးကြီး သည်းခြေသည် ရေတက်ရက်များ၌ စိုနေတတ်ပြီး ရေသေရက်များ၌ ခြောက်သွေ့သွားတတ်ပါသည် သတိပြုရန် စပါးကြီးသည်းခြေမှာ

အသုံးများပြီး အလွန်စွမ်းသည်ဟု ပြောနေကြသောလည်း ရှာဖွေတွေ့ရှိရန်မှာ ခက်ခဲသည်။ လိုက်လံ ရောင်းချနေသော သည်းခြေများမှာ အစစ်မဟုတ် အတုများသာ ဖြစ်သည်။

အထူး သတိပြုရန်မှာ အစစ် တစ်ခု အတု တစ်ထောင် ဟူသော စကားအတိုင်း ညို့ ချက်ကြိုး စသည် ပြည့်စုံစေလျှက် အတုပြုလုပ်ကြသည်လည်း ရှိသည် ချိုသော အရသာ အနည်းငယ် ထည့်သွင်းကြသည်လည်း ရှိသည်။ ထိုအခါတွင် ပုံပန်းသဏ္ဍာန်ကို ကြည့်ရသည်

အရသာဖြင့် စမ်းသပ်ရာ၌လည်း အစစ် အချိုနဲ့ အတု အချိုသည် ကွဲပြား ခြားနားမှု ရှိသည်။ ထိုသို့ သတိပြု မှတ်သားပြီး စပါးကြီးသည်ခြေ စစ် မစစ်ကို ခွဲခြားမှတ်ယူနိုင်သည်။

စပါးကြီး သည်းခြေ စစ်မစစ် စမ်းသပ်နည်းများ …

၁- စပါးကြီးသည်းခြေကို အနည်းငယ် လျှာပေါ် တင်ကြည့်သောအခါ သည်းခြေ တကာတို့သည် စ လယ် ဆုံး ၃ ကြိမ်လုံး ခါးကြသော်လည်း စပါးကြီးသည်းခြေက ဦးစွာ ခါးသော အရသာကို ရသော်လည်း နောက်ပိုင်း ချိုသော အရသာကို ရသည် -၂-

စပါးကြီး သည်းခြေရည်ကို လက်ဖဝါးတွင် သုတ်ထားပါက လက်ဖမိုးတွင် ခါးသော အရသာ ထွင်းဖောက် လာသည်ကိုတွေ့ရသည်။

၃-စပါးကြီးသည်းခြေ စစ် မစစ် သိလိုလျှင် သည်းခြေကို သွေး၍ ရေ၌ ချကြည့်ပါ ဝိုင်းပတ်၍ ပြေးလျှင် အတုဖြစ်ပြီး တည့်တည့်ပြေးလျှင် အစစ်ဖြစ်သည်။

သည်းခြေတိုင်း သွေး၍ ရေ၌ထည့်လျှင် ဝိုင်းပတ်၍ ပြေးကြသည်။ စပါးကြီးသည်းခြေ တမျိုးသာလျှင် တည့်တည့်ပြေးသည် ၄- စပါးကြီးနဲ့ စပါးအုံးလည်း မှားတတ်ပါသည်။

၅- အခြားသော သည်းခြေများသည် အခွံထူထဲပြီး အိတ်သဏ္ဍာန် ရှိသော်လည်း စပါးကြီးသည်းခြေကား အလွန်ပါးလွှာသော အခွံ၏ အတွင်း၌ သည်းခြေရည်သည် ပျံ့နှံ၍ တည်နေသည်- ၆-စပါးကြီး သည်းခြေသည် မည်သည့်အခါမှ သိုးခြင်း ပုပ်ခြင်း မရှိသည်ကို တွေ့ရလေသည်။

ခွဲခြားပုံမှာ – စပါးကြီးသည် နှာခေါင်းပေါက် ကိုးပေါက်ပါရှိပြီး စပါးအုံးတွင် မပါရှိပေ စပါးကြီး အကွက်သည် စိပ်ပြီး တဆက်တည်း ရှိသည်စပါးအုံးအကွက်သည် ကျဲပြီး တဆက်တည်း မရှိတတ်ပေ ယခု လိုက်လံရောင်းချနေသော သည်းခြေများသည် ထန်းလျက်.

မန်ကျည်းသီးရည် အခြား သည်းခြေတို့ကို အိတ်လုပ်ပြီး ထုပ်ကာ ညို့ တပ်၍ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်၍ ရောင်းချကြခြင်းဖြစ်သည်။

ထိုနည်းတို့ဖြင့် စပါးကြီး သည်းခြေ စစ် မစစ်ကို စမ်းသပ်နိုင်သည်။” မိမိကိုယ်တွေ့ စပါးကြီးသည်းခြေ၏ အာနိသင် “

မိမိ၌ တစ်နေ့သောအခါ မသွားလျှင်မဖြစ်သော ခရီးတစ်ခုကို သွားရန် အတွက် အရေးကိစ္စ ကြုံလာ၏ နံနက်တွင် သွားရတော့မည့်ဆဲဆဲ ညနေ၌ မျက်စိသည် ဦးစွာ အောင့်လာ၏ မျက်ရည်ပူများ ထွက်လာ၏ တင်းရောင် နီရဲ၍လာ၏ ထိုအခါ စပါးကြီးသည်းခြေကို

သွေး၍ သုံးလေးကြိမ်ခန့် ခပ်များ များ ခပ်လိုက်၏ခပ်ပြီးစ၌ အနည်းငယ် စပ်ဖျဉ်းဖျဉ်း ဖြစ်သေး၏ အလွန် စပ်ခြင်းကား မဟုတ်ပါ၊

နောက်နေ့နံနက်၌ မျက်စိသည် ပကတိအတိုင်း ကောင်း သွား၏ ထို့ကြောင့် မိမိ၏ ခရီးစဉ်ကိုလည်း အနှောင့်အယှက်မရှိ သွားနိုင်တော့ ၏ဤကား မိမိကိုယ်တိုင် တွေ့ကြုံခံစားရပြီး လက်တွေ့ရရှိသော စပါးကြီးသည်းခြေ၏ အကျိုးကို ဖော်ပြခြင်းဖြစ်ပေသည်။

Crd

Zawgyi

စပါးႀကီးသည္းေျခက ေလျဖတ္ ေလငန္း ေရာဂါမ်ားအတြက္ အထူး ေဆးစြမ္း ထက္ပါတယ္ေလျဖတ္ထားၿပီး စကားမေျပာႏိုင္ပါက စပါးႀကီး သည္းေျချဖင့္ လွ်ာကို ပြတ္ေပးလိုက္ပါက စကား ျပန္ေျပာႏိုင္ပါတယ္ စပါးႀကီးသည္းေျခ၏ စြမ္းရည္ စပါးႀကီး သည္းေျခကို

အသုံးျပဳရာတြင္ စစ္မွန္ေသာ ပစၥည္းျဖစ္ရန္ အထူးလိုအပ္သည္ စပါးႀကီးသည္းေျခ စစ္ မစစ္ စမ္းသပ္နည္းတို႔တြင္ လြယ္ကူေသာနည္းတို႔ကို ေဖာ္ျပလိုက္ပါသည္။

အလြန္ထူးျခားေသာ အခ်က္မွာ လဆန္း ၈ ရက္မ်ားနဲ႔ လျပည့္ေက်ာ္ ၈ ရက္မ်ားတြင္ အစို ျပန္လာျခင္းပင္ ျဖစ္သည္ စပါးႀကီး သည္းေျခသည္ ေရတက္ရက္မ်ား၌ စိုေနတတ္ၿပီး ေရေသရက္မ်ား၌ ေျခာက္ေသြ႕သြားတတ္ပါသည္ သတိျပဳရန္ စပါးႀကီးသည္းေျခမွာ

အသုံးမ်ားၿပီး အလြန္စြမ္းသည္ဟု ေျပာေနၾကေသာလည္း ရွာေဖြေတြ႕ရွိရန္မွာ ခက္ခဲသည္။ လိုက္လံ ေရာင္းခ်ေနေသာ သည္းေျခမ်ားမွာ အစစ္မဟုတ္ အတုမ်ားသာ ျဖစ္သည္။

အထူး သတိျပဳရန္မွာ အစစ္ တစ္ခု အတု တစ္ေထာင္ ဟူေသာ စကားအတိုင္း ညိဳ႕ ခ်က္ႀကိဳး စသည္ ျပည့္စုံေစလွ်က္ အတုျပဳလုပ္ၾကသည္လည္း ရွိသည္ ခ်ိဳေသာ အရသာ အနည္းငယ္ ထည့္သြင္းၾကသည္လည္း ရွိသည္။ ထိုအခါတြင္ ပုံပန္းသ႑ာန္ကို ၾကည့္ရသည္

အရသာျဖင့္ စမ္းသပ္ရာ၌လည္း အစစ္ အခ်ိဳနဲ႔ အတု အခ်ိဳသည္ ကြဲျပား ျခားနားမႈ ရွိသည္။ ထိုသို႔ သတိျပဳ မွတ္သားၿပီး စပါးႀကီးသည္ေျခ စစ္ မစစ္ကို ခြဲျခားမွတ္ယူႏိုင္သည္။

စပါးႀကီး သည္းေျခ စစ္မစစ္ စမ္းသပ္နည္းမ်ား …

၁- စပါးႀကီးသည္းေျခကို အနည္းငယ္ လွ်ာေပၚ တင္ၾကည့္ေသာအခါ သည္းေျခ တကာတို႔သည္ စ လယ္ ဆုံး ၃ ႀကိမ္လုံး ခါးၾကေသာ္လည္း စပါးႀကီးသည္းေျခက ဦးစြာ ခါးေသာ အရသာကို ရေသာ္လည္း ေနာက္ပိုင္း ခ်ိဳေသာ အရသာကို ရသည္ -၂-

စပါးႀကီး သည္းေျခရည္ကို လက္ဖဝါးတြင္ သုတ္ထားပါက လက္ဖမိုးတြင္ ခါးေသာ အရသာ ထြင္းေဖာက္ လာသည္ကိုေတြ႕ရသည္။

၃-စပါးႀကီးသည္းေျခ စစ္ မစစ္ သိလိုလွ်င္ သည္းေျခကို ေသြး၍ ေရ၌ ခ်ၾကည့္ပါ ဝိုင္းပတ္၍ ေျပးလွ်င္ အတုျဖစ္ၿပီး တည့္တည့္ေျပးလွ်င္ အစစ္ျဖစ္သည္။

သည္းေျခတိုင္း ေသြး၍ ေရ၌ထည့္လွ်င္ ဝိုင္းပတ္၍ ေျပးၾကသည္။ စပါးႀကီးသည္းေျခ တမ်ိဳးသာလွ်င္ တည့္တည့္ေျပးသည္ ၄- စပါးႀကီးနဲ႔ စပါးအုံးလည္း မွားတတ္ပါသည္။

၅- အျခားေသာ သည္းေျခမ်ားသည္ အခြံထူထဲၿပီး အိတ္သ႑ာန္ ရွိေသာ္လည္း စပါးႀကီးသည္းေျခကား အလြန္ပါးလႊာေသာ အခြံ၏ အတြင္း၌ သည္းေျခရည္သည္ ပ်ံ႕ႏွံ၍ တည္ေနသည္- ၆-စပါးႀကီး သည္းေျခသည္ မည္သည့္အခါမွ သိုးျခင္း ပုပ္ျခင္း မရွိသည္ကို ေတြ႕ရေလသည္။

ခြဲျခားပုံမွာ – စပါးႀကီးသည္ ႏွာေခါင္းေပါက္ ကိုးေပါက္ပါရွိၿပီး စပါးအုံးတြင္ မပါရွိေပ စပါးႀကီး အကြက္သည္ စိပ္ၿပီး တဆက္တည္း ရွိသည္စပါးအုံးအကြက္သည္ က်ဲၿပီး တဆက္တည္း မရွိတတ္ေပ ယခု လိုက္လံေရာင္းခ်ေနေသာ သည္းေျခမ်ားသည္ ထန္းလ်က္.

မန္က်ည္းသီးရည္ အျခား သည္းေျခတို႔ကို အိတ္လုပ္ၿပီး ထုပ္ကာ ညိဳ႕ တပ္၍ ထင္ေယာင္ထင္မွား ျဖစ္ေအာင္ လုပ္၍ ေရာင္းခ်ၾကျခင္းျဖစ္သည္။

ထိုနည္းတို႔ျဖင့္ စပါးႀကီး သည္းေျခ စစ္ မစစ္ကို စမ္းသပ္ႏိုင္သည္။” မိမိကိုယ္ေတြ႕ စပါးႀကီးသည္းေျခ၏ အာနိသင္ “

မိမိ၌ တစ္ေန႔ေသာအခါ မသြားလွ်င္မျဖစ္ေသာ ခရီးတစ္ခုကို သြားရန္ အတြက္ အေရးကိစၥ ႀကဳံလာ၏ နံနက္တြင္ သြားရေတာ့မည့္ဆဲဆဲ ညေန၌ မ်က္စိသည္ ဦးစြာ ေအာင့္လာ၏ မ်က္ရည္ပူမ်ား ထြက္လာ၏ တင္းေရာင္ နီရဲ၍လာ၏ ထိုအခါ စပါးႀကီးသည္းေျခကို

ေသြး၍ သုံးေလးႀကိမ္ခန႔္ ခပ္မ်ား မ်ား ခပ္လိုက္၏ခပ္ၿပီးစ၌ အနည္းငယ္ စပ္ဖ်ဥ္းဖ်ဥ္း ျဖစ္ေသး၏ အလြန္ စပ္ျခင္းကား မဟုတ္ပါ၊

ေနာက္ေန႔နံနက္၌ မ်က္စိသည္ ပကတိအတိုင္း ေကာင္း သြား၏ ထို႔ေၾကာင့္ မိမိ၏ ခရီးစဥ္ကိုလည္း အေႏွာင့္အယွက္မရွိ သြားႏိုင္ေတာ့ ၏ဤကား မိမိကိုယ္တိုင္ ေတြ႕ႀကဳံခံစားရၿပီး လက္ေတြ႕ရရွိေသာ စပါးႀကီးသည္းေျခ၏ အက်ိဳးကို ေဖာ္ျပျခင္းျဖစ္ေပသည္။

Crd